အသက်ကြီးမှ အရှက်ကွဲခဲ့ရတဲ့ ချဲလ်ဆီးဂိုးသမား ပီတာချက်


တစ်ချိန်က နာမည်ကျော်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဂိုးသမားစာရင်းဝင်တစ်ယောက်ဖြစ်ခဲ့တယ် ဆိုပေမယ့် အသက်အရွယ်ရလာပြီးနောက်မှာ ကစားသမားတွေအနေနဲ့ အနားယူဖို့ လိုအပ်လာပါတယ်။ လက်ရှိမှာအသက် ၃၈ နှစ်ရှိပြီဖြစ်တာကြောင့် ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို စွန့်လွှတ်ပြီး ဂိုးနည်းပြနဲ့ နည်းစနစ်အကြံပေးအဖြစ် လုပ်ဆောင်နေတဲ့ ချဲလ်ဆီးဂိုးသမား ပီတာချက်ဟာ အရေးပေါ်အခြေအနေကြောင့် အသင်းရဲ့ ၂၅ ယောက် လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။


ချဲလ်ဆီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ဘောလုံးလောက,ကနေ အနားယူခဲ့တဲ့ ပီတာချက် ဟာ ပရီးမီးယားလိဂ်-၂ လို့ခေါ်ရမယ့် အရန်ကစားသမားတွေယှဉ်ပြိုင်တဲ့ပွဲမှာ ချဲလ်ဆီးအရန်အသင်းနဲ့အတူ ကစားခဲ့ပြီး စပါးနဲ့ ကစားခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။ဒီပွဲမှာ ချဲလ်ဆီးက စပါးကို သုံးဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့တယ်ဆိုပေမယ့် ပေးဂိုး နှစ် ဂိုးက ပီတာချက်ရဲ့ အမှားတွေကနေ ပြန်ပေးခဲ့ရတာကြောင့် သူအနေနဲ့ အသက်ကြီးမှ အရှက်ခွဲခဲ့ရတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်ယှဉ်ပြိုင်နေတဲ့ ချဲလ်ဆီးအသင်းရဲ့ ဂိုးသမားနေရာမှာ မန်ဒီ၊ ကီပါနဲ့ ကာဘယ်လီရိုတို့ ရှိနေတာကြောင့် ပွဲက စားခွင့်ရဖို့ မသေချာတဲ့ ပီတာချက်ဟာ အရန်အသင်းကစားတဲ့ပွဲမှာပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပီတာချက်ဟာ ချဲလ်ဆီးအ သင်းမှာ ၁၁ နှစ်ကြာကစားခဲ့တဲ့အချိန်အတွင်း ပွဲပေါင်း ၄၉၄ ပွဲကစားခဲ့တာကာ ဆုတံဆိပ်ပေါင်း ၁၃ ခုရယူနိုင်ခဲ့တဲ့ ဂန္တဝင် ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

zawgyi version

အသက္ၾကီးမွ အရွက္ကြဲခဲ့ရတဲ့ ခ်ဲလ္ဆီးဂိုးသမား ပီတာခ်က္
တစ္ခ်ိန္က နာမည္ေက်ာ္ကစားသမားတစ္ေယာက္ျဖစ္ခဲ့ၿပီး ကမၻာ့အေကာင္းဆံုးဂိုးသမားစာရင္းဝင္တစ္ေယာက္ျဖစ္ခဲ့တယ္ ဆိုေပမယ့္ အသက္အရြယ္ရလာၿပီးေနာက္မွာ ကစားသမားေတြအေနနဲ႔ အနားယူဖို႔ လိုအပ္လာပါတယ္။ လက္ရွိမွာအသက္ ၃၈ ႏွစ္ရွိၿပီျဖစ္တာေၾကာင့္ ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားဘဝကို စြန္႔လႊတ္ၿပီး ဂိုးနည္းျပနဲ႔ နည္းစနစ္အၾကံေပးအျဖစ္ လုပ္ေဆာင္ေနတဲ့ ခ်ဲလ္ဆီးဂိုးသမား ပီတာခ်က္ဟာ အေရးေပၚအေျခအေနေၾကာင့္ အသင္းရဲ႕ ၂၅ ေယာက္ လူစာရင္းမွာ ပါဝင္လာခဲ့ပါတယ္။
ခ်ဲလ္ဆီးကေန အာဆင္နယ္ကို ေျပာင္းေရႊ႕ကစားခဲ့ၿပီး ၂၀၁၉ ခုႏွစ္မွာ ေဘာလံုးေလာက,ကေန အနားယူခဲ့တဲ့ ပီတာခ်က္ ဟာ ပရီးမီးယားလိဂ္-၂ လို႔ေခၚရမယ့္ အရန္ကစားသမားေတြယွဥ္ၿပိဳင္တဲ့ပြဲမွာ ခ်ဲလ္ဆီးအရန္အသင္းနဲ႔အတူ ကစားခဲ့ၿပီး စပါးနဲ႔ ကစားခဲ့တဲ့ပြဲမွာ ပါဝင္ကစားခဲ့ပါတယ္။ဒီပြဲမွာ ခ်ဲလ္ဆီးက စပါးကို သံုးဂိုးႏွစ္ဂိုးနဲ႔ အႏိုင္ရခဲ့တယ္ဆိုေပမယ့္ ေပးဂိုး ႏွစ္ ဂိုးက ပီတာခ်က္ရဲ႕ အမွားေတြကေန ျပန္ေပးခဲ့ရတာေၾကာင့္ သူအေနနဲ႔ အသက္ၾကီးမွ အရွက္ခြဲခဲ့ရတယ္လို႔ မီဒီယာေတြက ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ယွဥ္ၿပိဳင္ေနတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ ဂိုးသမားေနရာမွာ မန္ဒီ၊ ကီပါနဲ႔ ကာဘယ္လီရိုတို႔ ရွိေနတာေၾကာင့္ ပြဲက စားခြင့္ရဖို႔ မေသခ်ာတဲ့ ပီတာခ်က္ဟာ အရန္အသင္းကစားတဲ့ပြဲမွာပါဝင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပီတာခ်က္ဟာ ခ်ဲလ္ဆီးအ သင္းမွာ ၁၁ ႏွစ္ၾကာကစားခဲ့တဲ့အခ်ိန္အတြင္း ပြဲေပါင္း ၄၉၄ ပြဲကစားခဲ့တာကာ ဆုတံဆိပ္ေပါင္း ၁၃ ခုရယူႏိုင္ခဲ့တဲ့ ဂႏၱဝင္ ကစားသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။