အမှတ်ပေးဇယား အဆင့်-၁၂ နေရာနဲ့အထက်မှာ ရှိတဲ့အသင်းတွေ ကစားခဲ့တိုင်း ဒီရာသီ ချဲလ်ဆီးအသင်း အနိုင်မရခဲ့လို့ စစ်တမ်းတွေအရ သိရ


အချက်အလက်စစ်တမ်းတွေကို ကောက်ယူတဲ့အဖွဲ့တစ်ခုရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားအဆင့်-၁၂ နေရာနဲ့ အထက်မှာ ရှိတဲ့ အသင်းတွေတိုင်း ကစားတိုင်းအနိုင်မရခဲ့ဘူးလို့ သိရပါ တယ်။ ဒါအပြင် ချဲလ်ဆီးဟာ နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်၊ ဝုလ်ဗာဟမ်တန်တို့ကိုလည်း နှစ်ပွဲဆက်ရှုံးခဲ့တာဟာ ၂၀၂၀ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပထမဆုံးအကြိမ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။


ချဲလ်ဆီးဟာ လက်ရှိပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ပွဲကစားပြီးချိန်မှာတော့ ရမှတ် ၂၂ မှတ်ရယူထားနိုင်ပြီး အဆင့်- ၅နေရာမှာ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ တိုက်စစ်က ၂၆ ဂိုးသွင်းပြီး ခံစစ်က ၁၄ ဂိုးပြန်ပေးခဲ့ရကာ ဂိုးမပေးရတဲ့ပွဲက ၅ ပွဲအထိ ရှိခဲ့ တယ်ဆိုပေမယ့် ချဲလ်ဆီးအသင်းရဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသုံးပြုထားတဲ့စရိတ်ကြောင့် အသင်းရဲ့သက်ဆိုင်သူ တွေကတော့ အခုအနေအထားထက် ပိုပြီး အလိုရှိနေတယ်လို့လည်း သိရပါတယ်။


ချဲလ်ဆီးဟာ ဒီရာသီ ၁၃ ပွဲကစားပြီးချိန်မှာ နိုင်ပွဲ ၆ ပွဲအထိရခဲ့ပြီး ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်၊ ဘန်လေ၊ ရှက်ဖီးယူနိုက် တက်၊ နယူးကာဆယ်နဲ့ လိဒ်ယူနိုက်တက်တို့ကို အနိုင်ရခဲ့တာဖြစ်ပေမယ့် ဒီအသင်းအားလုံးနဲ့ ကစားချိန်မှာ အသင်းတွေ ဟာ အမှတ်ပေးဇယား အဆင့်-၁၂ နဲ့အောက်နေရာမှာ ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ အဆင့် ၁၂ နေရာနဲ့ အထက်မှာရှိတဲ့ အသင်းတွေနဲ့ ကစားခဲ့တဲ့ ၆ ပွဲမှာတော့ ချဲလ်ဆီးအနေနဲ့ သုံးပွဲသရေ ကျခဲ့ပြီး သုံးပွဲရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

အမွတ္ေပးဇယား အဆင့္-၁၂ ေနရာနဲ႔အထက္မွာ ရွိတဲ့အသင္းေတြ ကစားခဲ့တိုင္း ဒီရာသီ ခ်ဲလ္ဆီးအသင္း အႏိုင္မရခဲ့လို႔ စစ္တမ္းေတြအရ သိရ
အခ်က္အလက္စစ္တမ္းေတြကို ေကာက္ယူတဲ့အဖြဲ႕တစ္ခုရဲ႕ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအသင္းဟာ ဒီရာသီပရီးမီးယားလိဂ္ ၿပိဳင္ပြဲရဲ႕ အမွတ္ေပးဇယားအဆင့္-၁၂ ေနရာနဲ႔ အထက္မွာ ရွိတဲ့ အသင္းေတြတိုင္း ကစားတိုင္းအႏိုင္မရခဲ့ဘူးလို႔ သိရပါ တယ္။ ဒါအျပင္ ခ်ဲလ္ဆီးဟာ ေနာက္ဆံုးကစားခဲ့တဲ့ အဲဗာတန္၊ ဝုလ္ဗာဟမ္တန္တို႔ကိုလည္း ႏွစ္ပြဲဆက္ရႈံးခဲ့တာဟာ ၂၀၂၀ ခုႏွစ္အတြင္း ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ပထမဆံုးအႀကိမ္ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။
ခ်ဲလ္ဆီးဟာ လက္ရွိပရီးမီးယားလိဂ္ပြဲစဥ္ ၁၃ ပြဲကစားၿပီးခ်ိန္မွာေတာ့ ရမွတ္ ၂၂ မွတ္ရယူထားႏိုင္ၿပီး အဆင့္- ၅ေနရာမွာ ေရာက္ရွိေနတာပဲ ျဖစ္ပါတယ္။ တိုက္စစ္က ၂၆ ဂိုးသြင္းၿပီး ခံစစ္က ၁၄ ဂိုးျပန္ေပးခဲ့ရကာ ဂိုးမေပးရတဲ့ပြဲက ၅ ပြဲအထိ ရွိခဲ့ တယ္ဆိုေပမယ့္ ခ်ဲလ္ဆီးအသင္းရဲ႕ ေႏြရာသီအေျပာင္းအေရႊ႕မွာ အသံုးျပဳထားတဲ့စရိတ္ေၾကာင့္ အသင္းရဲ႕သက္ဆိုင္သူ ေတြကေတာ့ အခုအေနအထားထက္ ပိုၿပီး အလိုရွိေနတယ္လို႔လည္း သိရပါတယ္။
ခ်ဲလ္ဆီးဟာ ဒီရာသီ ၁၃ ပြဲကစားၿပီးခ်ိန္မွာ ႏိုင္ပြဲ ၆ ပြဲအထိရခဲ့ၿပီး ဘ႐ိုက္တန္၊ ခရစၥတယ္ပဲေလ့စ္၊ ဘန္ေလ၊ ရွက္ဖီးယူႏိုက္ တက္၊ နယူးကာဆယ္နဲ႔ လိဒ္ယူႏိုက္တက္တို႔ကို အႏိုင္ရခဲ့တာျဖစ္ေပမယ့္ ဒီအသင္းအားလံုးနဲ႔ ကစားခ်ိန္မွာ အသင္းေတြ ဟာ အမွတ္ေပးဇယား အဆင့္-၁၂ နဲ႔ေအာက္ေနရာမွာ ရွိေနခဲ့တာပဲ ျဖစ္ပါတယ္။ အဆင့္ ၁၂ ေနရာနဲ႔ အထက္မွာရွိတဲ့ အသင္းေတြနဲ႔ ကစားခဲ့တဲ့ ၆ ပြဲမွာေတာ့ ခ်ဲလ္ဆီးအေနနဲ႔ သံုးပြဲသေရ က်ခဲ့ၿပီး သံုးပြဲရႈံးနိမ့္ခဲ့တာပဲ ျဖစ္ပါတယ္။