မန်စီးတီး နဲ့ ပွဲမှာ အမှားတွေကြောင့်ပေးဆပ်ခဲ့ရပေမယ့် ဒီမှာပဲ တိုက်ပွဲဝင်သွားမယ်လို့ ဆိုလိုက်တဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ဗုဒ္ဓဟူးနေ့က ကာရာဘောင်ဖလားပွဲမှာ မန်စီးတီးအသင်းကို အသင်းရဲ့ အမှားတွေကြောင့် ပေးဆပ်ခဲ့ရတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လန်ဒန်မှာပဲ ဧည့်သည်မန်စီးတီးအသင်းရဲ့ ဂါဘရီရယ်လ်ဂျေးဆု ၊ မာရက်ဇ်၊ ဖိုဒန် နဲ့ လာပေါ်တေး တို့ရဲ့ သွင်းဂိုးတွေကြောင့် ရှုံးခဲ့ရတာ ဖြစ်ပါတယ်။

အာတီတာက “ ဒီလိုပြိုင်ပွဲရဲ့ ဒီအဆင့်မျိုးမှာတော့ ခက်ခဲအောင်လုပ်မယ်ဆိုရင် သူတို့က အပြစ်ပေးသွားမှာပါ။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ တန်ပြန်တိုက်စစ်ရှိပေမယ့် သူတို့က လူကျွံအနေအထားနဲ့ ဂိုးသွင်းသွားခဲ့လို့ အဆုံးမှာတော့ ကျွန်တော်တို့ ရှုံးခဲ့ရပါတယ်။ ဒီပွဲ ဘယ်လိုပြီးသွားလဲဆိုတာ လက်ခံဖို့ စဉ်းစားရန် ခက်ခဲပါတယ်။ ဒီလိုအဆင့်ပြိုင်ပွဲမျိုးမှာ ဂိုးပေးလိုက်ရတဲ့အခါ ပွဲက မဖြစ်နိုင်လောက်အောင်ကို ခက်ခဲသွားပါတယ်။

ပွဲတိုင်းမှာတော့ ထူးခြားတာတွေ ဖြစ်နေပါတယ်။ ဒါတွေက အရမ်းကို ခက်ခဲနေပါတယ်။ ဒါကို ကျွန်တော်တို့ အပြောင်းအလဲဖြစ်အောင် လုပ်ရပါမယ်။ ပွဲစဉ်တွေအတွက် မေးခွန်းတွေ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ ရာသီအတွက် ကျွန်တော်တို့ ဆုံးဖြတ်သွားရပါမယ်။ ကျွန်တော်တို့ အခြေခံလိုအပ်တာက ဒီညမှာ ခက်ခဲတဲ့ ပြိုင်ဘက်နဲ့ တွေ့တဲ့အခါ ပေါ်လွင်လာပါပြီ။ အသင်းအတွက် ကျွန်တော်တိုက်ပွဲဝင်သွားပါမယ်။ ဟုတ်ပါတယ်၊ ကျွန်တော့်မှာ ဖိုက်တာတွေ ရှိပါတယ်” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။



