စပါး နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့က စိတ်ဝင်စားနေတဲ့ ဂရေးကို ရောင်းချရန် ပြင်ဆင်နေတဲ့ လက်စတာအသင်း

လက်စတာအသင်းဟာ တောင်ပံကစားသမား ဂရေးကို ရောင်းချရန် ပြင်ဆင်နေပြီလို့ သိရပါတယ်။ တောင်ပံတိုက်စစ်ကစားသမားဟာ လက်စတာအသင်း ပရီးမီးယားလိဂ်ဖလားကို ၂၀၁၅-၁၆ ဘောလုံးရာသီက ရရှိခဲ့တဲ့ လူစာရင်းထဲက ကျန်ခဲ့တဲ့ (၇) ယောက်ထဲက တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။

သို့သော်လည်း သူဟာ အသင်းရဲ့ ပြီးခဲ့တဲ့လတွေကတည်းက ပွဲစဉ်အများစုကို ပါဝင်ကစားခွင့်မရခဲ့ပဲ ထွက်ခွာရန် နီးစပ်နေပါတယ်။ သတင်းများအရ လက်စတာအသင်းဟာ သူ့ကို ရောင်းချပြီး ဆဲလ်တစ်တောင်ပံကစားသမား ရိုင်ယန်ခရစ္စတီ ဒါမှမဟုတ် ရီဒင်းက မိုက်ကယ်အိုလစ်စီကို ခေါ်ယူရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။ စပါး၊ အဲဗာတန်၊ ဆောက်သမ်တန် နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ကတော့ လက်ရှိမှာ ဂရေးကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

စပါးအသင်းကတော့သူ့ကို အလှည့်ကျသုံးရန် ရည်ရွယ်ထားပြီး အခြားအသင်းတွေကတော့ ပုံမှန်အသုံးပြုရန် ခေါ်ယူချင်နေတာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ကစားသမားဟာ ဒီရာသီမှာ လက်စတာအသင်းအတွက် ကာရာဘောင်ဖလားပွဲ မှာ (၁) ပွဲပဲ ပါဝင်ကစားခွင့်ရထားပါတယ်။

စပါး နဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းတို႔က စိတ္၀င္စားေနတဲ့ ဂေရးကို ေရာင္းခ်ရန္ ျပင္ဆင္ေနတဲ့ လက္စတာအသင္း

လက္စတာအသင္းဟာ ေတာင္ပံကစားသမား ဂေရးကို ေရာင္းခ်ရန္ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။ ေတာင္ပံတိုက္စစ္ကစားသမားဟာ လက္စတာအသင္း ပရီးမီးယားလိဂ္ဖလားကို ၂၀၁၅-၁၆ ေဘာလံုးရာသီက ရရွိခဲ့တဲ့ လူစာရင္းထဲက က်န္ခဲ့တဲ့ (၇) ေယာက္ထဲက တစ္ေယာက္အပါအ၀င္ ျဖစ္ပါတယ္။

သို႔ေသာ္လည္း သူဟာ အသင္းရဲ႕ ၿပီးခဲ့တဲ့လေတြကတည္းက ပြဲစဥ္အမ်ားစုကို ပါ၀င္ကစားခြင့္မရခဲ့ပဲ ထြက္ခြာရန္ နီးစပ္ေနပါတယ္။ သတင္းမ်ားအရ လက္စတာအသင္းဟာ သူ႔ကို ေရာင္းခ်ၿပီး ဆဲလ္တစ္ေတာင္ပံကစားသမား ႐ိုင္ယန္ခရစၥတီ ဒါမွမဟုတ္ ရီဒင္းက မိုက္ကယ္အိုလစ္စီကို ေခၚယူရန္ ရည္ရြယ္ထားတာျဖစ္ပါတယ္။ စပါး၊ အဲဗာတန္၊ ေဆာက္သမ္တန္ နဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းတို႔ကေတာ့ လက္ရွိမွာ ဂေရးကို စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။

စပါးအသင္းကေတာ့သူ႔ကို အလွည့္က်သံုးရန္ ရည္ရြယ္ထားၿပီး အျခားအသင္းေတြကေတာ့ ပံုမွန္အသံုးျပဳရန္ ေခၚယူခ်င္ေနတာျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ရွိတဲ့ ကစားသမားဟာ ဒီရာသီမွာ လက္စတာအသင္းအတြက္ ကာရာေဘာင္ဖလားပြဲ မွာ (၁) ပြဲပဲ ပါ၀င္ကစားခြင့္ရထားပါတယ္။