အာတီတာက အာဆင်နယ်အသင်းအတွက် မှန်ကန်တဲ့ နည်းပြ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ အသင်းခေါင်းဆောင်ဟောင်း ဂါးလက်စ်

အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း တစ်ယောက်ဖြစ်တဲ့ ဝီလီယံဂါးလက်စ်က လက်ရှိ နည်းပြ အာတီတာဟာ အာဆင်နယ်အသင်းအတွက် သင့်တော်တဲ့ နည်းပြ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ တန်းဆင်းဇုန်အထက် (၅) မှတ်အကွာနဲ့ အမှတ်ပေးဇယား အဆင့် (၁၅) နေရာမှာ ရပ်တည်နေတာ ဖြစ်ပြီး စနေနေ့မှာ အဲဗာတန်အသင်းနဲ့ ခက်ခဲတဲ့ ပြိုင်ပွဲတစ်ပွဲကို ကစားရမှာ ဖြစ်ပါတယ်။

ဂါးလက်စ်က “ အာဆင်နယ်အသင်းက ဘာတွေ ဖြစ်နေတာလဲ။ ဒီမေးခွန်းက ဒီရာသီမှာ လူတိုင်းမေးနေတဲ့ မေးခွန်းဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်လည်း အဖြေကို မသိပါဘူး။ ကျွန်တော်ထင်တာကတော့ လက်ရှိမှာ အာတီတာက အသင်းအတွက် မှန်ကန်တဲ့ နည်းပြမဟုတ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော့်အတွက် သူဟာ အသင်းကြီးတစ်သင်းကို ကိုင်တွယ်ဖို့ လုံလောက်တဲ့ အတွေ့အကြုံမရှိဘူးလို့ ထင်ပါတယ်။

အရိုးသားဆုံးပြောရရင် သူစရောက်လာတုန်းက ကျွန်တော်လည်း အံ့အားသင့်ခဲ့ပါတယ်။ အာဆင်နယ်အသင်းလို့ အသင်းကို ကိုင်တွယ်ဖို့ဆိုရင် အတွေ့အကြုံလိုအပ်ပါတယ်။ ကစားသမား ၂၄ ယောက်ကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာကို သိဖို့ လိုအပ်ပါတယ်။ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေအပေါ် ရလာမယ့် ဖိအားတွေကို ခံနိုင်ဖို့ လိုအပ်ပါတယ်။ တစ်ချို့ ကစားသမားတွေက မကစားရတဲ့အခါ မပျော်မရွှင်ဖြစ်နေတဲ့အခါ ကိုင်တွယ်နိုင်ရန် အတွေ့အကြုံတွေ လိုအပ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

အာတီတာက အာဆင္နယ္အသင္းအတြက္ မွန္ကန္တဲ့ နည္းျပ မဟုတ္ဘူးလို႔ ဆိုလိုက္တဲ့ အသင္းေခါင္းေဆာင္ေဟာင္း ဂါးလက္စ္

အာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္း တစ္ေယာက္ျဖစ္တဲ့ ဝီလီယံဂါးလက္စ္က လက္ရွိ နည္းျပ အာတီတာဟာ အာဆင္နယ္အသင္းအတြက္ သင့္ေတာ္တဲ့ နည္းျပ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ လက္ရွိအခ်ိန္မွာ တန္းဆင္းဇုန္အထက္ (၅) မွတ္အကြာနဲ႔ အမွတ္ေပးဇယား အဆင့္ (၁၅) ေနရာမွာ ရပ္တည္ေနတာ ျဖစ္ၿပီး စေနေန႔မွာ အဲဗာတန္အသင္းနဲ႔ ခက္ခဲတဲ့ ၿပိဳင္ပြဲတစ္ပြဲကို ကစားရမွာ ျဖစ္ပါတယ္။

ဂါးလက္စ္က “ အာဆင္နယ္အသင္းက ဘာေတြ ျဖစ္ေနတာလဲ။ ဒီေမးခြန္းက ဒီရာသီမွာ လူတိုင္းေမးေနတဲ့ ေမးခြန္းျဖစ္တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ကၽြန္ေတာ္လည္း အေျဖကို မသိပါဘူး။ ကၽြန္ေတာ္ထင္တာကေတာ့ လက္ရွိမွာ အာတီတာက အသင္းအတြက္ မွန္ကန္တဲ့ နည္းျပမဟုတ္ဘူးလို႔ ထင္ပါတယ္။ ကၽြန္ေတာ့္အတြက္ သူဟာ အသင္းႀကီးတစ္သင္းကို ကိုင္တြယ္ဖို႔ လံုေလာက္တဲ့ အေတြ႕အၾကံဳမရွိဘူးလို႔ ထင္ပါတယ္။

အ႐ိုးသားဆံုးေျပာရရင္ သူစေရာက္လာတုန္းက ကၽြန္ေတာ္လည္း အံ့အားသင့္ခဲ့ပါတယ္။ အာဆင္နယ္အသင္းလို႔ အသင္းကို ကိုင္တြယ္ဖို႔ဆိုရင္ အေတြ႕အၾကံဳလိုအပ္ပါတယ္။ ကစားသမား ၂၄ ေယာက္ကို ဘယ္လို စီမံခန္႔ခြဲရမလဲဆိုတာကို သိဖို႔ လိုအပ္ပါတယ္။ ဆံုးျဖတ္လိုက္တဲ့ ဆံုးျဖတ္ခ်က္ေတြအေပၚ ရလာမယ့္ ဖိအားေတြကို ခံႏိုင္ဖို႔ လိုအပ္ပါတယ္။ တစ္ခ်ိဳ႔ ကစားသမားေတြက မကစားရတဲ့အခါ မေပ်ာ္မရႊင္ျဖစ္ေနတဲ့အခါ ကိုင္တြယ္ႏိုင္ရန္ အေတြ႕အၾကံဳေတြ လိုအပ္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။