အသင်းမှာ မပျော်မရွှင်ဖြစ်နေတဲ့ ဆာလာကို ရောင်းချရန် လီဗာပူးလ်ကလည်း စဉ်းစားနေတယ်လို့ ဆိုလိုက်တဲ့ အီဂျစ်လက်ရွေးစင်အသင်းဖော်ဟောင်း

ဆာလာဟာ လီဗာပူးလ်အသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး အသင်းကလည်း ရောင်းချရန် စဉ်းစားနေတယ်လို့ အီဂျစ်လက်ရွေးစင်အသင်းဖော်ဟောင်း အဘောက်ထရီကာ က ပြောသွားခဲ့ပါတယ်။ ဆာလာ မပျော်ရွှင်ရတဲ့ အချက်က ဒီလအစောပိုင်းမှာ မစ်ဂျဲလ်လန်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ သူ့ကို ယာဂင်ကလော့ပ်က အသင်းခေါင်းဆောင် တာဝန်မပေးပဲ အာနိုးလ်ကို ပေးခဲ့တဲ့အတွက်ကြောင့်လို့ အသင်းဖော်ဟောင်းက ပြောခဲ့တာ ဖြစ်ပါတယ်။

စပိန်သတင်းစာ အေအက်စ် နဲ့ အင်တာဗျူးမှာတော့ ဆာလာက လီဗာပူးလ်ကနေ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး သူ့အနာဂတ်က လီဗာပူးလ်အသင်းရဲ့ လက်ထဲမှာပဲ ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။ အီဂျစ်အသင်းရဲ့ အကြီးအကျယ်ဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ အဘောက်ထရီကာ က ဆာလာရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။

“ သူ့ရဲ့ လီဗာပူးလ်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျွန်တော်သူ့ကို ဖုန်းခေါ်ခဲ့ပါတယ်။ သူဟာ မတည်မငြိမ်ဖြစ်နေပမယ့် ကွင်းထဲက သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ လုံး၀ မကျသွားခဲ့ပါဘူး။ လီဗာပူးလ်မှာ သူမပျော်မရွှင်ဖြစ်နေတာတော့ ကျွန်တော်သိပါတယ်။ သူမပျော်ရွှင်ရတာဘာကြောင့်လဲဆိုတာကို ကျွန်တော့်ကို ပြောခဲ့ပေမယ့် အဲ့ဒါတွေက လျို့ဝှက်ချက်တွေဖြစ်လို့ ကျွန်တော်လည်း လူသိရှင်ကြားပြောလို့မရပါဘူး။ အဲ့ဒီထဲက တစ်ချက်ကတော့ သူမစ်ဂျဲလန် နဲ့ ပွဲမှာ အသင်းခေါင်းဆောင် မလုပ်ခွင့်ရလို့ ဒေါသထွက်နေတာပါ။

တစ်ကယ်လို့ ဆာလာသာ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာအသင်းမှာသာ လီဗာပူးလ်လို စွမ်းဆောင်နိုင်ရင် သူဟာ ဘောလွန်းဒီအောဆုကို ရမှာပါ။ ကျွန်တော့်အမြင်အရတော့ လီဗာပူးလ်ကလည်း ဆာလာကို စီးပွားရေး အမြင်အရ ရောင်းချရန် စဉ်းစားနေတယ်လို့ ထင်ပါတယ်။ ဆာလာရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျွန်တော်ဘာမှ မပြောင်းလဲနိုင်ပါဘူး။ သူက ကျွန်တော့်သူငယ်ချင်းလည်း ဖြစ်သလို ညီအကိုတစ်ယောက်ပါဘူး။ ပြီးတော့ သူ့အတွက် ဘာက အကောင်းဆုံးလဲဆိုတာကို သူကောင်းကောင်းသိပါတယ်” လို့ သူက သတင်းထောက်များကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အသင္းမွာ မေပ်ာ္မရႊင္ျဖစ္ေနတဲ့ ဆာလာကို ေရာင္းခ်ရန္ လီဗာပူးလ္ကလည္း စဥ္းစားေနတယ္လို႔ ဆိုလိုက္တဲ့ အီဂ်စ္လက္ေရြးစင္အသင္းေဖာ္ေဟာင္း

ဆာလာဟာ လီဗာပူးလ္အသင္းမွာ မေပ်ာ္မရႊင္ျဖစ္ေနၿပီး အသင္းကလည္း ေရာင္းခ်ရန္ စဥ္းစားေနတယ္လို႔ အီဂ်စ္လက္ေရြးစင္အသင္းေဖာ္ေဟာင္း အေဘာက္ထရီကာ က ေျပာသြားခဲ့ပါတယ္။ ဆာလာ မေပ်ာ္ရႊင္ရတဲ့ အခ်က္က ဒီလအေစာပိုင္းမွာ မစ္ဂ်ဲလ္လန္းနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ သူ႔ကို ယာဂင္ကေလာ့ပ္က အသင္းေခါင္းေဆာင္ တာ၀န္မေပးပဲ အာႏိုးလ္ကို ေပးခဲ့တဲ့အတြက္ေၾကာင့္လို႔ အသင္းေဖာ္ေဟာင္းက ေျပာခဲ့တာ ျဖစ္ပါတယ္။

စပိန္သတင္းစာ ေအအက္စ္ နဲ႔ အင္တာဗ်ဴးမွာေတာ့ ဆာလာက လီဗာပူးလ္ကေန ဘာစီလိုနာ နဲ႔ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕မယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္သြားခဲ့ၿပီး သူ႔အနာဂတ္က လီဗာပူးလ္အသင္းရဲ႕ လက္ထဲမွာပဲ ရွိတယ္လို႔ ေျပာသြားခဲ့ပါတယ္။ အီဂ်စ္အသင္းရဲ႕ အႀကီးအက်ယ္ဆံုးကစားသမားေတြထဲက တစ္ေယာက္ျဖစ္တဲ့ အေဘာက္ထရီကာ က ဆာလာရဲ႕ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ေျပာဆိုခဲ့ပါတယ္။

“ သူ႔ရဲ႕ လီဗာပူးလ္က အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္သူ႔ကို ဖုန္းေခၚခဲ့ပါတယ္။ သူဟာ မတည္မၿငိမ္ျဖစ္ေနပမယ့္ ကြင္းထဲက သူ႔ရဲ႕ စြမ္းေဆာင္ရည္ကေတာ့ လံုး၀ မက်သြားခဲ့ပါဘူး။ လီဗာပူးလ္မွာ သူမေပ်ာ္မရႊင္ျဖစ္ေနတာေတာ့ ကၽြန္ေတာ္သိပါတယ္။ သူမေပ်ာ္ရႊင္ရတာဘာေၾကာင့္လဲဆိုတာကို ကၽြန္ေတာ့္ကို ေျပာခဲ့ေပမယ့္ အဲ့ဒါေတြက လ်ိဳ႕၀ွက္ခ်က္ေတြျဖစ္လို႔ ကၽြန္ေတာ္လည္း လူသိရွင္ၾကားေျပာလို႔မရပါဘူး။ အဲ့ဒီထဲက တစ္ခ်က္ကေတာ့ သူမစ္ဂ်ဲလန္ နဲ႔ ပြဲမွာ အသင္းေခါင္းေဆာင္ မလုပ္ခြင့္ရလို႔ ေဒါသထြက္ေနတာပါ။

တစ္ကယ္လို႔ ဆာလာသာ ရီးရဲလ္မက္ဒရစ္ ဒါမွမဟုတ္ ဘာစီလိုနာအသင္းမွာသာ လီဗာပူးလ္လို စြမ္းေဆာင္ႏိုင္ရင္ သူဟာ ေဘာလြန္းဒီေအာဆုကို ရမွာပါ။ ကၽြန္ေတာ့္အျမင္အရေတာ့ လီဗာပူးလ္ကလည္း ဆာလာကို စီးပြားေရး အျမင္အရ ေရာင္းခ်ရန္ စဥ္းစားေနတယ္လို႔ ထင္ပါတယ္။ ဆာလာရဲ႕ ဆံုးျဖတ္ခ်က္အေပၚမွာ ကၽြန္ေတာ္ဘာမွ မေျပာင္းလဲႏိုင္ပါဘူး။ သူက ကၽြန္ေတာ့္သူငယ္ခ်င္းလည္း ျဖစ္သလို ညီအကိုတစ္ေယာက္ပါဘူး။ ၿပီးေတာ့ သူ႔အတြက္ ဘာက အေကာင္းဆံုးလဲဆိုတာကို သူေကာင္းေကာင္းသိပါတယ္” လို႔ သူက သတင္းေထာက္မ်ားကို ေျပာသြားခဲ့တာ ျဖစ္ပါတယ္။