ယူနိုက်တက်ကို ရှုံးပြီးနောက် ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံး တာထွက်မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့တဲ့ ရှက်ဖီး ယူနိုက်တက်


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားအောက်ဆုံးနေရာက ရှက်ဖီးယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံး တာထွက်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တယ်လို့ သိရပါတယ်။ ရှက်ဖီးယူနိုက်တက်ဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ပွဲကစားပြီးချိန်မှာ နိုင်ပွဲမရသေးဘဲ ဖူလ်ဟမ်နဲ့ တစ်ပွဲသာ သရေကျခဲ့ပြီး ကျန် ၁၂ ပွဲစလုံး ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။


ရှက်ဖီးယူနိုက်တက်ဟာ ၁၂ ပွဲရှုံးနိမ့်ခဲ့ရရာမှာ ၉ ပွဲက ပြိုင်ဘက်အသင်းတွေကို တစ်ဂိုးနဲ့ပဲ ကပ်ရှုံးခဲ့ရတာဖြစ်ပြီး ဒီအသင်း တွေထဲမှာ လီဗာပူး၊မန်စီးတီး၊ အာဆင်နယ်၊ လက်စတာနဲ့ ယူနိုက်တက် တို့ကို ရှုံးခဲ့တာပဲ ဖြစ်ပါတယ်။ ရှက်ဖီးယူနိုက်တက် ဟာ လက်ရှိအမှတ်ပေးဇယားအောက်ဆုံးရောက်နေပြီး တန်းဆင်းဇုန်အထက်မှာရှိတဲ့ အဆင့်-၁၇ နေရာက ဘန်လေအ သင်းနဲ့ ရမှတ် ၉ မှတ်အထိ ကွာဟနေတာပဲ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီက ဥရောပပြိုင်ပွဲဝင်ခွင့်ရမယ့် အနေအထားအထိ ခြေစွမ်းပြနိုင်ခဲ့တဲ့ ရှက်ဖီးယူနိုက်တက်ဟာ ဒီရာသီမှာတော့
ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက တစ်ရာသီလုံးမှာမှ ရှုံးပွဲ ၁၂ ပွဲပဲ ရှိခဲ့တဲ့ ရှက်ဖီးယူ နိုက်တက်ဟာ ဒီရာသီပြိုင်ပွဲရဲ့ သုံးပုံးတစ်ပုံ ပြီးဆုံးချိန်မှာပဲ ရှုံးပွဲ ၁၂ ပွဲအထိရှိနေခဲ့တာဖြစ်ပါတယ်။ ရှက်ဖီးယူနိုက်တက် နည်းပြ ခရစ်ဝိုင်ဒါကတော့ အကောင်းဆုံးပြန်လာနိုင်ဖို့အတွက် လုပ်ဆောင်သွားမယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။

zawgyi version

ယူႏိုက္တက္ကို ရႈံးၿပီးေနာက္ ပရီးမီးယားလိဂ္သမိုင္းမွာ အဆိုးရြားဆံုး တာထြက္မွတ္တမ္းကို ပိုင္ဆိုင္သြားခဲ့တဲ့ ရွက္ဖီး ယူႏုိက္တက္
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူႏိုက္တက္အသင္းနဲ႔ပြဲစဥ္မွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အမွတ္ေပးဇယားေအာက္ဆံုးေနရာက ရွက္ဖီးယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အဆိုးရြားဆံုး တာထြက္မွတ္တမ္းကို ပိုင္ဆုိင္ခဲ့တယ္လို႔ သိရပါတယ္။ ရွက္ဖီးယူႏိုက္တက္ဟာ ဒီရာသီပရီးမီးယားလိဂ္ပြဲစဥ္ ၁၃ ပြဲကစားၿပီးခ်ိန္မွာ ႏိုင္ပြဲမရေသးဘဲ ဖူလ္ဟမ္နဲ႔ တစ္ပြဲသာ သေရက်ခဲ့ၿပီး က်န္ ၁၂ ပြဲစလံုး ရႈံးနိမ့္ခဲ့တာပဲ ျဖစ္ပါတယ္။
ရွက္ဖီးယူႏိုက္တက္ဟာ ၁၂ ပြဲရႈံးနိမ့္ခဲ့ရရာမွာ ၉ ပြဲက ၿပိဳင္ဘက္အသင္းေတြကို တစ္ဂိုးနဲ႔ပဲ ကပ္ရႈံးခဲ့ရတာျဖစ္ၿပီး ဒီအသင္း ေတြထဲမွာ လီဗာပူး၊မန္စီးတီး၊ အာဆင္နယ္၊ လက္စတာနဲ႔ ယူႏိုက္တက္ တို႔ကို ရႈံးခဲ့တာပဲ ျဖစ္ပါတယ္။ ရွက္ဖီးယူႏိုက္တက္ ဟာ လက္ရွိအမွတ္ေပးဇယားေအာက္ဆံုးေရာက္ေနၿပီး တန္းဆင္းဇုန္အထက္မွာရွိတဲ့ အဆင့္-၁၇ ေနရာက ဘန္ေလအ သင္းနဲ႔ ရမွတ္ ၉ မွတ္အထိ ကြာဟေနတာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ဥေရာပၿပိဳင္ပြဲဝင္ခြင့္ရမယ့္ အေနအထားအထိ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ရွက္ဖီးယူႏုိက္တက္ဟာ ဒီရာသီမွာေတာ့
ေျခစြမ္းျပႏိုင္ျခင္းမရွိဘဲ ရုန္းကန္ေနရတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက တစ္ရာသီလံုးမွာမွ ရႈံးပြဲ ၁၂ ပြဲပဲ ရွိခဲ့တဲ့ ရွက္ဖီးယူ ႏို္က္တက္ဟာ ဒီရာသီၿပိဳင္ပြဲရဲ႕ သံုးပံုးတစ္ပံု ၿပီးဆံုးခ်ိန္မွာပဲ ရႈံးပြဲ ၁၂ ပြဲအထိရွိေနခဲ့တာျဖစ္ပါတယ္။ ရွက္ဖီးယူႏုိက္တက္ နည္းျပ ခရစ္ဝိုင္ဒါကေတာ့ အေကာင္းဆံုးျပန္လာႏိုင္ဖို႔အတြက္ လုပ္ေဆာင္သြားမယ္ဆိုၿပီး ေျပာသြားခဲ့ပါတယ္။¬