ရှောလ်ကေးနောက်ခံလူ အိုဇန်ကဘက်ခ်ကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်အသင်းလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒေးလီးမေးလ်သတင်းဌာနက အဆိုအရ ယူနိုက်တက်အသင်းရဲ့ အသင်းရဲ့ နောက်တန်းအသင်းကို ရွေးချယ်စရာ ရရှိအောင် စိတ်ဝင်စားနေတဲ့ ကစားသမားစာရင်းမှာ တူရကီလက်ရွေးစင်ကစားသမား အိုဇန်ကဘက်ခ်ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။
အသက် ၂၀ အရွယ်ပဲ ရှိသေးတဲ့ ကစားသမားကို လီဗာပူးလ်အသင်း နဲ့ လိုက်ပ်ဇစ်အသင်းတို့ ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
အပြောင်းအရွှေ့ဈေးကွက်ထဲမှာ လိုက်ပ်ဇ်အသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ အူပါမီကာနို နဲ့ ကိုနာတေ တို့ကို အသင်းတော်တော်များများကလည်း စိတ်ဝင်စားနေပါတယ်။ သူတို့ (၂) ယောက်စလုံးမှာ စာချုပ်ဖျက်သိမ်းကြေးတွေ ရှိထားနေပြီး စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ လီဗာပူးလ် နဲ့ ယူနိုက်တက်လည်း အပါအဝင် ဖြစ်ပါတယ်။
ရှော်လ်ကေးနောက်ခံလူ အိုဇန်ကဘက်ခ်ကို ခေါ်ယူရန် ယူနိုက်တက် နဲ့ လီဗာပူးလ် အပြိုင်အဆိုင်ဖြစ်နေ