ရူဘင်ဒီယက်စ်က ကွန်ပနီ ရဲ့ နေရာကို အစားထိုးနိုင်မယ်လို့ ယုံကြည်နေတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ရူဘင်ဒီယက်စ်ဟာ အသင်းရဲ့ ဂန္တဝင်ကစားသမား ကွန်ပနီနေရာမှာ အစားထိုးဝင်ရောက်ပြီး အောင်မြင်လာမယ့် ကစားသမားလို့ ယုံကြည်ထားပါတယ်။ အကောင်းဆုံးလူငယ်နောက်ခံလူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒီယက်စ်ဟာ နွေရာသီအပြောင်းအရွှေ့တုန်းက ဘင်ဖီကာအသင်းကနေ မန်စီးတီးကို ရောက်ရှိလာသူ ဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ သူ့ရဲ့အရည်အသွေးကို ပြသထားပြီး မန်စီးတီးအသင်းကို (၈) ပွဲဂိုးမပေးရအောင် စွမ်းဆောင်ပေးထားပါတယ်။ ဂွါဒီယိုလာကလည်း ဒီယက်စ်အနေနဲ့ မန်စီးတီးအသင်းမှာ နှစ်ပေါင်းများစွာ ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“ရူဘင်က ကျွန်တော်တို့ကို အများကြီးကူညီထားပါတယ်။ သူဟာ ဂျွန်စတုန်းနဲ့ အထိုင်ကျနေပါတယ်။ ဒါက မယုံနိုင်စရာပါ။ ကျွန်တော်တို့ရဲ့အပေါ်က အသင်းတွေကို ဖိအားပေးဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့အနေနဲ့ ဂိုးတွေ ပိုသွင်းဖို့ပဲ လိုပါတယ်။ ရူဘင်အနေနဲ့ အမှားတစ်ခုတောင် မလုပ်ထားပါဘူး။ သူက အမြဲတမ်း အာရုံစူးစိုက်မှု အပြည့်ရှိနေပါတယ်။အသင်းက တစ်ကယ်ဦးဆောင်နိုင်တဲ့ နောက်ခံလူတစ်ယောက်ကို ဝယ်ယူခဲ့တာပါ” လို့ ဂွါဒီယိုလာက ဆောက်သမ်တန်အသင်းကို (၁-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

ရူဘင်ဒီယက်စ်က ကွန်ပနီနေရာမှာ အစားထိုးနိုင်မယ်လို့ မျှော်လင့်နေသလားလို့ မေးမြန်းခဲ့ရာ “ မဟုတ်ပါဘူး၊ ဒါက အချိန်ယူရမှာပါ။ ကွန်ပနီက အစားထိုးလို့မရနိုင်သူပါ။ သူက ဒီမှာ (၁၀) နှစ်တောင် အချိန်ပေးခဲ့သူပါ။ သူနဲ့ ကျွန်တော်စတွေ့စဉ်က သူက ၃၀၊ ၃၁ ရှိနေပါပြီ။ ရူဘင်က ၂၃ ပဲရှိပါသေးတယ်။ ဒါပေမယ့် ကစားသမားတစ်ယောက်ကို ဝယ်တဲ့အခါ အရေးကြီးတာက သူတို့ အသင်းမှာ နှစ်ပေါင်းများစွာ အထိုင်ကျဖို့ကို စဉ်းစားရမှာပါ။ အခုလည်း ရူဘင်က ကျွန်တော်တို့ကို အရေးပါတာတွေ လုပ်ပေးထားပါတယ်” လို့ ဂွါဒီယိုလာက ထပ်မံဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

႐ူဘင္ဒီယက္စ္က ကြန္ပနီ ရဲ႕ ေနရာကို အစားထိုးႏိုင္မယ္လို႔ ယံုၾကည္ေနတဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာက ႐ူဘင္ဒီယက္စ္ဟာ အသင္းရဲ႕ ဂႏၲ၀င္ကစားသမား ကြန္ပနီေနရာမွာ အစားထိုး၀င္ေရာက္ၿပီး ေအာင္ျမင္လာမယ့္ ကစားသမားလို႔ ယံုၾကည္ထားပါတယ္။ အေကာင္းဆံုးလူငယ္ေနာက္ခံလူေတြထဲက တစ္ေယာက္ျဖစ္တဲ့ ဒီယက္စ္ဟာ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ဘင္ဖီကာအသင္းကေန မန္စီးတီးကို ေရာက္ရွိလာသူ ျဖစ္ပါတယ္။ သူဟာ ဒီရာသီမွာ သူ႔ရဲ႕အရည္အေသြးကို ျပသထားၿပီး မန္စီးတီးအသင္းကို (၈) ပြဲဂိုးမေပးရေအာင္ စြမ္းေဆာင္ေပးထားပါတယ္။ ဂြါဒီိယိုလာကလည္း ဒီယက္စ္အေနနဲ႔ မန္စီးတီးအသင္းမွာ ႏွစ္ေပါင္းမ်ားစြာ ေျခစြမ္းျပႏိုင္မယ္လို႔ ယံုၾကည္ေနတာ ျဖစ္ပါတယ္။

“႐ူဘင္က ကၽြန္ေတာ္တို႔ကို အမ်ားႀကီးကူညီထားပါတယ္။ သူဟာ ဂၽြန္စတုန္းနဲ႔ အထိုင္က်ေနပါတယ္။ ဒါက မယံုႏိုင္စရာပါ။ ကၽြန္ေတာ္တို႔ရဲ႕အေပၚက အသင္းေတြကို ဖိအားေပးဖို႔ ကၽြန္ေတာ္တို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ ကၽြန္ေတာ္တို႔အေနနဲ႔ ဂိုးေတြ ပိုသြင္းဖို႔ပဲ လိုပါတယ္။ ႐ူဘင္အေနနဲ႔ အမွားတစ္ခုေတာင္ မလုပ္ထားပါဘူး။ သူက အၿမဲတမ္း အာရံုစူးစိုက္မႈ အျပည့္ရွိေနပါတယ္။အသင္းက တစ္ကယ္ဦးေဆာင္ႏိုင္တဲ့ ေနာက္ခံလူတစ္ေယာက္ကို ၀ယ္ယူခဲ့တာပါ” လို႔ ဂြါဒီယိုလာက ေဆာက္သမ္တန္အသင္းကို (၁-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။

႐ူဘင္ဒီယက္စ္က ကြန္ပနီေနရာမွာ အစားထိုးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနသလားလို႔ ေမးျမန္းခဲ့ရာ “ မဟုတ္ပါဘူး၊ ဒါက အခ်ိန္ယူရမွာပါ။ ကြန္ပနီက အစားထိုးလို႔မရႏိုင္သူပါ။ သူက ဒီမွာ (၁၀) ႏွစ္ေတာင္ အခ်ိန္ေပးခဲ့သူပါ။ သူနဲ႔ ကၽြန္ေတာ္စေတြ႕စဥ္က သူက ၃၀၊ ၃၁ ရွိေနပါၿပီ။ ႐ူဘင္က ၂၃ ပဲရွိပါေသးတယ္။ ဒါေပမယ့္ ကစားသမားတစ္ေယာက္ကို ၀ယ္တဲ့အခါ အေရးႀကီးတာက သူတို႔ အသင္းမွာ ႏွစ္ေပါင္းမ်ားစြာ အထိုင္က်ဖို႔ကို စဥ္းစားရမွာပါ။ အခုလည္း ႐ူဘင္က ကၽြန္ေတာ္တို႔ကို အေရးပါတာေတြ လုပ္ေပးထားပါတယ္” လို႔ ဂြါဒီယိုလာက ထပ္မံေျဖၾကားသြားခဲ့တာ ျဖစ္ပါတယ္။