ကျွန်တော်တို့က လူသားတွေပါလို့ ဝက်ဘရွန်းစ်နဲ့ သရေကျခဲ့တဲ့ပွဲအတွက် ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ ဂန်ဒိုဂန်


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အဆင့်-၁၉ နေရာက ဝက်ဘရွန်းစ်အသင်းကို အနိုင်မရခဲ့ပြီးနောက် ဝေဖန်ခဲ့သူတွေကို တော့ မန်စီးတီးကွင်းလယ်လူက ဂန်ဒိုဂန်က သူတို့တွေက လူသားတွေဖြစ်ပြီး စက်ပစ္စည်းတွေမဟုတ်ဘူးလို့ ပြန်လည် တုံ့ပြန်မှု ပြုလုပ်သွားခဲ့ပါတယ်။ မန်စီးတီးဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် သရေကျခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာက စပါးနဲ့ ၅ မှတ်အထိကွာဟနေတာပဲ ဖြစ်ပါတယ်။


ဝက်ဘရွန်းစ်နဲ့ ပွဲမှာ ဂန်ဒိုဂန်အနေနဲ့ အသင်းအတွက် ဦးဆောင်ဂိုးကို မိနစ် ၃၀ မှာ သွင်းယူခဲ့ပေမယ့် ပွဲချိန် ၄၃ မိနစ်မှာ အ သင်းဖော် ရူဘင်ရဲ့ ကိုယ်ဂိုးကိုယ်ပြန်သွင်းမှုကြောင့် ချေပဂိုးပေးခဲ့ရပြီး ပွဲအပြီးမှာ တစ်ဂိုးစီသရေကျခဲ့တာပဲ ဖြစ်ပါတယ်။ ဥရောပပြိုင်ပွဲကစားရတဲ့ အသင်းကြီးတွေအနေနဲ့ ပွဲစဉ်တွေ ဆက်တိုက်ကစားနေရတာကြောင့် ရလဒ်တွေမကောင်းသလို ကစားသမားတွေအနေနဲ့လည်း ပွဲပန်းမှုဒဏ်ကို ခံနေရကြောင်းလည်း ဂန်ဒိုဂန်က ပြောခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဂန်ဒိုဂန်က “ ဒီရာသီမှာ ဥရောပပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေရတဲ့အသင်းကြီးတွေအနေနဲ့ သက် ဆိုင်ရာ လိဂ်ပြိုင်ပွဲတွေမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ရနိုင်ပါတယ်။ ကစားသမားတွေကလည်း တစ်ပတ်မှာပွဲစဉ် ၂ ခုလောက် အမြဲတမ်းကစားနေရတာကြောင့် ပွဲပန်းနေနိုင်ပါတယ်။ ကစားသမားတွေက လူသားတွေဖြစ်ပြီး စက်ပစ္စည်းတွေ မဟုတ်တာ ကြောင့် အမြဲတမ်းတသမတည်းတော့ ပုံစံတူ ရှိနေနိုင်မှာ မဟုတ်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ကြ်န္ေတာ္တို႔က လူသားေတြပါလို႔ ဝက္ဘရြန္းစ္နဲ႔ သေရက်ခဲ့တဲ့ပြဲအတြက္ ေဝဖန္သူေတြကို ျပန္လည္တံု႔ျပန္ခဲ့တဲ့ ဂန္ဒိုဂန္
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အဆင့္-၁၉ ေနရာက ဝက္ဘရြန္းစ္အသင္းကို အႏိုင္မရခဲ့ၿပီးေနာက္ ေဝဖန္ခဲ့သူေတြကို ေတာ့ မန္စီးတီးကြင္းလယ္လူက ဂန္ဒိုဂန္က သူတို႔ေတြက လူသားေတြျဖစ္ၿပီး စက္ပစၥည္းေတြမဟုတ္ဘူးလို႔ ျပန္လည္ တံု႔ျပန္မႈ ျပဳလုပ္သြားခဲ့ပါတယ္။ မန္စီးတီးဟာ ေနာက္ဆံုးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၂ ပြဲဆက္ သေရက်ခဲ့တာျဖစ္ၿပီး အမွတ္ေပးဇယားထိပ္ဆံုးေနရာက စပါးနဲ႔ ၅ မွတ္အထိကြာဟေနတာပဲ ျဖစ္ပါတယ္။
ဝက္ဘရြန္းစ္နဲ႔ ပြဲမွာ ဂန္ဒိုဂန္အေနနဲ႔ အသင္းအတြက္ ဦးေဆာင္ဂိုးကို မိနစ္ ၃၀ မွာ သြင္းယူခဲ့ေပမယ့္ ပြဲခ်ိန္ ၄၃ မိနစ္မွာ အ သင္းေဖာ္ ရူဘင္ရဲ႕ ကိုယ္ဂိုးကိုယ္ျပန္သြင္းမႈေၾကာင့္ ေခ်ပဂိုးေပးခဲ့ရၿပီး ပြဲအၿပီးမွာ တစ္ဂိုးစီသေရက်ခဲ့တာပဲ ျဖစ္ပါတယ္။ ဥေရာပၿပိဳင္ပြဲကစားရတဲ့ အသင္းၾကီးေတြအေနနဲ႔ ပြဲစဥ္ေတြ ဆက္တုိက္ကစားေနရတာေၾကာင့္ ရလဒ္ေတြမေကာင္းသလို ကစားသမားေတြအေနနဲ႔လည္း ပြဲပန္းမႈဒဏ္ကို ခံေနရေၾကာင္းလည္း ဂန္ဒိုဂန္က ေျပာခဲ့ပါတယ္။
ပြဲအၿပီးမွာေတာ့ ဂန္ဒိုဂန္က “ ဒီရာသီမွာ ဥေရာပၿပိဳင္ပြဲေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ေနရတဲ့အသင္းၾကီးေတြအေနနဲ႔ သက္ ဆိုင္ရာ လိဂ္ၿပိဳင္ပြဲေတြမွာ ေျခစြမ္းျပႏိုင္ဖို႔ ရုန္းကန္ရႏုိင္ပါတယ္။ ကစားသမားေတြကလည္း တစ္ပတ္မွာပြဲစဥ္ ၂ ခုေလာက္ အျမဲတမ္းကစားေနရတာေၾကာင့္ ပြဲပန္းေနႏိုင္ပါတယ္။ ကစားသမားေတြက လူသားေတြျဖစ္ၿပီး စက္ပစၥည္းေတြ မဟုတ္တာ ေၾကာင့္ အျမဲတမ္းတသမတည္းေတာ့ ပံုစံတူ ရွိေနႏိုင္မွာ မဟုတ္ပါဘူး” လို႔ ေျပာသြားခဲ့ပါတယ္။