အသင်းရဲ့ တိုက်စစ်ပိုင်း ဂိုးသွင်းစွမ်းရည်က စိုးရိမ်စရာ ဖြစ်သော်လည်း တိုက်စစ်မှူး အသစ်မလိုအပ်ဘူးလို့ ဆိုလိုက်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းအတွက် တိုက်စစ်မှူးအသစ် ဝယ်ယူရန် မလိုအပ်ဘူးလို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ ဂွါဒီယိုလာက ဒီရာသီပရီးမီးယားလိဂ်မှာ (၁၈) ဂိုးသာ သွင်းထားနိုင်တဲ့ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက (၃၅) ဂိုးအထိ သွင်းယူထားပေမယ့် ယခုအချိန်မှာတော့ ဂိုးရရှိရန် ရုန်းကန်နေရတယ်လို့ လက်ခံထားတာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့ ဝန်ခံရပါမယ်။ ကျွန်တော်တို့ဟာ ဝက်စ်ဘရွန်းနဲ့ (၁-၁) သရေကျခဲ့တဲ့ပွဲတုန်းက (၂၆) ကြိမ် ကန်သွင်းမှု ရခဲ့ပေမယ့် မလုံလောက်ခဲ့ပါဘူး။ ဒီထက် ပိုပြီး ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အကောင်းမြင်ရပါမယ်။ တစ်နေ့မှာတော့ အဲ့ဒါက အဆင်ပြေသွားမှာပါ။ ကျွန်တော်တို့ ဂိုးတွေသွင်းပြီး ပွဲတွေ အနိုင်ရလာတဲ့အခါ ယုံကြည်မှုတွေ ပြန်ရလာမှာပါ။

ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ဟာ ဂိုးအများဆုံးသွင်းခဲ့တဲ့အသင်းဖြစ်ပြီး ချန်ပီယံဖြစ်ခဲ့တဲ့အသင်းထက် ပိုများခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ ပေးဂိုးလည်း များခဲ့ရပါတယ်။ ကျွန်တော်တို့ ဂိုးတွေ ပိုသွင်းဖို့ လိုအပ်နေတယ်ဆိုတာကို အားလုံးလည်း သိပါတယ်” လို့ ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။

အဖြေက တိုက်စစ်မှူးအသစ်တစ်ယောက်လားလို့ ဂွါဒီယိုလာကို မေးမြန်းခဲ့ရာ “ လုံး၀ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ (၃၂) ပွဲ (၃၃) ပွဲကျွန်တော်တို့ကစားခဲ့တုန်းက အဂူရိုက (၄) ပွဲ (၅) ပွဲလောက်ပဲ ကစားနိုင်ခဲ့တာပါ။ ဂါဘရီရယ်လ်က ပိုပြီးကစားပေးခဲ့ပါတယ်။ သူဒီကို စရောက်လာကတည်းက ပွဲကစားချိန်တွေ၊ သွင်းဂိုးတွေက ထိပ်တန်းအဆင့် (၃) (၄) မှာပဲ ရှိပါတယ်” လို့ ထပ်မံပြောသွားခဲ့တာ ဖြစ်ပါတယ်။

အသငး္ရဲ႕ တိုက္စစ္ပိုင္း ဂိုးသြင္းစြမ္းရည္က စိုးရိမ္စရာ ျဖစ္ေသာ္လည္း တိုက္စစ္မွဴး အသစ္မလိုအပ္ဘူးလို႔ ဆိုလိုက္တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာက အသင္းအတြက္ တိုက္စစ္မွဴးအသစ္ ၀ယ္ယူရန္ မလိုအပ္ဘူးလို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။ ဂြါဒီယိုလာက ဒီရာသီပရီးမီးယားလိဂ္မွာ (၁၈) ဂိုးသာ သြင္းထားႏိုင္တဲ့ မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ရာသီတုန္းက (၃၅) ဂိုးအထိ သြင္းယူထားေပမယ့္ ယခုအခ်ိန္မွာေတာ့ ဂိုးရရွိရန္ ႐ုန္းကန္ေနရတယ္လို႔ လက္ခံထားတာ ျဖစ္ပါတယ္။

“ ကၽြန္ေတာ္တို႔ ၀န္ခံရပါမယ္။ ကၽြန္ေတာ္တို႔ဟာ ၀က္စ္ဘရြန္းနဲ႔ (၁-၁) သေရက်ခဲ့တဲ့ပြဲတုန္းက (၂၆) ႀကိမ္ ကန္သြင္းမႈ ရခဲ့ေပမယ့္ မလံုေလာက္ခဲ့ပါဘူး။ ဒီထက္ ပိုၿပီး ဖန္တီးေပးဖို႔ လိုအပ္ပါတယ္။ ကၽြန္ေတာ္တို႔ အေကာင္းျမင္ရပါမယ္။ တစ္ေန႔မွာေတာ့ အဲ့ဒါက အဆင္ေျပသြားမွာပါ။ ကၽြန္ေတာ္တို႔ ဂိုးေတြသြင္းၿပီး ပြဲေတြ အႏိုင္ရလာတဲ့အခါ ယံုၾကည္မႈေတြ ျပန္ရလာမွာပါ။

ၿပီးခဲ့တဲ့ရာသီက ကၽြန္ေတာ္တို႔ဟာ ဂိုးအမ်ားဆံုးသြင္းခဲ့တဲ့အသင္းျဖစ္ၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့အသင္းထက္ ပိုမ်ားခဲ့ပါတယ္။ ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ ေပးဂိုးလည္း မ်ားခဲ့ရပါတယ္။ ကၽြန္ေတာ္တို႔ ဂိုးေတြ ပိုသြင္းဖို႔ လိုအပ္ေနတယ္ဆိုတာကို အားလံုးလည္း သိပါတယ္” လို႔ ဂြါဒီယိုလာက ေျပာသြားခဲ့ပါတယ္။

အေျဖက တိုက္စစ္မွဴးအသစ္တစ္ေယာက္လားလို႔ ဂြါဒီယိုလာကို ေမးျမန္းခဲ့ရာ “ လံုး၀ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ (၃၂) ပြဲ (၃၃) ပြဲကၽြန္ေတာ္တို႔ကစားခဲ့တုန္းက အဂူ႐ိုက (၄) ပြဲ (၅) ပြဲေလာက္ပဲ ကစားႏိုင္ခဲ့တာပါ။ ဂါဘရီရယ္လ္က ပိုၿပီးကစားေပးခဲ့ပါတယ္။ သူဒီကို စေရာက္လာကတည္းက ပြဲကစားခ်ိန္ေတြ၊ သြင္းဂိုးေတြက ထိပ္တန္းအဆင့္ (၃) (၄) မွာပဲ ရွိပါတယ္” လို႔ ထပ္မံေျပာသြားခဲ့တာ ျဖစ္ပါတယ္။