လက်စတာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲက ထူးခြားဆန်းပြားတယ်လို့ ဆိုလိုက်တဲ့ စပါးနည်းပြ မော်ရင်ဟို

စပါးနည်းပြ မော်ရင်ဟိုက လက်စတာအသင်းကို တနင်္ဂနွေနေ့က (၂-ဝ) နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ သူ့အသင်းဟာ အကောင်းဆုံးပုံစံမှာ ရှိမနေဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။ အဆိုပါရလဒ်ကြောင့် စပါးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၅) ပွဲမှာ (၁) ပွဲသာ အနိုင်ရထားပြီး အမှတ်ပေးဇယား အဆင့် (၅) အထိ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

“ ဒါက စိတ်ရှုပ်စရာဖြစ်ပေမယ့် ဒီပွဲအကြောင်းကို ဖော်ပြဖို့ ထူးဆန်းနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီပွဲကို ကျွန်တော်တို့ ရှုံးခဲ့ရတာက ပင်နယ်တီ နဲ့ ကိုယ့်ဂိုးကိုယ်သွင်းခဲ့မိလို့ပါ။ ဒီပွဲက ဂိုးသမားက ကာကွယ်မှု တစ်ကြိမ်တောင် မလုပ်ခဲ့ရတဲ့ ပွဲဖြစ်ပေမယ့် ကျွန်တော်တို့လည်း အကောင်းဆုံးမကောင်းနိုင်ခဲ့တဲ့ပွဲ ဖြစ်ပါတယ်။

နှစ်သင်းစလုံးအရမ်းကောင်းခဲ့တယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ လီဗာပူးလ် နဲ့ ပွဲမှာ ကျွန်တော်တို့ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပေမယ့် ကျွန်တေ်ာတို့မလုပ်နိုင်ခဲ့ပါဘူး။ နိုင်ခဲ့ရင်တော့ အရမ်းကို ကောင်းမှာပါ။ ဘာကြောင့်လဲဆိုတော့ ဘယ်အသင်းမှ အဲ့ဒီလိုမလုပ်နိုင်တာ ကြာပြီလေ။ အခုအမှတ်ပေးဇယားကိုကြည့်လိုက်ရင် သူတို့က ထိပ်ဆုံးမှာ ရှိနေပြီ” လို့ ပွဲအပြီးမှာ မော်ရင်ဟိုက ပြောသွားခဲ့ပါတယ်။

လက္စတာအသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲက ထူးျခားဆန္းျပားတယ္လို႔ ဆိုလိုက္တဲ့ စပါးနည္းျပ ေမာ္ရင္ဟို

စပါးနည္းျပ ေမာ္ရင္ဟိုက လက္စတာအသင္းကို တနဂၤေႏြေန႕က (၂-၀) နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ သူ႔အသင္းဟာ အေကာင္းဆံုးပံုစံမွာ ရွိမေနဘူးလို႔ ၀န္ခံသြားခဲ့ပါတယ္။ အဆိုပါရလဒ္ေၾကာင့္ စပါးအသင္းဟာ ေနာက္ဆံုးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၅) ပြဲမွာ (၁) ပြဲသာ အႏိုင္ရထားၿပီး အမွတ္ေပးဇယား အဆင့္ (၅) အထိ ေရာက္ရွိသြားၿပီ ျဖစ္ပါတယ္။

“ ဒါက စိတ္ရႈပ္စရာျဖစ္ေပမယ့္ ဒီပြဲအေၾကာင္းကို ေဖာ္ျပဖို႔ ထူးဆန္းေနတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဒီပြဲကို ကၽြန္ေတာ္တို႔ ရႈံးခဲ့ရတာက ပင္နယ္တီ နဲ႔ ကိုယ့္ဂိုးကိုယ္သြင္းခဲ့မိလို႔ပါ။ ဒီပြဲက ဂိုးသမားက ကာကြယ္မႈ တစ္ႀကိမ္ေတာင္ မလုပ္ခဲ့ရတဲ့ ပြဲျဖစ္ေပမယ့္ ကၽြန္ေတာ္တို႔လည္း အေကာင္းဆံုးမေကာင္းႏိုင္ခဲ့တဲ့ပြဲ ျဖစ္ပါတယ္။

ႏွစ္သင္းစလံုးအရမ္းေကာင္းခဲ့တယ္လို႔ ကၽြန္ေတာ္ေတာ့ မထင္ပါဘူး။ လီဗာပူးလ္ နဲ႔ ပြဲမွာ ကၽြန္ေတာ္တို႔ အႏိုင္ရလဒ္နဲ႔ ထိုက္တန္ခဲ့ေပမယ့္ ကၽြန္ေတ္ာတို႔မလုပ္ႏိုင္ခဲ့ပါဘူး။ ႏိုင္ခဲ့ရင္ေတာ့ အရမး္ကို ေကာင္းမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဘယ္အသင္းမွ အဲ့ဒီလိုမလုပ္ႏိုင္တာ ၾကာၿပီေလ။ အခုအမွတ္ေပးဇယားကိုၾကည့္လိုက္ရင္ သူတို႔က ထိပ္ဆံုးမွာ ရွိေနၿပီ” လို႔ ပြဲအၿပီးမွာ ေမာ္ရင္ဟိုက ေျပာသြားခဲ့ပါတယ္။