အဲဗာတန်နဲ့ ပွဲကို တွမ်မီနေး နဲ့ ဝမ်ဘစ်ဆာကာ တို့ ပါဝင်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြဆိုးလ်ရှားက ဗုဒ္ဓဟူးနေ့ညက ကစားမယ့် အဲဗာတန်အသင်းနဲ့ ကာရာဘောင်ဖလားပွဲကို အသင်းရဲ့ နောက်ခံလူ နဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဝမ်ဘစ်ဆာကာ နဲ့ တွမ်မီနေး တို့ ပါဝင်ကစားမှာ မဟုတ်ဘူးလို့ အတည်ပြုပြောသွားခဲ့ပါတယ်။ တွမ်မီနေးဟာ ယူနိုက်တက်အသင်းရဲ့ နောက်ဆုံးပွဲမှာ ကွင်းလယ်၌ ခြေစွမ်းပြကစားသွားခဲ့ပြီး နောက် နည်းပြ ဆိုးလ်ရှားက ယခုလို ကွာတားဖိုင်နယ်ပွဲမတိုင်မီ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက လိဒ်ယူနိုက်တက်အသင်းကို (၆-၂) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ပွဲအစ (၃) မိနစ်မှာပဲ (၂) ဂိုးသွင်းခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ အမြန်ဆုံးသွင်းဂိုး (၂) ဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ညာနောက်ခံလူ ဝမ်ဘစ်ဆာကာကလည်း ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၁၉) ပွဲကစားထားပြီး အသင်းရဲ့ ပွဲထွက် (၁၁) ယောက်စာရင်းမှာ ပုံမှန်ကစားနေသူ ဖြစ်ပါတယ်။ ဆိုးလ်ရှားက “သူတို့ (၂) ယောက်စလုံးဟာ အဲဗာတန်နဲ့ ပွဲကို သေချာပေါက် လွဲချော်မှာ ဖြစ်ပါတယ်။ အဲ့ဒါက သိပ်မကြာဖို့ မျှော်လင့်ပါတယ်။ သူတို့မပါဝင်ပေမယ့် အခြားကစားသမားတွေရှိပါတယ်။ အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

အဲဗာတန္နဲ႔ ပြဲကို တြမ္မီေနး နဲ႔ ၀မ္ဘစ္ဆာကာ တို႔ ပါ၀င္မွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပဆိုးလ္ရွားက ဗုဒၶဟူးေန႔ညက ကစားမယ့္ အဲဗာတန္အသင္းနဲ႔ ကာရာေဘာင္ဖလားပြဲကို အသင္းရဲ႕ ေနာက္ခံလူ နဲ႔ ကြင္းလယ္ကစားသမားေတြျဖစ္တဲ့ ၀မ္ဘစ္ဆာကာ နဲ႔ တြမ္မီေနး တို႔ ပါ၀င္ကစားမွာ မဟုတ္ဘူးလို႔ အတည္ျပဳေျပာသြားခဲ့ပါတယ္။ တြမ္မီေနးဟာ ယူႏိုက္တက္အသငး္ရဲ႕ ေနာက္ဆံုးပြဲမွာ ကြင္းလယ္၌ ေျခစြမ္းျပကစားသြားခဲ့ၿပီး ေနာက္ နည္းျပ ဆိုးလ္ရွားက ယခုလို ကြာတားဖိုင္နယ္ပြဲမတိုင္မီ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းက လိဒ္ယူႏိုက္တက္အသငး္ကို (၆-၂) န႔ဲ အႏိုင္ရခဲ့တဲ့ပြဲမွာ အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ ပြဲအစ (၃) မိနစ္မွာပဲ (၂) ဂိုးသြင္းခဲ့တာ ျဖစ္ၿပီး ပရီးမီးယားလိဂ္သမိုင္းမွာ အျမန္ဆံုးသြင္းဂိုး (၂) ဂိုးအျဖစ္ မွတ္တမ္း၀င္သြားခဲ့ပါတယ္။

ညာေနာက္ခံလူ ၀မ္ဘစ္ဆာကာကလည္း ဒီရာသီမွာ ယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစံု (၁၉) ပြဲကစားထားၿပီး အသင္းရဲ႕ ပြဲထြက္ (၁၁) ေယာက္စာရင္းမွာ ပံုမွန္ကစားေနသူ ျဖစ္ပါတယ္။ ဆိုးလ္ရွားက “သူတို႔ (၂) ေယာက္စလံုးဟာ အဲဗာတန္နဲ႔ ပြဲကို ေသခ်ာေပါက္ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။ အဲ့ဒါက သိပ္မၾကာဖို႔ ေမွ်ာ္လင့္ပါတယ္။ သူတို႔မပါ၀င္ေပမယ့္ အျခားကစားသမားေတြရွိပါတယ္။ အားလံုးအဆင္ေျပမယ္လို႔ ထင္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။