တွမ်မီနေးက သတ္တဝါတစ်ကောင်လို ကြံ့ခိုင်မှု ရှိတယ်လို့ ဆိုလိုက်တဲ့ လိဒ်ယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ချီးကျူးလိုက်တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ကွင်းလယ်လူ တွမ်မီနေးဟာ သတ္တဝါတစ်ကောင်လို ကြံ့ခိုင်မှု ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။ စကော့တလန်ကွင်းလယ်လူဟာ တနင်္ဂနွေနေ့က လိဒ်ယူနိုက်တက်အသင်းကို ယူနိုက်တက်အသင်းက (၆-၂) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ မိနစ်အတွင်း (၂) ဂိုးသွင်းခဲ့သူ ဖြစ်ပါတယ်။

“ စကော့တ်ဟာ အဲ့ဒီလိုကောင်လေးတွေထဲက တစ်ယောက်ပါ၊ ဖရက်ဒ်လည်း သူနဲ့ အတူတူပါပဲ။ သူတို့ဟာ ဘယ်တော့မှ ရပ်တန့်နေတယ်လို့ မရှိပါဘူး။ သူတို့ဟာ ပြေးတယ်၊ပြေးပြီးရင်း ဆက်ပြေးနေသူတွေပါ။ ဒီပွဲက ကြံ့ခိုင်မှု နဲ့ ရုပ်ပိုင်းဆိုင်ရာပွဲဖြစ်တယ်ဆိုတာကို ကျွန်တော်တို့တွေ သိခဲ့ပြီး အရမ်းကောင်းတဲ့ စွမ်းဆောင်မှုလည်း ပြသနိုင်ခဲ့ပါတယ်။ စကော့တ်ဟာ သတ္တဝါတစ်ကောင်လို ကြံ့ခိုင်မှုရှိသူတစ်ယောက်ပါ။

သူက အဲ့ဒီလိုမျိုး နေ့တိုင်းလုပ်ပြနေသူပါ။ သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းက ဘယ်တော့မှ လျော့နည်းသွားတာမျိုးမရှိပါဘူး။ အဲ့ဒါတွေကြောင့် သူအခုလို လက်ဆောင်တွေရခဲ့တာပါ” လို့ ဆိုးလ်ရှားက သတင်းထောက်များကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

တြမ္မီေနးက သတၱဝါတစ္ေကာင္လို ၾကံ့ခိုင္မႈ ရွိတယ္လို႔ ဆိုလိုက္တဲ့ လိဒ္ယူႏိုက္တက္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ခ်ီးက်ဴးလိုက္တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ကြင္းလယ္လူ တြမ္မီေနးဟာ သတၱဝါတစ္ေကာင္လို ၾကံ့ခိုင္မႈ ရွိတယ္လို႔ ေျပာသြားခဲ့ပါတယ္။ စေကာ့တလန္ကြင္းလယ္လူဟာ တနဂၤေႏြေန႔က လိဒ္ယူႏိုက္တက္အသင္းကို ယူႏိုက္တက္အသင္းက (၆-၂) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ၂ မိနစ္အတြင္း (၂) ဂိုးသြင္းခဲ့သူ ျဖစ္ပါတယ္။

“ စေကာ့တ္ဟာ အဲ့ဒီလိုေကာင္ေလးေတြထဲက တစ္ေယာက္ပါ၊ ဖရက္ဒ္လည္း သူနဲ႔ အတူတူပါပဲ။ သူတို႔ဟာ ဘယ္ေတာ့မွ ရပ္တန္႔ေနတယ္လို႔ မရွိပါဘူး။ သူတို႔ဟာ ေျပးတယ္၊ေျပးၿပီးရင္း ဆက္ေျပးေနသူေတြပါ။ ဒီပြဲက ၾကံ့ခိုင္မႈ နဲ႔ ႐ုပ္ပိုင္းဆိုင္ရာပြဲျဖစ္တယ္ဆိုတာကို ကၽြန္ေတာ္တို႔ေတြ သိခဲ့ၿပီး အရမ္းေကာင္းတဲ့ စြမ္းေဆာင္မႈလည္း ျပသႏိုင္ခဲ့ပါတယ္။ စေကာ့တ္ဟာ သတၱဝါတစ္ေကာင္လို ၾကံ့ခိုင္မႈရွိသူတစ္ေယာက္ပါ။

သူက အဲ့ဒီလိုမ်ိဳး ေန႔တိုင္းလုပ္ျပေနသူပါ။ သူ႔ရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းက ဘယ္ေတာ့မွ ေလ်ာ့နည္းသြားတာမ်ိဳးမရွိပါဘူး။ အဲ့ဒါေတြေၾကာင့္ သူအခုလို လက္ေဆာင္ေတြရခဲ့တာပါ” လို႔ ဆိုးလ္ရွားက သတင္းေထာက္မ်ားကို ေျပာသြားခဲ့တာ ျဖစ္ပါတယ္။