လိဒ်အသင်းရဲ့ ကစားဟန်ကို ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ နည်းပြ ဘီယယ်ဆာ

လိဒ်ယူနိုက်တက်အသင်းရဲ့ နည်းပြ ဘီယယ်ဆာက အသင်းရဲ့ ကစားဟန်ကို ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ လိဒ်ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့ မန်ယူနိုက်တက်နဲ့ ကစားခဲ့ရာမှာ (၆-၂) နဲ့ ရှုံးနိမ့်ခဲ့ရပြီး ပေးဂိုး (၃၀) အထိ ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

သို့သော်လည်း အသင်းရဲ့ အာဂျင်တီးနားလူမျိုးနည်းပြကြီးက “ ပထမပိုင်းမှာ ကျွန်တော်တို့လည်း သူတို့လောက်နီးပါး အခွင့်အရေးရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ကျွန်တော်တို့ရဲ့ တိုက်စစ်က အသင်းလိုက်ကစားဟန်က လာတာဖြစ်ပြီး သူတို့ကတော့ ကျွန်တော်တို့ ဘောလုံးဆုံးရှုံးရာကနေ လာတာပါ။

သူတို့က ခံစစ်ကနေ တိုက်စစ်ကို ပြောင်းလဲတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြောင်းလဲပုံက သူတို့ထက် နှေးပါတယ်။ပထမပိုင်းမှာ ကျွန်တော်တို့ ဂိုးကွာခြားချက် အများကြီးနဲ့ ရှုံးနိမ့်ခဲ့ပြီး ကျွန်တော်က ကွင်းလယ်မှာ ပိုပြီး အသာရချင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကစားဟန်ကို ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” လို့ နည်းပြ ဘီယယ်ဆာက ပြောသွားခဲ့ပါတယ်။



