လီဗာပူးလ်တိုက်စစ်မှူး အိုရီဂီကို ခေါ်ယူရန် မျက်စိကျနေတဲ့ နယူးကာဆယ် နဲ့ ဝုလ်ဗ်အသင်း

နယူးကာဆယ် နဲ့ ဝုလ်ဗ်အသင်းတို့ဟာ လီဗာပူးလ် တိုက်စစ်မှူး အိုရီဂီကို ခေါ်ယူရန် မျက်စိကျနေတယ်လို့ သိရပါတယ်။ ဒေးလီးမေးလ်သတင်းဌာနက အဆိုအရ ဝုလ်ဗ်အသင်းဟာ အိုရီဂီကို လာမယ့် ဇန်ဝါရီအပြောင်းအရွှေ့မတိုင်မီ ဆက်သွယ်နေတာ ဖြစ်ပါတယ်။ နည်းပြ ယာဂင်ကလော့ပ်ကလည်း ပြီးခဲ့တဲ့လတွေကတည်းက အသင်းမှာ ကစားခွင့် ပျောက်ဆုံးနေတဲ့ အိုရီဂီကို အသင်းကနေ ထွက်ခွာခွင့်ပေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် အိုရီဂီကို နယူးကာဆယ်၊ ကလပ်ဘရူဂီ နဲ့ ဒေါ့မွန်အသင်းတို့ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဝုလ်ဗ်အသင်းဟာ အာဆင်နယ်အသင်းနဲ့ ပွဲတုန်းက ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ဦးခေါင်းအခွံ ခွဲစိတ်မှု ခံခဲ့ရတဲ့ တိုက်စစ်မှူး ရာအူးလ်ဟီမီနက်ဇ်ဟာ ရာသီကုန်အထိ အနားယူရမှာ ဖြစ်လို့ တိုက်စစ်မှူး အသစ်တစ်ယောက် လိုအပ်နေတယ်လို့ သိရပါတယ်။

လီဗာပူးလ္တိုက္စစ္မွဴး အိုရီဂီကို ေခၚယူရန္ မ်က္စိက်ေနတဲ့ နယူးကာဆယ္ နဲ႔ ဝုလ္ဗ္အသင္း

နယူးကာဆယ္ နဲ႔ ဝုလ္ဗ္အသင္းတို႔ဟာ လီဗာပူးလ္ တိုက္စစ္မွဴး အိုရီဂီကို ေခၚယူရန္ မ်က္စိက်ေနတယ္လို႔ သိရပါတယ္။ ေဒးလီးေမးလ္သတင္းဌာနက အဆိုအရ ဝုလ္ဗ္အသင္းဟာ အိုရီဂီကို လာမယ့္ ဇန္ဝါရီအေျပာင္းအေရႊ႕မတိုင္မီ ဆက္သြယ္ေနတာ ျဖစ္ပါတယ္။ နည္းျပ ယာဂင္ကေလာ့ပ္ကလည္း ၿပီးခဲ့တဲ့လေတြကတည္းက အသင္းမွာ ကစားခြင့္ ေပ်ာက္ဆံုးေနတဲ့ အိုရီဂီကို အသင္းကေန ထြက္ခြာခြင့္ေပးမယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အိုရီဂီကို နယူးကာဆယ္၊ ကလပ္ဘ႐ူဂီ နဲ႔ ေဒါ့မြန္အသင္းတို႔ကလည္း စိတ္၀င္စားေနတာ ျဖစ္ပါတယ္။ ဝုလ္ဗ္အသင္းဟာ အာဆင္နယ္အသင္းနဲ႔ ပြဲတုန္းက ဒဏ္ရာျပင္းထန္စြာ ရရွိခဲ့ၿပီး ဦးေခါင္းအခြံ ခြဲစိတ္မႈ ခံခဲ့ရတဲ့ တိုက္စစ္မွဴး ရာအူးလ္ဟီမီနက္ဇ္ဟာ ရာသီကုန္အထိ အနားယူရမွာ ျဖစ္လို႔ တိုက္စစ္မွဴး အသစ္တစ္ေယာက္ လိုအပ္ေနတယ္လို႔ သိရပါတယ္။