ဇန်နဝါရီအပြောင်းအရွှေ့မှာ လီဗာပူးအနေနဲ့ ကူလီဘာလီ ၊ အူပါမီကာနို တို့ နှစ်ယောက်စလုံးကို ခေါ်ယူမှာ မဟုတ်ဘူးလို့ ကစားသမားဟောင်း ဂျွန်ဘားနက်စ် ပြောဆို


လီဗာပူးဂန္တဝင်ကစားသမား တစ်ဦးဖြစ်တဲ့ ဂျွန်ဘားနက်စ်က အသင်းအနေနဲ့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ သတင်းတွေထွက်နေတဲ့ နာပိုလီနောက်ခံလူ ကူလီဘာလီနဲ့ လစ်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုတို့ နှစ်ယောက်စလုံးကို ခေါ် ယူဖြစ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ လီဗာပူးဟာ အစောပိုင်းတုန်းက အဓိကနောက်ခံလူ ဗန်ဒိုက်ခ်က ဒဏ်ရာကြောင့် ကာလရှည်ကြာစွာ အနားယူဖို့ ရှိနေခဲ့တာဖြစ်ပါတယ်။

ဗန်ဒိုက်ခ်အပြင် နောက်ခံလူတစ်ဦးဖြစ်တဲ့ ဂိုးမက်ဇ်နဲ့ မာတစ် ၊ ကွင်းလယ်ကနေ နောက်ခံလူအဖြစ်ဆင်းကစားပေးနေတဲ့ ဖာဘင်ဟို တို့လည်း ဒဏ်ရာရရှိခဲ့တာကြောင့် နောက်ခံလူခေါ်ဖို့ လိုအပ်ခဲ့တယ်ဆိုပေမယ့် ကစားသမားအားလုံးဒဏ်ရာက သက်သာလာတာကြောင့် အသင်းအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ နောက်ခံကစားသမားခေါ်ယူဖို့ မလိုအပ်တော့ဘူး ဆိုပြီး ဂျွန်ဘားနက်စ်က ပြောခဲ့တာပဲ ဖြစ်ပါတယ်။


ဂျွန်ဘားနက်စ်က နာပိုလီအသင်းအနေနဲ့ ကူလီဘာလီလို အဓိကနောက်ခံလူကို အလွယ်တကူလက်လွှတ်မှာ မဟုတ် ကြောင်းပြောခဲ့သလို ချန်ပီယံလိဂ် ရှုံးထွက် ၁၆သင်းအဆင့်မှာ တွေ့ဆုံနေတဲ့ လစ်ပ်ဇစ်ကလည်း သူရဲ့နောက်ခံလူ အူပါ မီကာနိုကို ရောင်းချမှာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။ ဂျွန်ဘားနက်စ်က အသင်းမှာက နောက်ခံလူကောင်းတွေရှိခဲ့ပြီး ဇန် နဝါရီမှာ နောက်ခံလူခေါ်ယူဖြစ်ခဲ့မယ်ဆိုရင်တောင် ကူလီဘာလီ၊ အူပါမီကာနိုတို့ထက် ပိုကောင်းတဲ့ကစားသမားကိုသာ ခေါ်ယူမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

zawgyi version
