အမှတ်ပေးဖလားနဲ့ ပတ်သက်ပြီး ပြောဆိုရန် အရမ်းစောလွန်းပေမယ့် ယူနိုက်တက်အသင်းက ပိုကောင်းလာပြီလို့ ဆိုလိုက်တဲ့ နည်းပြဆိုးလ်ရှား

ဆိုးလ်ရှားက ယူနိုက်တက်အသင်းအနေနဲ့ အမှတ်ပေးဖလားကို စိန်ခေါ်လို့ရနိုင်ပြီဆိုတဲ့အကြောင်းကို ပြောဆိုရန် အရမ်းစောလွန်းနေတယ်လို့ ပြောသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့က လိဒ်ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ (၆-၂) နဲ့ အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့် (၃) နေရာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ကျန်(၁) ပွဲကစားဖို့ ကျန်ရှိနေချိန်မှာ အမှတ်ပေးဇယားထိပ်က လီဗာပူးလ်အသင်းရဲ့နောက်မှာ (၅) မှတ်အကွာနဲ့ ရပ်တည်နေပါတယ်။ ဆိုးလ်ရှားကတော့ သူ့အသင်းရဲ့ တိုးတက်လာပုံနဲ့ ပတ်သက်ပြီး ကျေနပ်နေတာဖြစ်ပါတယ်။

သူက “ ကျွန်တော်တို့ဟာ ရာသီရဲ့ (၃) ပုံ (၁) ပုံကို ရောက်နေပြီဖြစ်ပါတယ်။ အခုထိတော့ လမ်းတစ်ဝက်တောင် မရောက်သေးပါဘူး။ ဒါကြောင့်အခုအနေအထားက မျှော်မှန်းလို့ မရသေးပါဘူး။ ကျွန်တော်သိတာက အသင်းရဲ့ တိုးတက်လာပုံပါ။ ကြံ့ခိုင်မှုပိုင်းလည်း တိုးတက်လာပြီဖြစ်ပါတယ်။ အစောပိုင်းတွေကတည်းက သိလာပေမယ့် ဒီနေ့မှာတော့ ပိုပြီအင်အားကြီးလာပါပြီ” လို့ သတင်းထောက်များကို ပြောသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းစွမ်းဆောင်ရည်အကြောင်းကိုလည်း ထပ်မံမေးမြန်းခဲ့ရာ နော်ဝေးလူမျိုးက “ဒါကလည်း အရေးပါတဲ့အရာဖြစ်ပါတယ်။ အမှတ်တွေ တူနေတဲ့အခါ ဂိုးတွေနဲ့ ဆုံးဖြတ်ရပါတယ်။ ရာသီကုန်တဲ့အချိန်ကြည့်ရတာပေါ့။ အခုတော့ ကျွန်တော်တို့ဟာ ပိုကောင်းသည်ထက် ပိုကောင်းလာနေပါတယ်။ အခြားသော တိုးတက်ဖို့လိုတဲ့အရာတွေ ရှိပေမယ့် ကျွန်တော်တို့ လုပ်နိုင်ပါတယ်” လို့ ထပ်မံပြောသွားခဲ့တာဖြစ်ပါတယ်။

အမွတ္ေပးဖလားနဲ႔ ပတ္သက္ၿပီး ေျပာဆိုရန္ အရမ္းေစာလြန္းေပမယ့္ ယူႏိုက္တက္အသင္းက ပိုေကာင္းလာၿပီလို႔ ဆိုလိုက္တဲ့ နညး္ျပဆိုးလ္ရွား

ဆိုးလ္ရွားက ယူႏိုက္တက္အသင္းအေနနဲ႔ အမွတ္ေပးဖလားကို စိန္ေခၚလို႔ရႏိုင္ၿပီဆိုတဲ့အေၾကာင္းကို ေျပာဆိုရန္ အရမ္းေစာလြန္းေနတယ္လို႔ ေျပာသြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ တနဂၤေႏြေန႔က လိဒ္ယူႏိုက္တက္အသင္းကို အိမ္ကြင္းမွာ (၆-၂) နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ အမွတ္ေပးဇယား အဆင့္ (၃) ေနရာကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လက္က်န္(၁) ပြဲကစားဖို႔ က်န္ရွိေနခ်ိန္မွာ အမွတ္ေပးဇယားထိပ္က လီဗာပူးလ္အသင္းရဲ႕ေနာက္မွာ (၅) မွတ္အကြာနဲ႔ ရပ္တည္ေနပါတယ္။ ဆိုးလ္ရွားကေတာ့ သူ႔အသင္းရဲ႕ တိုးတက္လာပံုနဲ႔ ပတ္သက္ၿပီး ေက်နပ္ေနတာျဖစ္ပါတယ္။

သူက “ ကၽြန္ေတာ္တို႔ဟာ ရာသီရဲ႕ (၃) ပံု (၁) ပံုကို ေရာက္ေနၿပီျဖစ္ပါတယ္။ အခုထိေတာ့ လမ္းတစ္၀က္ေတာင္ မေရာက္ေသးပါဘူး။ ဒါေၾကာင့္အခုအေနအထားက ေမွ်ာ္မွန္းလို႔ မရေသးပါဘူး။ ကၽြန္ေတာ္သိတာက အသင္းရဲ႕ တိုးတက္လာပံုပါ။ ၾကံ့ခိုင္မႈပိုင္းလည္း တိုးတက္လာၿပီျဖစ္ပါတယ္။ အေစာပိုင္းေတြကတည္းက သိလာေပမယ့္ ဒီေန႔မွာေတာ့ ပိုၿပီအင္အားႀကီးလာပါၿပီ” လို႔ သတင္းေထာက္မ်ားကို ေျပာသြားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ ဂိုးသြင္းစြမ္းေဆာင္ရည္အေၾကာင္းကိုလည္း ထပ္မံေမးျမန္းခဲ့ရာ ေနာ္ေ၀းလူမ်ိဳးက “ဒါကလည္း အေရးပါတဲ့အရာျဖစ္ပါတယ္။ အမွတ္ေတြ တူေနတဲ့အခါ ဂိုးေတြနဲ႔ ဆံုးျဖတ္ရပါတယ္။ ရာသီကုန္တဲ့အခ်ိန္ၾကည့္ရတာေပါ့။ အခုေတာ့ ကၽြန္ေတာ္တို႔ဟာ ပိုေကာင္းသည္ထက္ ပိုေကာင္းလာေနပါတယ္။ အျခားေသာ တိုးတက္ဖို႔လိုတဲ့အရာေတြ ရွိေပမယ့္ ကၽြန္ေတာ္တို႔ လုပ္ႏိုင္ပါတယ္” လို႔ ထပ္မံေျပာသြားခဲ့တာျဖစ္ပါတယ္။