ဒါဘီကောင်တီအသင်းရဲ့ ယာယီနည်းပြ ဝိန်းရွန်းနီ ယူနိုက်တက်နောက်ခံလူ ဖီးလ်ဂျုံးစ်ကို ခေါ်ယူရန် ပစ်မှတ်ထား

ဒါဘီကောင်တီအသင်းရဲ့ ယာယီနည်းပြ ဝိန်းရွန်းနီဟာ ယူနိုက်တက်အသင်းရဲ့ အပယ်ခံ နောက်ခံလူ ဖီးလ်ဂျုံးစ်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားနဲ့ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ သရဲနီအသင်းကလည်း အသက် ၂၈ နှစ်အရွယ်အပယ်ခံနောက်ခံလူကို ဒီဆောင်းရာသီမှာ အငှားနဲ့ ထွက်ခွာခွင့်ပေးရန် စီစဉ်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ ဘန်လေ နဲ့ ဝက်စ်ဘရွန်းတို့ကလည်း တစ်ပတ် ပေါင် ၁ သိန်း ၂ သောင်း လစာရရှိနေတဲ့ ကစားသမားကို စိတ်ဝင်စားနေပါတယ်။ သို့သော်လည်း ဖီးလ်ဂျုံးစ်ကတော့ ယူနိုက်တက်အသင်းဖော်ဟောင်း ဝိန်းရွန်းနီရှိတဲ့ ဒါဘီကောင်တီကို့ဲ သွားဖို့ စိတ်ပါနေတယ်လို့ ဒေးလီးစတားက ဖော်ပြနေပါတယ်။

ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်အသင်းရဲ့ ဒီရာသီအစောပိုင်းက ပရီးမီးယားလိဂ် (၂၅) ယောက် လူစာရင်းကနေလည်း ချန်လှပ်ခြင်းခံထားရသူ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားကလည်း သူ့ကို အငှားချချင်နေတယ်လို့ သိရပါတယ်။

ဒါဘီေကာင္တီအသင္းရဲ႕ ယာယီနည္းျပ ဝိန္းရြန္းနီ ယူႏိုက္တက္ေနာက္ခံလူ ဖီးလ္ဂ်ံဳးစ္ကို ေခၚယူရန္ ပစ္မွတ္ထား

ဒါဘီေကာင္တီအသင္းရဲ႕ ယာယီနည္းျပ ဝိန္းရြန္းနီဟာ ယူႏိုက္တက္အသင္းရဲ႕ အပယ္ခံ ေနာက္ခံလူ ဖီးလ္ဂ်ံဳးစ္ကို ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အငွားနဲ႔ ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။ သရဲနီအသင္းကလည္း အသက္ ၂၈ ႏွစ္အရြယ္အပယ္ခံေနာက္ခံလူကို ဒီေဆာင္းရာသီမွာ အငွားနဲ႔ ထြက္ခြာခြင့္ေပးရန္ စီစဥ္ေနတာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္အသင္းေတြျဖစ္တဲ့ ဘန္ေလ နဲ႔ ၀က္စ္ဘရြန္းတို႔ကလည္း တစ္ပတ္ ေပါင္ ၁ သိန္း ၂ ေသာင္း လစာရရွိေနတဲ့ ကစားသမားကို စိတ္၀င္စားေနပါတယ္။ သို႔ေသာ္လည္း ဖီးလ္ဂ်ံဳးစ္ကေတာ့ ယူႏိုက္တက္အသင္းေဖာ္ေဟာင္း ဝိန္းရြန္းနီရွိတဲ့ ဒါဘီေကာင္တီကို႔ဲ သြားဖို႔ စိတ္ပါေနတယ္လို႔ ေဒးလီးစတားက ေဖာ္ျပေနပါတယ္။

ဖီးလ္ဂ်ံဳးစ္ဟာ ယူႏိုက္တက္အသင္းရဲ႕ ဒီရာသီအေစာပိုင္းက ပရီးမီးယားလိဂ္ (၂၅) ေယာက္ လူစာရင္းကေနလည္း ခ်န္လွပ္ျခင္းခံထားရသူ ျဖစ္ပါတယ္။ နည္းျပ ဆိုးလ္ရွားကလည္း သူ႔ကို အငွားခ်ခ်င္ေနတယ္လို႔ သိရပါတယ္။