ယူနိုက်တက်အနေနဲ့ ကျွန်တော်ကို အချိန်ပေးခဲ့သင့်ပါတယ်လို့ ပြောခဲ့တဲ့ စပါးနည်းပြ မော်ရင်ဟို


ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ နည်းပြဟောင်း ပိုချက်တီနိုရဲ့ နေရာမှာ အစားထိုးခန့်အပ်ခံရပြီး စပါးအသင်းနည်းပြ ဖြစ်လာကာ ဒီရာသီ စပါးအသင်းကို အကောင်းဆုံးဦးဆောင်နိုင်မှုနဲ့ အတူ အမှတ်ပေးဇယားကို ဦးဆောင်နိုင်အောင် လုပ်ထားတဲ့ မော် ရင်ဟိုက အသင်းဟောင်း ယူနိုက်တက်အနေနဲ့ အောင်မြင်မှုရယူနိုင်ဖို့ သူကို အချိန်ပေးခဲ့သင့်ကြောင်း ပြောခဲ့ပါတယ်။ မော် ရင်ဟို ဟာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ ၃နှစ်တာကာလအတွင်းမှာ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတစ်ကြိမ်စီ ရရှိအောင် စွမ်း ဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။


မော်ရင်ဟိုက “သူအနေနဲ့ ပေါ်တို၊ အင်တာမီလန် ၊ ရီးရဲလ်နဲ့ ချဲလ်ဆီးအသင်းတွေမှာ အောင်မြင်မှုရရှိခဲ့တာကြောင့် ယူနိုက် တက် နည်းပြဖြစ်လာခဲ့ပေမယ့် နာမည်ကျော်အသင်းကြီးတစ်သင်းကို အောင်မြင်မှုရအောင် ချက်ချင်းတည်ဆောက်ဖို့ မလွယ်တဲ့ဘဲ အချိန်ယူဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။ ယူနိုက်တက်မှာ အောင်မြင်မှုရဖို့အတွက် အချိန်ပေးပြီး လုပ် ဆောင်ခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေကတော့ သူကို အချိန်မပေးခဲ့ဘူး” ဆိုပြီး ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။


အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ မော်ရင်ဟို ဟာ နည်းပြဘဝနှစ် ၂၀ အတွင်းမှာ အောင်မြင်မှုတွေများစွာရခဲ့တဲ့ နည်းပြတစ်ဦး ဖြစ်ပြီး နည်းပြကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံရသူလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး မော်ရင်ဟိုက လက်ရှိစပါးအသင်းမှာ ခြေစွမ်းပြပြီး ဂိုးတွေဆက်တိုက်သွင်းယူပေးနေတဲ့ တောင်ကိုရီးယားကစားသမား ဆွန်ဟောင်မင်အနေနဲ့လည်းကစားသမား ဘဝကို စပါးအသင်းမှာ ကုန်ဆုံးသွားဖို့ ရှိနေတယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။

zawgyi version

ယူႏိုက္တက္အေနနဲ႔ ကြ်န္ေတာ္ကို အခ်ိန္ေပးခဲ့သင့္ပါတယ္လို႔ ေျပာခဲ့တဲ့ စပါးနည္းျပ ေမာ္ရင္ဟို
ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလမွာ နည္းျပေဟာင္း ပိုခ်က္တီႏိုရဲ႕ ေနရာမွာ အစားထုိုးခန္႔အပ္ခံရၿပီး စပါးအသင္းနည္းျပ ျဖစ္လာကာ ဒီရာသီ စပါးအသင္းကို အေကာင္းဆံုးဦးေဆာင္ႏိုင္မႈနဲ႔ အတူ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ေအာင္ လုပ္ထားတဲ့ ေမာ္ ရင္ဟိုက အသင္းေဟာင္း ယူႏုိက္တက္အေနနဲ႔ ေအာင္ျမင္မႈရယူႏိုင္ဖို႔ သူကို အခ်ိန္ေပးခဲ့သင့္ေၾကာင္း ေျပာခဲ့ပါတယ္။ ေမာ္ ရင္ဟို ဟာ ယူႏိုက္တက္ကို ကိုင္တြယ္ခဲ့တဲ့ ၃ႏွစ္တာကာလအတြင္းမွာ ယူရိုပါလိဂ္နဲ႔ လိဂ္ဖလားတစ္ၾကိမ္စီ ရရွိေအာင္ စြမ္း ေဆာင္ေပးႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။
ေမာ္ရင္ဟိုက “သူအေနနဲ႔ ေပၚတို၊ အင္တာမီလန္ ၊ ရီးရဲလ္နဲ႔ ခ်ဲလ္ဆီးအသင္းေတြမွာ ေအာင္ျမင္မႈရရွိခဲ့တာေၾကာင့္ ယူႏိုက္ တက္ နည္းျပျဖစ္လာခဲ့ေပမယ့္ နာမည္ေက်ာ္အသင္းၾကီးတစ္သင္းကို ေအာင္ျမင္မႈရေအာင္ ခ်က္ခ်င္းတည္ေဆာက္ဖို႔ မလြယ္တဲ့ဘဲ အခ်ိန္ယူဖို႔ လိုအပ္ေၾကာင္း ေျပာခဲ့ပါတယ္။ ယူႏိုက္တက္မွာ ေအာင္ျမင္မႈရဖို႔အတြက္ အခ်ိန္ေပးၿပီး လုပ္ ေဆာင္ခဲ့ေပမယ့္ အသင္းတာဝန္ရွိသူေတြကေတာ့ သူကို အခ်ိန္မေပးခဲ့ဘူး” ဆိုၿပီး ေျပာသြားခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၅၇ ႏွစ္ရွိၿပီျဖစ္တဲ့ ေမာ္ရင္ဟို ဟာ နည္းျပဘဝႏွစ္ ၂၀ အတြင္းမွာ ေအာင္ျမင္မႈေတြမ်ားစြာရခဲ့တဲ့ နည္းျပတစ္ဦး ျဖစ္ၿပီး နည္းျပေကာင္းတစ္ဦးအျဖစ္ သတ္မွတ္ခံရသူလည္းျဖစ္ပါတယ္။ ဆက္လက္ၿပီး ေမာ္ရင္ဟိုက လက္ရွိစပါးအသင္းမွာ ေျခစြမ္းျပၿပီး ဂိုးေတြဆက္တိုက္သြင္းယူေပးေနတဲ့ ေတာင္ကိုရီးယားကစားသမား ဆြန္ေဟာင္မင္အေနနဲ႔လည္းကစားသမား ဘဝကို စပါးအသင္းမွာ ကုန္ဆံုးသြားဖို႔ ရွိေနတယ္ဆိုၿပီး ေျပာသြားခဲ့ပါတယ္။