ဖာနန်ဒက်စ်ကို စပိန်ထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ မျက်စိကျနိုင်တယ်လို့ ပြောခဲ့တဲ့ ကစားသမား ဟောင်း အင်ဒီကိုးလ်


ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ အင်ဒီကိုးလ်က အသင်းရဲ့ကွင်းလယ်မှာ အဓိက,ကစားသမားတစ်ဦး ဖြစ်ပြီး ခြေစွမ်းပြနေတဲ့ ဖာနန်ဒက်စ်ကို လာလီဂါထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးရဲလ်နဲ့ ဘာစီလိုနာတို့အနေနဲ့ ခေါ်ယူဖို့ မျက် စိကျလာနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဖာနန်ဒက်စ်က ပြီးခဲ့တဲ့နှစ် ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကို ရောက်ရှိလာ ပေမယ့် ပရီးမီးယားလိဂ်ရဲ့ တစ်လတအကောင်းဆုံးကစားသမားဆုကို တစ်နှစ်အတွင်းမှာ သုံးကြိမ်ရခဲ့တဲ့အထိ ခြေစွမ်းပြ နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။


ဖာနန်ဒက်စ်ရောက်လာပြီးနောက် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ ခြေစွမ်းပြနိုင်မှုနဲ့ အတူ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပေမယ့် ဒီနှစ်ချန်ပီယံလိဂ်အုပ်စုအဆင့်မှာတော့ အုပ်စုတတိယနေရာမှာပဲ ရှိခဲ့တာကြောင့် ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ ရပြီး ရှုံးထွက် ၃၂ သင်းအဆင့်မှာတော့ လာလီဂါကလပ် ဆိုစီဒက်နဲ့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ အင်ဒီကိုးလ်က ဖာနန် ဒက်စ် ရောက်လာတာကြောင့် အသင်းကွင်းလယ်ပိုင်းမှာ သာမက အသင်းရဲ့ကစားပုံကိုလည်း ပြောင်းလဲနိုင်စေခဲ့ကြောင်း ပြောခဲ့ပါတယ်။


အင်ဒီကိုးလ်က “ အသင်းတာဝန်ရှိသူတွေအနေနဲ့ ဖာနန်ဒက်စ်ကို လစာငွေအများကြီးပေးပြီး ခေါ်ယူခဲ့တုန်းက ဘာကြောင့် လုပ်ဆောင်ရလဲဆိုတာကို ကျွန်တော် အနေနဲ့ နားမလည်နိုင်ခဲ့ပါဘူး။ အသင်းကို သူရောက်လာပြီးနောက်မှာ သူရဲ့စွမ်း ဆောင်ရည်အရဆို သူက ဒီထက်တောင်ပိုပြီး ပေးရမယ့်သူမျိုးပါ။ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့အတွက် ရီးရဲလ်နဲ့ ဘာစီလိုနာ တို့ လုပ်ဆောင်လာနိုင်ပါတယ်” ဆိုပြီး ပြောသွားခဲ့ပါတယ်။

zawgyi version

ဖာနန္ဒက္စ္ကို စပိန္ထိပ္သီးအသင္းေတြျဖစ္တဲ့ ရီးရဲလ္နဲ႔ ဘာစီလိုနာတို႔ မ်က္စိက်ႏိုင္တယ္လို႔ ေျပာခဲ့တဲ့ ကစားသမား ေဟာင္း အင္ဒီကိုးလ္
ယူႏိုက္တက္အသင္းတိုက္စစ္မွဴးေဟာင္းတစ္ဦးျဖစ္တဲ့ အင္ဒီကိုးလ္က အသင္းရဲ႕ကြင္းလယ္မွာ အဓိက,ကစားသမားတစ္ဦး ျဖစ္ၿပီး ေျခစြမ္းျပေနတဲ့ ဖာနန္ဒက္စ္ကို လာလီဂါထိပ္သီးအသင္းေတြျဖစ္တဲ့ ရီးရဲလ္နဲ႔ ဘာစီလိုနာတို႔အေနနဲ႔ ေခၚယူဖို႔ မ်က္ စိက်လာႏိုင္ေၾကာင္း ေျပာခဲ့ပါတယ္။ ဖာနန္ဒက္စ္က ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ယူႏုိက္တက္ကို ေရာက္ရွိလာ ေပမယ့္ ပရီးမီးယားလိဂ္ရဲ႕ တစ္လတအေကာင္းဆံုးကစားသမားဆုကို တစ္ႏွစ္အတြင္းမွာ သံုးၾကိမ္ရခဲ့တဲ့အထိ ေျခစြမ္းျပ ႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။
ဖာနန္ဒက္စ္ေရာက္လာၿပီးေနာက္ ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ရာသီကုန္ခါနီးမွာ ေျခစြမ္းျပႏုိင္မႈနဲ႔ အတူ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိခဲ့ေပမယ့္ ဒီႏွစ္ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာေတာ့ အုပ္စုတတိယေနရာမွာပဲ ရွိခဲ့တာေၾကာင့္ ယူရိုပါလိဂ္ကို ဆင္းကစားခဲ့ ရၿပီး ရႈံးထြက္ ၃၂ သင္းအဆင့္မွာေတာ့ လာလီဂါကလပ္ ဆိုစီဒက္နဲ႔ ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။ အင္ဒီကိုးလ္က ဖာနန္ ဒက္စ္ ေရာက္လာတာေၾကာင့္ အသင္းကြင္းလယ္ပိုင္းမွာ သာမက အသင္းရဲ႕ကစားပံုကိုလည္း ေျပာင္းလဲႏိုင္ေစခဲ့ေၾကာင္း ေျပာခဲ့ပါတယ္။
အင္ဒီကိုးလ္က “ အသင္းတာဝန္ရွိသူေတြအေနနဲ႔ ဖာနန္ဒက္စ္ကို လစာေငြအမ်ားၾကီးေပးၿပီး ေခၚယူခဲ့တုန္းက ဘာေၾကာင့္ လုပ္ေဆာင္ရလဲဆိုတာကို ကြ်န္ေတာ္ အေနနဲ႔ နားမလည္ႏိုင္ခဲ့ပါဘူး။ အသင္းကို သူေရာက္လာၿပီးေနာက္မွာ သူရဲ႕စြမ္း ေဆာင္ရည္အရဆို သူက ဒီထက္ေတာင္ပိုၿပီး ေပးရမယ့္သူမ်ိဳးပါ။ ဖာနန္ဒက္စ္ကို ေခၚယူဖို႔အတြက္ ရီးရဲလ္နဲ႔ ဘာစီလိုနာ တို႔ လုပ္ေဆာင္လာႏိုင္ပါတယ္” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။