ဝုလ်ဗာဟမ်တန်ကို ရှုံးခဲ့ပြီးနောက် အသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို မေးခွန်းထုတ်လိုက်တဲ့ နည်းပြ လမ်းပတ်


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝုလ်ဗာဟမ်တန်နဲ့ ကစားတဲ့ပွဲ ရှုံးနိမ့်ပြီးနောက်မှာတော့ ချဲလ်ဆီးအသင်းနည်းပြလမ်းပတ် က အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို မေးခွန်းထုတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရသိရ ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်တုန်းကလည်း အဲဗာတန်ကို ရှုံးခဲ့တာကြောင့် ဝုလ်ဗာဟမ်တန်ကို ရှုံးနိမ့်ခဲ့ခြင်းဟာ ပရီးမီးယားလိဂ်ချန် ပီယံဆုကို မှန်းနေတဲ့ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။


ဒုတိယပိုင်းအစမှာ ချဲလ်ဆီးဟာ တိုက်စစ်မှူး ဂီရော့ဒ်ရဲ့သွင်းဂိုးနဲ့ အိမ်ရှင်ကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပေမယ့် ပွဲချိန် ၆၆ မိနစ် မှာ ဖွန်ဒန်စီရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပြီး ပွဲပြီးခါနီးမှာ နီတိုရဲ့ အနိုင်ဂိုးသွင်းယူခြင်းကို ခံခဲ့ရတာကြောင့် နှစ်ဂိုးတစ်ဂိုးနဲ့ အရေး နိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။ နီတိုရဲ့ အနိုင်ဂိုးဟာ ချဲလ်ဆီးနောက်ခံလူ ဇူးမားနဲ့ ဂိုးသမားမန်ဒီတို့ရဲ့ နားလည်မှုအမှားကနေ သွင်းယူခဲ့တာကြောင့် လမ်းပတ်အနေနဲ့ အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေကို မေးခွန်းထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ လမ်းပတ်က “ ဒီပွဲမှာ ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကြောင့် ပွဲပြီးရလဒ်ကို ဘာမှပြောဖို့မလိုတော့ပါ ဘူး။ ပွဲစဉ်တွေဆက်တိုက် ကစားနေရတာကြောင့် ကစားသမားတွေအနေနဲ့ ပွဲပန်းနေတာလားလို့ပဲ ကြည့်ရတော့မှာပါ။ အဲ ဗာတန်နဲ့ ကစားခဲ့တဲ့ပွဲတုန်းကလည်း အသင်းသားတွေအနေနဲ့ အကောင်းဆုံးခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပါဘူး။ ကစားသမား တွေအနေနဲ့ အနားယူဖို့ အချိန်လိုအပ်နေပြီလိုပဲ ဆိုရမှာပါ” ဆိုပြီး ပြောသွားခဲ့ပါတယ်။

zawgyi version

ဝုလ္ဗာဟမ္တန္ကို ရႈံးခဲ့ၿပီးေနာက္ အသင္းရဲ႕ စိတ္ဓာတ္ပိုင္းဆိုင္ရာကို ေမးခြန္းထုတ္လိုက္တဲ့ နည္းျပ လမ္းပတ္
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲဲ့ ဝုလ္ဗာဟမ္တန္နဲ႔ ကစားတဲ့ပြဲ ရႈံးနိမ့္ၿပီးေနာက္မွာေတာ့ ခ်ဲလ္ဆီးအသင္းနည္းျပလမ္းပတ္ က အသင္းသားေတြရဲ႕ စိတ္ဓာတ္ပိုင္းဆိုင္ရာကို ေမးခြန္းထုတ္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရသိရ ပါတယ္။ ၿပီးခဲ့တဲ့ပြဲစဥ္တုန္းကလည္း အဲဗာတန္ကို ရႈံးခဲ့တာေၾကာင့္ ဝုလ္ဗာဟမ္တန္ကို ရႈံးနိမ့္ခဲ့ျခင္းဟာ ပရီးမီးယားလိဂ္ခ်န္ ပီယံဆုကို မွန္းေနတဲ့ ခ်ဲလ္ဆီးအတြက္ ပရီးမီးယားလိဂ္မွာ ႏွစ္ပြဲဆက္ ရႈံးနိမ့္ခဲ့တာပဲ ျဖစ္ပါတယ္။
ဒုတိယပိုင္းအစမွာ ခ်ဲလ္ဆီးဟာ တိုက္စစ္မွဴး ဂီေရာ့ဒ္ရဲ႕သြင္းဂိုးနဲ႔ အိမ္ရွင္ကို ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ေပမယ့္ ပြဲခ်ိန္ ၆၆ မိနစ္ မွာ ဖြန္ဒန္စီရဲ႕ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရၿပီး ပြဲၿပီးခါနီးမွာ နီတိုရဲ႕ အႏိုင္ဂိုးသြင္းယူျခင္းကို ခံခဲ့ရတာေၾကာင့္ ႏွစ္ဂိုးတစ္ဂိုးနဲ႔ အေရး နိမ့္ခဲ့တာပဲ ျဖစ္ပါတယ္။ နီတိုရဲ႕ အႏိုင္ဂိုးဟာ ခ်ဲလ္ဆီးေနာက္ခံလူ ဇူးမားနဲ႔ ဂိုးသမားမန္ဒီတို႔ရဲ႕ နားလည္မႈအမွားကေန သြင္းယူခဲ့တာေၾကာင့္ လမ္းပတ္အေနနဲ႔ အသင္းသားေတြရဲ႕ စိတ္ဓာတ္ပိုင္းဆိုင္ရာ အေျခအေနကို ေမးခြန္းထုတ္ခဲ့တာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ လမ္းပတ္က “ ဒီပြဲမွာ ကစားသမားေတြရဲ႕စြမ္းေဆာင္ရည္ေၾကာင့္ ပြဲၿပီးရလဒ္ကို ဘာမွေျပာဖို႔မလိုေတာ့ပါ ဘူး။ ပြဲစဥ္ေတြဆက္တိုက္ ကစားေနရတာေၾကာင့္ ကစားသမားေတြအေနနဲ႔ ပြဲပန္းေနတာလားလို႔ပဲ ၾကည့္ရေတာ့မွာပါ။ အဲ ဗာတန္နဲ႔ ကစားခဲ့တဲ့ပြဲတုန္းကလည္း အသင္းသားေတြအေနနဲ႔ အေကာင္းဆံုးေျခစြမ္းျပႏိုင္ျခင္းမရွိခဲ့ပါဘူး။ ကစားသမား ေတြအေနနဲ႔ အနားယူဖို႔ အခ်ိန္လိုအပ္ေနၿပီလိုပဲ ဆိုရမွာပါ” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။