ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်နိုင်တယ်လို့ ပြောခဲ့ပေမယ့် ယူရိုပါလိဂ်မှာတော့ ခက်ခဲမယ်လို့ ပြောခဲ့တဲ့ နည်းပြ ဆိုးလ်ရှား


ယူနိုက်တက်အသင်းနည်းပြက အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်နိုင်ကြောင်း ပြောခဲ့ပေမယ့် ယူရိုပါလိဂ် မှာတော့ ချန်ပီယံဖြစ်ဖို့ ခက်ခဲမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တတိယနေရာသာရခဲ့တဲ့ ယူနိုက် တက်ဟာ ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ရပြီး ယူရိုပါလိဂ် ရှုံးထွက် ၃၂ သင်းအဆင့်မှာတော့ လာလီဂါမှာ ခြေစွမ်းပြနေတဲ့ ဆိုစီ ဒက်အသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ်။


ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ယူရိုပါလိဂ်ရှုံးထွက် ၃၂ သင်းအဆင့်မှာ ဆိုစီဒက်နဲ့ ကစားရမှာဖြစ်ပေမယ့် လာ လီဂါမှာ ရီးရဲလ်၊ ဘာစီလိုနာ၊ အက်သလက်တီကိုတို့ကို ကျော်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာကြောင့် သူတို့ရဲ့ ဒီရာသီခြေစွမ်းကို လျော့တွက်လို့ မရကြောင်း ပြောခဲ့ပါတယ်။ ဒါအပြင် ယူနိုက်တက်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ဂျာနူဇက်လို့ ကစားသမားတွေရှိတာကြောင့်လည်း ဆိုစီဒက်က ပြိုင်ဘက်ကောင်းဖြစ်လာနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။


ဆိုးလ်ရှားက “ ဒီဇင်ဘာ ပွဲကျပ်ကာလမှာ ရလဒ်ကောင်းတွေရဖို့ ကြိုးစားရမှာဖြစ်ပြီး ဥရောပပွဲစဉ်တွေမလာခင်မှာ အမှတ် ပေးဇယားထိပ်ပိုင်းမှာ ရောက်နေဖို့ လိုအပ်ပါတယ်။ ဥရောပပွဲစဉ်တွေ ပြန်လာရင် အသင်းအနေနဲ့ ပြိုင်ပွဲနှစ်ရပ်မှာ ခက်ခဲတဲ့ ပွဲစဉ်တွေကို ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ရနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ယူရိုပါလိဂ်ရှုံးထွက် ၃၂ သင်းအဆင့်ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ယှဉ်ပြိုင်ကစားမှာပဲ ဖြစ်ပါတယ်။

zawgyi version

ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ႏိုင္တယ္လို႔ ေျပာခဲ့ေပမယ့္ ယူရိုပါလိဂ္မွာေတာ့ ခက္ခဲမယ္လို႔ ေျပာခဲ့တဲ့ နည္းျပ ဆိုးလ္ရွား
ယူႏိုက္တက္အသင္းနည္းျပက အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ႏုိင္ေၾကာင္း ေျပာခဲ့ေပမယ့္ ယူရိုပါလိဂ္ မွာေတာ့ ခ်န္ပီယံျဖစ္ဖို႔ ခက္ခဲမွာျဖစ္ေၾကာင္းေျပာခဲ့ပါတယ္။ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ တတိယေနရာသာရခဲ့တဲ့ ယူႏုိက္ တက္ဟာ ယူရိုပါလိဂ္ကို ဆင္းကစားခဲ့ရၿပီး ယူရိုပါလိဂ္ ရႈံးထြက္ ၃၂ သင္းအဆင့္မွာေတာ့ လာလီဂါမွာ ေျခစြမ္းျပေနတဲ့ ဆိုစီ ဒက္အသင္းနဲ႔ ကစားရမွာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက ယူရိုပါလိဂ္ရႈံးထြက္ ၃၂ သင္းအဆင့္မွာ ဆိုစီဒက္နဲ႔ ကစားရမွာျဖစ္ေပမယ့္ လာ လီဂါမွာ ရီးရဲလ္၊ ဘာစီလိုနာ၊ အက္သလက္တီကိုတို႔ကို ေက်ာ္ၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနတာေၾကာင့္ သူတို႔ရဲ႕ ဒီရာသီေျခစြမ္းကို ေလ်ာ့တြက္လို႔ မရေၾကာင္း ေျပာခဲ့ပါတယ္။ ဒါအျပင္ ယူႏိုက္တက္အကယ္ဒမီကေန ထြက္ေပၚလာတဲ့ ဂ်ာႏူဇက္လို႔ ကစားသမားေတြရွိတာေၾကာင့္လည္း ဆိုစီဒက္က ၿပိဳင္ဘက္ေကာင္းျဖစ္လာႏိုင္တယ္လို႔လည္း ေျပာခဲ့ပါတယ္။
ဆိုးလ္ရွားက “ ဒီဇင္ဘာ ပြဲက်ပ္ကာလမွာ ရလဒ္ေကာင္းေတြရဖို႔ ၾကိဳးစားရမွာျဖစ္ၿပီး ဥေရာပပြဲစဥ္ေတြမလာခင္မွာ အမွတ္ ေပးဇယားထိပ္ပိုင္းမွာ ေရာက္ေနဖို႔ လိုအပ္ပါတယ္။ ဥေရာပပြဲစဥ္ေတြ ျပန္လာရင္ အသင္းအေနနဲ႔ ၿပိဳင္ပြဲႏွစ္ရပ္မွာ ခက္ခဲတဲ့ ပြဲစဥ္ေတြကို ယွဥ္ၿပိဳင္ရမွာျဖစ္တာေၾကာင့္ ေျခစြမ္းျပႏိုင္ဖို႔ ရုန္းကန္ရႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ယူရိုပါလိဂ္ရႈံးထြက္ ၃၂ သင္းအဆင့္ပြဲစဥ္ေတြကိုေတာ့ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔မွ ယွဥ္ၿပိဳင္ကစားမွာပဲ ျဖစ္ပါတယ္။