နည်းပြ အာတီတာအနေနဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အတွက် အပြစ်တင်သင့်တယ်လို့ ပြောခဲ့တဲ့ ဂိုးသမား လီနို

အာဆင်နယ်အသင်းဂိုးသမား လီနိုက အသင်းနည်းပြ အာတီတာအနေနဲ့ ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် ဖိအားတွေနဲ့ ရင် ဆိုင်နေရချိန်မှာ ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်သင့်ကြောင်း ပြောခဲ့ပါတယ်။ အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သလို အဲ့ဒီနှစ်ပွဲစလုံးမှာ ကစားသမားတွေအနေနဲ့ အနီ ကတ်ပြစ်ဒဏ် ခံခဲ့ရတာပဲ ဖြစ်ပါတယ်။


အာဆင်နယ်ဟာ ဆောက်သမ်တန်နဲ့ မကစားခင် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း လေးပွဲဆက် ရှုံးနိမ့်ခဲ့တာ ကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရပေမယ့် ဆောက်သမ်တန်နဲ့ ကစားချိန်မှာလည်း ဧည့်သည်အသင်းရဲ့ ဦးဆောင်ဂိုး ကြောင့် နောက်ကနေလိုက်ကစားခဲ့ပြီးမှ ချေပဂိုးရခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၆၂ မိနစ်မှာ နောက်ခံလူဖြစ်တဲ့ ဂါဘရီရယ်က နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့သွားတဲ့ အာဆင်နယ်ဟာ အိမ်ကွင်းမှာတော့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိတာပဲ ဖြစ်ပါတယ်။


အာဆင်နယ်ဂိုးသမား အာတီတာက “ ကွင်းထဲမှာ ကစားသမားတွေအနေနဲ့ တစ်ချိန်လုံးပြေးလွှားနေတာကို မြင်ရမှာပါ။ ဒါပေမယ့် ကစားသမားတွေရဲ့စွမ်းဆောင်ရည်က မကောင်းဘူးဖြစ်နေသလို ကိုယ်ကိုယ်ကိုလည်း ယုံကြည်မှုပျောက်နေ တယ်လို့ ခံစားရပါတယ်။ ဒါအပြင် ပွဲကစားနေချိန်အတွင်းမှာ ကစားသမားတွေ အနီကတ်ပြစ်ဒဏ်ထိတာကလည်း အသင်း ရဲ့ ကစားပုံကို အားနည်းစေတာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

နည္းျပ အာတီတာအေနနဲ႔ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္အတြက္ အျပစ္တင္သင့္တယ္လို႔ ေျပာခဲ့တဲ့ ဂိုးသမား လီႏို
အာဆင္နယ္အသင္းဂိုးသမား လီႏိုက အသင္းနည္းျပ အာတီတာအေနနဲ႔ ရလဒ္ပိုင္းဆိုးရြားမႈေတြေၾကာင့္ ဖိအားေတြနဲ႔ ရင္ ဆိုင္ေနရခ်ိန္မွာ ကစားသမားေတြရဲ႕စြမ္းေဆာင္ရည္ကို ျပစ္တင္ေဝဖန္သင့္ေၾကာင္း ေျပာခဲ့ပါတယ္။ အာဆင္နယ္ဟာ ေနာက္ဆံုးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ႏွစ္ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးခဲ့သလို အဲ့ဒီႏွစ္ပြဲစလံုးမွာ ကစားသမားေတြအေနနဲ႔ အနီ ကတ္ျပစ္ဒဏ္ ခံခဲ့ရတာပဲ ျဖစ္ပါတယ္။
အာဆင္နယ္ဟာ ေဆာက္သမ္တန္နဲ႔ မကစားခင္ ေနာက္ဆံုးကစားခဲ့တဲ့ ပရီးမီးယားလိဂ္အိမ္ကြင္း ေလးပြဲဆက္ ရႈံးနိမ့္ခဲ့တာ ေၾကာင့္ ဖိအားေတြနဲ႔ ရင္ဆိုင္ေနခဲ့ရေပမယ့္ ေဆာက္သမ္တန္နဲ႔ ကစားခ်ိန္မွာလည္း ဧည့္သည္အသင္းရဲ႕ ဦးေဆာင္ဂိုး ေၾကာင့္ ေနာက္ကေနလိုက္ကစားခဲ့ၿပီးမွ ေခ်ပဂိုးရခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္ ၆၂ မိနစ္မွာ ေနာက္ခံလူျဖစ္တဲ့ ဂါဘရီရယ္က ႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ တစ္ေယာက္ေလ်ာ့သြားတဲ့ အာဆင္နယ္ဟာ အိမ္ကြင္းမွာေတာ့ အႏိုင္ရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ျခင္းမရွိတာပဲ ျဖစ္ပါတယ္။
အာဆင္နယ္ဂိုးသမား အာတီတာက “ ကြင္းထဲမွာ ကစားသမားေတြအေနနဲ႔ တစ္ခ်ိန္လံုးေျပးလႊားေနတာကို ျမင္ရမွာပါ။ ဒါေပမယ့္ ကစားသမားေတြရဲ႕စြမ္းေဆာင္ရည္က မေကာင္းဘူးျဖစ္ေနသလို ကိုယ္ကိုယ္ကိုလည္း ယံုၾကည္မႈေပ်ာက္ေန တယ္လို႔ ခံစားရပါတယ္။ ဒါအျပင္ ပြဲကစားေနခ်ိန္အတြင္းမွာ ကစားသမားေတြ အနီကတ္ျပစ္ဒဏ္ထိတာကလည္း အသင္း ရဲ႕ ကစားပံုကို အားနည္းေစတာပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။