ယူနိုက်တက် ကွင်းလယ်လူ လင်ဂတ် ကို ခေါ်ယူရန် ပစ်မှတ်ထားနေတဲ့ ရှက်ဖီးယူနိုက်တက်အသင်း

ရှက်ဖီးယူနိုက်တက်အသင်းဟာ ယူနိုက်တက်ကွင်းလယ်လူ လင်ဂတ်ကို ခေါ်ယူရန် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက် ညနေခင်းသတင်းက အဆိုအရ ဒီတစ်ပတ် အသက် ၂၈ နှစ်ပြည့်မယ့် လင်ဂတ်ဟာ ဒီရာသီမှာ ကာရာဘောင်ဖလားပြိုင်ပွဲမှာ ကစားခဲ့ရတာက လွဲပြီး (၃) လစလုံး မကစားရသေးဘူး ဖြစ်ပါတယ်။

ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ္စဝိုင်ဒါကတော့ ကြာသပတေးနေ့က ယူနိုက်တက်အသင်းကို (၃-၂) နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားနဲ့ အခြေအတင်စကားများခဲ့တာကို နားလည်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဒီရာသီပရီးမီးယားလိဂ်မှာ ရှက်ဖီးယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားအောက်ဆုံးကို ရောက်ရှိနေပြီး အဆိုးအရွားဆုံး ရာသီအစကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ရှက်ဖီးယူနိုက်တက်အသင်းရဲ့ လူစာရင်ဟာ ပိရမစ်ပုံစံကစားကွက်ဖြစ်ပြီး လင်ဂတ်ရဲ့ ကစားဟန်နဲ့ အံ့ဝင်မယ်လို့ ယုံကြည်နေပါတယ်။ လင်ဂတ်ဟာ ယူနိုက်တက်အသင်းရဲ့ ပထမလူစာရင်းမှာ ၂၀၁၅ ခုနှစ်က မကစားခင် လက်စတာ ၊ ဘာမင်ဂမ်၊ ဘရိုက်တန် နဲ့ ဒါဘီအသင်းတို့မှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

ယူႏိုက္တက္ ကြင္းလယ္လူ လင္ဂတ္ ကို ေခၚယူရန္ ပစ္မွတ္ထားေနတဲ့ ရွက္ဖီးယူႏိုက္တက္အသင္း

ရွက္ဖီးယူႏိုက္တက္အသင္းဟာ ယူႏိုက္တက္ကြင္းလယ္လူ လင္ဂတ္ကို ေခၚယူရန္ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ ညေနခင္းသတင္းက အဆိုအရ ဒီတစ္ပတ္ အသက္ ၂၈ ႏွစ္ျပည့္မယ့္ လင္ဂတ္ဟာ ဒီရာသီမွာ ကာရာေဘာင္ဖလားၿပိဳင္ပြဲမွာ ကစားခဲ့ရတာက လြဲၿပီး (၃) လစလံုး မကစားရေသးဘူး ျဖစ္ပါတယ္။

ရွက္ဖီးယူႏိုက္တက္နည္းျပ ခရစၥဝိုင္ဒါကေတာ့ ၾကာသပေတးေန႔က ယူႏိုက္တက္အသင္းကို (၃-၂) နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားနဲ႔ အေျခအတင္စကားမ်ားခဲ့တာကို နားလည္တယ္လို႔ ေျပာသြားခဲ့ပါတယ္။

ဒီရာသီပရီးမီးယားလိဂ္မွာ ရွက္ဖီးယူႏိုက္တက္အသင္းဟာ အမွတ္ေပးဇယားေအာက္ဆံုးကို ေရာက္ရွိေနၿပီး အဆိုးအရြားဆံုး ရာသီအစကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။ ရွက္ဖီးယူႏိုက္တက္အသင္းရဲ႕ လူစာရင္ဟာ ပိရမစ္ပံုစံကစားကြက္ျဖစ္ၿပီး လင္ဂတ္ရဲ႕ ကစားဟန္နဲ႔ အံ့၀င္မယ္လို႔ ယံုၾကည္ေနပါတယ္။ လင္ဂတ္ဟာ ယူႏိုက္တက္အသင္းရဲ႕ ပထမလူစာရင္းမွာ ၂၀၁၅ ခုႏွစ္က မကစားခင္ လက္စတာ ၊ ဘာမင္ဂမ္၊ ဘ႐ိုက္တန္ နဲ႔ ဒါဘီအသင္းတို႔မွာ ကစားခဲ့ဖူးသူ ျဖစ္ပါတယ္။