လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံလူ အာနိုးလ်က အနာဂတ်ဘောလွန်းဒီအောဆုရှင် လို့ ဆိုလိုက်တဲ့ ဘရာဇီးဂန္တဝင်နောက်ခံလူ ကာဖူး

ဘရာဇီးအသင်းနဲ့ ကမ္ဘာ့ဖလားကို ဆွတ်ခူးထားခဲ့တဲ့ ဂန္တဝင်နောက်ခံလူ ကာဖူးက လီဗာပူးလ်နောက်ခံလူ အာနိုးလ်က အနာဂတ်ဘောလွန်းဒီအောဆုရှင်လို့ ပြောသွားခဲ့ပါတယ်။ ကာဖူးက လီဗာပူးလ်ကစားသမားဆီမှာ သူ့လိုမျိုး အရည်အသွေးတွေ အများကြီးရှိတယ်လို့ ဝန်ခံသွားခဲ့တာ ဖြစ်ပါတယ်။

“ ကျွန်တော်တူတာတွေ မြင်နေရပါတယ်။ သူက တိုက်စစ်ဆင်ရာမှာလည်း ကြောက်ရွံ့ခြင်းမရှိ၊ ခံစစ်ကိုလည်း အကောင်းဆုံး ကာကွယ်နိုင်ပြီး ဖြတ်တင်ဘောတွေကလည်း အရမ်းကို ကောင်းပါတယ်။ ဒါ့အပြင် သူဟာ ဖရီးကစ်လည်း ကောင်းကောင်းကန်တတ်ပါတယ်။ သူဟာ နောက်လာမယ့် ကမ္ဘာ့ဖလားမှာ ကြယ်ပွင့်တစ်ပွင့်ဖြစ်လာမှာပါ” လို့ ကာဖူးက အာနိုးလ်နဲ့ ပတ်သက်ပြီး ဒေးလီးမေးလ်ကို ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် ကာဖူးက အာနိုးလ်ဟာ ဘောလွန်းဒီအောဆုကို စိန်ခေါ်နိုင်မယ်သူလို့ ထပ်မံပြောသွားခဲ့တာ ဖြစ်ပါတယ်။

“ သူဟာ ညာနောက်ခံလူနေရာကနေ နောက်ထပ်တစ်ဆင့်ကို တက်နိုင်ပါတယ်။ အခုခေတ်ကစားကွက်တွေမှာ လူတွေက ညာနောက်ခံလူတွေရဲ့ အရေးပါပုံကို အမြင်တစ်မျိုး နဲ့ မြင်ကြပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒါက ဂိုးသွင်းရုံတင်မကပါဘူး။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်တောင် ဖြစ်နေသင့်ပါတယ်။ အရင်ကတော့ ကစားပုံနေရာကြောင့် တစ်ချို့သော ကစားသမားတွေက ဘောလွန်းဒီအောဆုကို မရခဲ့ပါဘူး။ ဒီနေ့ခေတ်မှာတော့ နောက်ခံအစွန်လူတွေဟာ ပွဲချိန်အတွင်းမှာ အဓိက အရေးပါတဲ့ ကစားသမားတွေ ဖြစ်လာပါပြီ” လို့ ကာဖူက ထပ်ပြီးပြောသွားခဲ့ပါတယ်။

လီဗာပူးလ္အသင္းရဲ႕ ညာေနာက္ခံလူ အာႏိုးလ္က အနာဂတ္ေဘာလြန္းဒီေအာဆုရွင္ လို႔ ဆိုလိုက္တဲ့ ဘရာဇီးဂႏၲ၀င္ေနာက္ခံလူ ကာဖူး

ဘရာဇီးအသင္းနဲ႔ ကမာၻ႕ဖလားကို ဆြတ္ခူးထားခဲ့တဲ့ ဂႏၲ၀င္ေနာက္ခံလူ ကာဖူးက လီဗာပူးလ္ေနာက္ခံလူ အာႏိုးလ္က အနာဂတ္ေဘာလြန္းဒီေအာဆုရွင္လို႔ ေျပာသြားခဲ့ပါတယ္။ ကာဖူးက လီဗာပူးလ္ကစားသမားဆီမွာ သူ႔လိုမ်ိဳး အရည္အေသြးေတြ အမ်ားႀကီးရွိတယ္လို႔ ၀န္ခံသြားခဲ့တာ ျဖစ္ပါတယ္။

“ ကၽြန္ေတာ္တူတာေတြ ျမင္ေနရပါတယ္။ သူက တိုက္စစ္ဆင္ရာမွာလည္း ေၾကာက္ရြံ႕ျခင္းမရွိ၊ ခံစစ္ကိုလည္း အေကာင္းဆံုး ကာကြယ္ႏိုင္ၿပီး ျဖတ္တင္ေဘာေတြကလည္း အရမ္းကို ေကာင္းပါတယ္။ ဒါ့အျပင္ သူဟာ ဖရီးကစ္လည္း ေကာင္းေကာင္းကန္တတ္ပါတယ္။ သူဟာ ေနာက္လာမယ့္ ကမာၻ႕ဖလားမွာ ၾကယ္ပြင့္တစ္ပြင့္ျဖစ္လာမွာပါ” လို႔ ကာဖူးက အာႏိုးလ္နဲ႔ ပတ္သက္ၿပီး ေဒးလီးေမးလ္ကို ေျပာသြားခဲ့ပါတယ္။ ဒါ့အျပင္ ကာဖူးက အာႏိုးလ္ဟာ ေဘာလြန္းဒီေအာဆုကို စိန္ေခၚႏိုင္မယ္သူလို႔ ထပ္မံေျပာသြားခဲ့တာ ျဖစ္ပါတယ္။

“ သူဟာ ညာေနာက္ခံလူေနရာကေန ေနာက္ထပ္တစ္ဆင့္ကို တက္ႏိုင္ပါတယ္။ အခုေခတ္ကစားကြက္ေတြမွာ လူေတြက ညာေနာက္ခံလူေတြရဲ႕ အေရးပါပံုကို အျမင္တစ္မ်ိဳး နဲ႔ ျမင္ၾကၿပီလို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဒါက ဂိုးသြင္းရံုတင္မကပါဘူး။ ကမာၻ႕အေကာင္းဆံုး ကစားသမားတစ္ေယာက္ေတာင္ ျဖစ္ေနသင့္ပါတယ္။ အရင္ကေတာ့ ကစားပံုေနရာေၾကာင့္ တစ္ခ်ိဳ႕ေသာ ကစားသမားေတြက ေဘာလြန္းဒီေအာဆုကို မရခဲ့ပါဘူး။ ဒီေန႔ေခတ္မွာေတာ့ ေနာက္ခံအစြန္လူေတြဟာ ပြဲခ်ိန္အတြင္းမွာ အဓိက အေရးပါတဲ့ ကစားသမားေတြ ျဖစ္လာပါၿပီ” လို႔ ကာဖူက ထပ္ၿပီးေျပာသြားခဲ့ပါတယ္။