ယူနိုက်တက်နောက်ခံလူ ဝီလီယမ်စ်ကို ခေါ်ယူရန် လေဗာကူဆင် နဲ့ ဆောက်သမ်တန်အသင်း အပြိုင်အဆိုင်ဖြစ်နေ

လေဗာကူဆင် အသင်းဟာ ယူနိုက်တက်လူငယ်ကြယ်ပွင့် ဘရန်ဒန်ဝီလီယမ်စ်ကို အငှားနဲ့ခေါ်ယူရန် အံ့အားသင့်ဖွယ် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘယ်နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီက အိုးထရက်ဖိုဒ့်မှာ ပွဲထွက်ကစားခွင့်ရရှိလာပြီးနောက် သရဲနီအသင်းအတွက် ပြိုင်ပွဲစုံ (၃၆) ပွဲကစားထားသူ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ်ပဲ ရှိသေးတဲ့ ဝီလီယမ်စ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းဆီကို ပေါ်တိုက အဲလက်စ်တဲလက်စ် ရောက်ရှိလာပြီးနောက် ပွဲကစားခွင့် နည်းပါးလာပါတယ်။သူ့ရဲ့ ပွဲကစားချိန်ဟာ နည်းပါးနေသော်လည်း သူ့ကို ခေါ်ယူရန် အသင်းတွေကတော့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ သူ့ကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး နည်းပြ ဖြစ်တဲ့ ဟက်ဆန်ဟော့တ်ကလည်း ဝီလီယမ်စ်ရဲ့ ပရိသတ်တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ ယခုအချိန်မှာ ဂျာမန်ဘွန်ဒက်စ်လီဂါ ထိပ်သီးကလပ်အသင်း တစ်သင်းဖြစ်တဲ့ လေဗာကူဆင်အသင်းကလည်း ဝီလီယမ်စ်ကို ခေါ်ယူရန် စိတ်ဝင်စားလာပြီ ဖြစ်ပါတယ်။

ယူႏိုက္တက္ေနာက္ခံလူ ဝီလီယမ္စ္ကို ေခၚယူရန္ ေလဗာကူဆင္ နဲ႔ ေဆာက္သမ္တန္အသင္း အၿပိဳင္အဆိုင္ျဖစ္ေန

ေလဗာကူဆင္ အသင္းဟာ ယူႏိုက္တက္လူငယ္ၾကယ္ပြင့္ ဘရန္ဒန္ဝီလီယမ္စ္ကို အငွားနဲ႔ေခၚယူရန္ အံ့အားသင့္ဖြယ္ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ ဘယ္ေနာက္ခံလူဟာ ၿပီးခဲ့တဲ့ရာသီက အိုးထရက္ဖိုဒ့္မွာ ပြဲထြက္ကစားခြင့္ရရွိလာၿပီးေနာက္ သရဲနီအသင္းအတြက္ ၿပိဳင္ပြဲစံု (၃၆) ပြဲကစားထားသူ ျဖစ္ပါတယ္။

အသက္ ၂၀ အရြယ္ပဲ ရွိေသးတဲ့ ဝီလီယမ္စ္ဟာ ဒီရာသီမွာ ယူႏိုက္တက္အသင္းဆီကို ေပၚတိုက အဲလက္စ္တဲလက္စ္ ေရာက္ရွိလာၿပီးေနာက္ ပြဲကစားခြင့္ နည္းပါးလာပါတယ္။သူ႔ရဲ႕ ပြဲကစားခ်ိန္ဟာ နည္းပါးေနေသာ္လည္း သူ႔ကို ေခၚယူရန္ အသင္းေတြကေတာ့ စိတ္၀င္စားေနဆဲ ျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းဟာ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ သူ႔ကို ေခၚယူရန္ စိတ္၀င္စားေနၿပီး နည္းျပ ျဖစ္တဲ့ ဟက္ဆန္ေဟာ့တ္ကလည္း ဝီလီယမ္စ္ရဲ႕ ပရိသတ္တစ္ေယာက္ျဖစ္တယ္လို႔ သိရပါတယ္။ ယခုအခ်ိန္မွာ ဂ်ာမန္ဘြန္ဒက္စ္လီဂါ ထိပ္သီးကလပ္အသင္း တစ္သင္းျဖစ္တဲ့ ေလဗာကူဆင္အသင္းကလည္း ဝီလီယမ္စ္ကို ေခၚယူရန္ စိတ္၀င္စားလာၿပီ ျဖစ္ပါတယ္။