မန်စီးတီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုတော့မယ့် နောက်ခံလူ ဂျွန်စတုန်း

မန်စီးတီးအသင်းရဲ့ ဗဟိုနောက်ခံလူ ဂျွန်စတုန်းဟာ အသင်းနဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်နောက်ခံလူဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ (၁၁) ပွဲမှာ (၁) ပွဲသာ ပါဝင်ကစားခဲ့ရလို့ အသင်းကနေ ထွက်ခွာချင်ခဲ့သူပါ။ သို့သော်လည်း သူဟာ မကြာသေးခင်ကမှ အသင်းအတွက် နောက်ခံလူ ရူဘင်ဒီယက်စ် နဲ့ အတွဲဖက် မိမိကစားသွားခဲ့သူ ဖြစ်ပါတယ်။

The Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ အဆိုပါ စွမ်းဆောင်ရည်တွေကြောင့် မန်စီးတီးအသင်းဟာ ဂျွန်စတုန်းကို စာချုပ်တစ်ရပ် ကမ်းလှမ်းတော့မယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ မန်စီးတီးအသင်းဆီ ၂၀၁၆ ခုနှစ်က ရောက်ရှိလာပြီး အသင်းနဲ့ ပရီးမီးယားလိဂ်ဖလား (၂) ကြိမ် ရရှိထားသူဖြစ်ပါတယ်။

မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုေတာ့မယ့္ ေနာက္ခံလူ ဂၽြန္စတုန္း

မန္စီးတီးအသင္းရဲ႕ ဗဟိုေနာက္ခံလူ ဂၽြန္စတုန္းဟာ အသင္းနဲ႔ စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုေတာ့မွာ ျဖစ္ပါတယ္။ အဂၤလန္ေနာက္ခံလူဟာ ပရီးမီးယားလိဂ္ အဖြင့္ပြဲ (၁၁) ပြဲမွာ (၁) ပြဲသာ ပါ၀င္ကစားခဲ့ရလို႔ အသင္းကေန ထြက္ခြာခ်င္ခဲ့သူပါ။ သို႔ေသာ္လည္း သူဟာ မၾကာေသးခင္ကမွ အသင္းအတြက္ ေနာက္ခံလူ ႐ူဘင္ဒီယက္စ္ နဲ႔ အတြဲဖက္ မိမိကစားသြားခဲ့သူ ျဖစ္ပါတယ္။

The Telegraph သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အဆိုပါ စြမ္းေဆာင္ရည္ေတြေၾကာင့္ မန္စီးတီးအသင္းဟာ ဂၽြန္စတုန္းကို စာခ်ဳပ္တစ္ရပ္ ကမ္းလွမ္းေတာ့မယ္လို႔ သိရပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ကစားသမားဟာ မန္စီးတီးအသင္းဆီ ၂၀၁၆ ခုႏွစ္က ေရာက္ရွိလာၿပီး အသင္းနဲ႔ ပရီးမီးယားလိဂ္ဖလား (၂) ႀကိမ္ ရရွိထားသူျဖစ္ပါတယ္။