လီဗာပူးလ်ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်းကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘာစီလိုနာအပြင် အင်တာမီလန် အသင်းကပါ အလိုရှိ

လီဗာပူးလ်အသင်းကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်းကို အလိုရှိနေတဲ့အသင်းတွေထဲမှာ အင်တာမီလန်အသင်းလည်း ပါဝင်လာပြီဖြစ်ပါတယ်။ နောက်နှစ်ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဝိုင်နယ်လ်ဒမ်းကို ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကတည်းက ခေါ်ယူချင်ခဲ့တာပါ။

“ အသင်းရဲ့ တိုက်စစ်အင်အားကို ငွေနဲနဲသုံးပြီး တိုးတက်အောင် လုပ်ချင်တာက အင်တာမီလန်နည်းပြ ကွန်တီ အကြိုက်ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အသက် ၃၀ အရွယ်ကစားသမား ဝိုင်နယ်လ်ဒမ်းကို ခေါ်ယူဖို့ အတွက်တော့ ဘာစီလိုနာနဲ့ ပြိုင်ဆိုင်ရမှာဖြစ်ပါတယ်။ အင်တာမီလန်အသင်းရဲ့ အကြီးအကဲဖြစ်တဲ့ မာရော့တာကလည်း မနှစ်က ဇန်နဝါရီလတုန်းက အဲရစ်ဆင်ကို ခေါ်ယူခဲ့တုန်းကလိုမျိုး ပေါင် ၁၅ သန်းလောက်နဲ့ ထပ်ခေါ်ယူချင်နေရန် စိတ်ထဲရှိနေပါတယ်။

ဒါပေမယ့် ကွင်းလယ်လူကတော့ ဟော်လန်နည်းပြဟောင်းရှိတဲ့ စပိန်ကိုပဲ ရောက်ဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။ ဘာဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ကြတာပေါ့” လို့ သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Enzo Bucchioni က Tuttomercatoweb ကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ္ကြင္းလယ္လူ ဝိုင္နယ္လ္ဒမ္းကို ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ဘာစီလိုနာအျပင္ အင္တာမီလန္ အသင္းကပါ အလိုရွိ

လီဗာပူးလ္အသင္းကြင္းလယ္လူ ဝိုင္နယ္လ္ဒမ္းကို အလိုရွိေနတဲ့အသင္းေတြထဲမွာ အင္တာမီလန္အသင္းလည္း ပါ၀င္လာၿပီျဖစ္ပါတယ္။ ေနာက္ႏွစ္ဇြန္လမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ ဝိုင္နယ္လ္ဒမ္းကို ဘာစီလိုနာအသင္းက ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကတည္းက ေခၚယူခ်င္ခဲ့တာပါ။

“ အသင္းရဲ႕ တိုက္စစ္အင္အားကို ေငြနဲနဲသံုးၿပီး တိုးတက္ေအာင္ လုပ္ခ်င္တာက အင္တာမီလန္နည္းျပ ကြန္တီ အႀကိဳက္ျဖစ္ပါတယ္။ ဒါေပမယ့္ လီဗာပူးလ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မယ့္ အသက္ ၃၀ အရြယ္ကစားသမား ဝိုင္နယ္လ္ဒမ္းကို ေခၚယူဖို႔ အတြက္ေတာ့ ဘာစီလိုနာနဲ႔ ၿပိဳင္ဆိုင္ရမွာျဖစ္ပါတယ္။ အင္တာမီလန္အသင္းရဲ႕ အႀကီးအကဲျဖစ္တဲ့ မာေရာ့တာကလည္း မႏွစ္က ဇန္နဝါရီလတုနး္က အဲရစ္ဆင္ကို ေခၚယူခဲ့တုနး္ကလိုမ်ိဳး ေပါင္ ၁၅ သနး္ေလာက္နဲ႔ ထပ္ေခၚယူခ်င္ေနရန္ စိတ္ထဲရွိေနပါတယ္။

ဒါေပမယ့္ ကြင္းလယ္လူကေတာ့ ေဟာ္လန္နည္းျပေဟာင္းရွိတဲ့ စပိန္ကိုပဲ ေရာက္ဖို႔ နီးစပ္ေနတာ ျဖစ္ပါတယ္။ ဘာျဖစ္လာမလဲဆိုတာကေတာ့ ေစာင့္ၾကည့္ၾကတာေပါ့” လို႔ သတင္းေထာက္တစ္ေယာက္ျဖစ္တဲ့ Enzo Bucchioni က Tuttomercatoweb ကို ေျပာသြားခဲ့တာ ျဖစ္ပါတယ္။