ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးက လူကျွံဘောလို့ ပြောခဲ့တဲ့ ကလော့ပ်နဲ့ ပိုကောင်းတဲ့အသင်းက အနိုင်ရတယ်လို့ ပြောခဲ့တဲ့ အာနိုးလ်


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးနဲ့ စပါးတို့ရဲ့ ပွဲစဉ်ကတော့ ဒီရာသီအကြိတ်အနယ်အရှိဆုံးပွဲတစ်ပွဲလို့တောင် ဆို ရမှာပါ။ နှစ်သင်းစလုံးဟာ ရမှတ်တူအနေအထားဖြစ်နေပြီး လက်ရှိချန်ပီယံလီဗာပူးနဲ့ ဒီရာသီချန်ပီယံဆုမှန်းနေတဲ့ စပါးတို့ ရဲ့ တွေ့ဆုံမှုမှာတော့ အိမ်ရှင်ဖြစ်တဲ့ လီဗာပူးက ပွဲပြီးခါနီးမှာ သွင်းယူခဲ့တဲ့ ဖာမီနိုရဲ့ သွင်းဂိုးကြောင့် အနိုင်ရခဲ့ပါတယ်။လီဗာ ပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်တွေမှာ လက်ရှိအချိန်ထိ ပွဲတိုင်းအနိုင်ရခဲ့တဲ့ အသင်းလည်း ဖြစ်ခဲ့ပါတယ်။


နှစ်သင်းစလုံးဟာ အဓိက,ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့ကြတာဖြစ်ပြီး ပွဲချိန် ၂၆ မိနစ်မှာ ဆာလက်က လီဗာပူးအ တွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် ပွဲချိန် ၃၃ မိနစ်မှာတော့ ဆွန်ဟောင်မင်က စပါးအတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ သွင်းယူခဲ့တဲ့ ဖာမီနိုရဲ့သွင်းဂိုးကြောင့် လီဗာပူးတို့အနိုင်ရခဲ့တာဖြစ်ပြီး စပါးအတွက် ဒီရာ သီ ပထမဆုံးပရီးမီးယားလိဂ်အဝေးကွင်း ရှုံးပွဲကို ကြုံတွေ့စေခဲ့တာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ လီဗာပူးနည်းပြ ကလော့ပ်က “ ကျွန်တော်အတွက်တော့ စပါးသွင်းယူခဲ့တဲ့ဂိုးက လူကျွံဘောလို့ပဲ ဆိုရမှာ ပါ။ ဒါပေမယ့် ဂိုးအဖြစ်သတ်မှတ်ခဲ့တာကြောင့်လည်း ဘယ်သူကိုအပြစ်တင်နေမှာ မဟုတ်ပါဘူး။ ဒီပွဲမှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံးမှာရှိနေပါတယ်” လို့ ပြောခဲ့ပြီး နောက်ခံလူဖြစ်တဲ့ အားနိုးလ်က လည်း ပိုကောင်းတဲ့ အ သင်းကပဲ နောက်ဆုံးမှာ အနိုင်ရတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

zawgyi version

ဆြန္ေဟာင္မင္ရဲ႕ သြင္းဂိုးက လူကြ်ံေဘာလို႔ ေျပာခဲ့တဲ့ ကေလာ့ပ္နဲ႔ ပိုေကာင္းတဲ့အသင္းက အႏိုင္ရတယ္လို႔ ေျပာခဲ့တဲ့ အာ ႏိုးလ္
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ လီဗာပူးနဲ႔ စပါးတို႔ရဲ႕ ပြဲစဥ္ကေတာ့ ဒီရာသီအႀကိတ္အနယ္အရွိဆံုးပြဲတစ္ပြဲလို႔ေတာင္ ဆို ရမွာပါ။ ႏွစ္သင္းစလံုးဟာ ရမွတ္တူအေနအထားျဖစ္ေနၿပီး လက္ရွိခ်န္ပီယံလီဗာပူးနဲ႔ ဒီရာသီခ်န္ပီယံဆုမွန္းေနတဲ့ စပါးတို႔ ရဲ႕ ေတြ႕ဆံုမႈမွာေတာ့ အိမ္ရွင္ျဖစ္တဲ့ လီဗာပူးက ပြဲၿပီးခါနီးမွာ သြင္းယူခဲ့တဲ့ ဖာမီႏိုရဲ႕ သြင္းဂိုးေၾကာင့္ အႏိုင္ရခဲ့ပါတယ္။လီဗာ ပူးဟာ ဒီရာသီ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္ေတြမွာ လက္ရွိအခ်ိန္ထိ ပြဲတိုင္းအႏိုင္ရခဲ့တဲ့ အသင္းလည္း ျဖစ္ခဲ့ပါတယ္။
ႏွစ္သင္းစလံုးဟာ အဓိက,ကစားသမားအမ်ားစုနဲ႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ၿပီး ပြဲခ်ိန္ ၂၆ မိနစ္မွာ ဆာလက္က လီဗာပူးအ တြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ေပမယ့္ ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ဆြန္ေဟာင္မင္က စပါးအတြက္ ေခ်ပဂိုးကို ျပန္လည္ သြင္းယူေပးခဲ့ပါတယ္။ ပြဲၿပီးခါနီးမွာ သြင္းယူခဲ့တဲ့ ဖာမီႏိုရဲ႕သြင္းဂိုးေၾကာင့္ လီဗာပူးတို႔အႏိုင္ရခဲ့တာျဖစ္ၿပီး စပါးအတြက္ ဒီရာ သီ ပထမဆံုးပရီးမီးယားလိဂ္အေဝးကြင္း ရႈံးပြဲကို ၾကံဳေတြ႕ေစခဲ့တာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ လီဗာပူးနည္းျပ ကေလာ့ပ္က “ ကြ်န္ေတာ္အတြက္ေတာ့ စပါးသြင္းယူခဲ့တဲ့ဂိုးက လူကၽြံေဘာလို႔ပဲ ဆိုရမွာ ပါ။ ဒါေပမယ့္ ဂိုးအျဖစ္သတ္မွတ္ခဲ့တာေၾကာင့္လည္း ဘယ္သူကိုအျပစ္တင္ေနမွာ မဟုတ္ပါဘူး။ ဒီပြဲမွာ ကြ်န္ေတာ္တို႔ရဲ႕ စြမ္းေဆာင္ရည္က အေကာင္းဆံုးမွာရွိေနပါတယ္” လို႔ ေျပာခဲ့ၿပီး ေနာက္ခံလူျဖစ္တဲ့ အားႏိုးလ္က လည္း ပိုေကာင္းတဲ့ အ သင္းကပဲ ေနာက္ဆံုးမွာ အႏိုင္ရတာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။