ပရီးမီးယားလိဂ်မှာ နာမည်ကြီးအသင်းတွေ ပြန်လာနိုင်ပါ့မလား


တစ်ကမ္ဘာ့လုံးမှာ ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ဗိုင်းရပ်စ်ပိုးကြောင့် ဘောလုံးပွဲတွေကို သတ်မှတ်ထားတဲ့ကာလထက် အချိန်နည်းပြီး ကျင်းပရတဲ့အနေအထားမှာ ဥရောပပြိုင်ပွဲတွေကိုပါ ယှဉ်ပြိုင်ကစားရတဲ့ အသင်းကြီးတွေအနေနဲ့ ပြည်တွင်းလိဂ်တွေမှာ ရလဒ်မကောင်းတာတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီလိုဖြစ်နေတဲ့ အသင်းတွေထဲမှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလို့ ဆိုရ မယ့် ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်နေတဲ့ အသင်းကြီးတွေရဲ့ အခြေအနေကလည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။


လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲစဉ် ၁၂ ခုကစားပြီးသွားပြီလို့ ဆိုရမှာဖြစ်ပေမယ့် ထိပ်သီးအသင်းကြီးတွေအနေနဲ့ ရုန်း ကန်နေရပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံနေရာမှာ မော်ရင်ဟိုရဲ့စပါးနဲ့ လက်ရှိချန်ပီယံ လီဗာပူးတို့ရှိနေတယ်ဆိုပေမယ့် ချဲလ်ဆီးက အဆင့်-၅၊ ယူနိုက်တက်က ၈ ၊ မန်စီးတီးက ၉ နဲ့ အာဆင်နယ်တို့က အဆင့်-၁၅ နေရာတွေမှာ ရပ်တည်နေ တာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ မန်စီးတီးတို့က တစ်ပွဲစီကစားဖို့ ကျန်ရှိနေသေးတာကြောင့် ဇယားထိပ်ပိုင်းကို ပြန် ရောက်ဖို့အတွက် မျှော်လင့်ချက်ရှိနေသေးတာဖြစ်ပါတယ်။


မော်ရင်ဟိုရဲ့လက်အောက်မှာ ဒီရာသီခြေစွမ်းပြနေတဲ့ စပါးအသင်းကလွဲရင် လီဗာပူးကလည်း ဒဏ်ရာပြဿနာတွေ ကြောင့် ရုန်းကန်နေရပြီး ချဲလ်ဆီးကလည်း ကစားသမားသစ်တွေနဲ့ အံ့ဝင်ဖို့အတွက်ရုန်းကန်နေရပါတယ်။ ယူနိုက်တက်နဲ့ မန်စီးတီးတို့ကလည်း ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့အနေအထားတွေဖြစ်နေပြီး အဆိုးရွားဆုံးအသင်းကတော့ အာဆင်နယ် ပဲဖြစ်ပါတယ်။ အခြားလိဂ်ပြိုင်ပွဲတွေက ဆောင်းရာသီနားရက်အဖြစ် အနားယူဖို့ ရှိနေပေမယ့် ပရီးမီးယားလိဂ်ကတော့ ထုံးစံ အတိုင်း ဒီဇင်ဘာပွဲကျပ်ကာလ ရောက်လာပြီဖို့ ဒီကာလမှာ အသင်းကြီးတွေအနေနဲ့ ပြန်လာနိုင်ပါ့မလားဆိုတာကို စောင့် ကြည့်ရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ပရီးမီးယားလိဂ္မွာ နာမည္ၾကီးအသင္းေတြ ျပန္လာႏိုင္ပါ့မလား
တစ္ကမၻာ့လံုးမွာ ျဖစ္ပြားခဲ့တဲ့ ကိုဗစ္ဗိုင္းရပ္စ္ပိုးေၾကာင့္ ေဘာလံုးပြဲေတြကို သတ္မွတ္ထားတဲ့ကာလထက္ အခ်ိန္နည္းျပီး က်င္းပရတဲ့အေနအထားမွာ ဥေရာပၿပိဳင္ပြဲေတြကိုပါ ယွဥ္ၿပိဳင္ကစားရတဲ့ အသင္းၾကီးေတြအေနနဲ႔ ျပည္တြင္းလိဂ္ေတြမွာ ရလဒ္မေကာင္းတာေတြ ျဖစ္ေနတာကို ေတြ႕ရပါတယ္။ ဒီလိုျဖစ္ေနတဲ့ အသင္းေတြထဲမွာ ၿပိဳင္ဆိုင္မႈအျပင္းထန္ဆံုးလို႔ ဆိုရ မယ့္ ပရီးမီးယားလိဂ္မွာ ယွဥ္ၿပိဳင္ေနတဲ့ အသင္းၾကီးေတြရဲ႕ အေျခအေနကလည္း ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။
လက္ရွိပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ပြဲစဥ္ ၁၂ ခုကစားၿပီးသြားၿပီလို႔ ဆိုရမွာျဖစ္ေပမယ့္ ထိပ္သီးအသင္းၾကီးေတြအေနနဲ႔ ရုန္း ကန္ေနရပါတယ္။ အမွတ္ေပးဇယားထိပ္ဆံုေနရာမွာ ေမာ္ရင္ဟိုရဲ႕စပါးနဲ႔ လက္ရွိခ်န္ပီယံ လီဗာပူးတို႔ရွိေနတယ္ဆိုေပမယ့္ ခ်ဲလ္ဆီးက အဆင့္-၅၊ ယူႏိုက္တက္က ၈ ၊ မန္စီးတီးက ၉ နဲ႔ အာဆင္နယ္တို႔က အဆင့္-၁၅ ေနရာေတြမွာ ရပ္တည္ေန တာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ မန္စီးတီးတို႔က တစ္ပြဲစီကစားဖို႔ က်န္ရွိေနေသးတာေၾကာင့္ ဇယားထိပ္ပိုင္းကို ျပန္ ေရာက္ဖို႔အတြက္ ေမွ်ာ္လင့္ခ်က္ရွိေနေသးတာျဖစ္ပါတယ္။
ေမာ္ရင္ဟိုရဲ႕လက္ေအာက္မွာ ဒီရာသီေျခစြမ္းျပေနတဲ့ စပါးအသင္းကလြဲရင္ လီဗာပူးကလည္း ဒဏ္ရာျပႆနာေတြ ေၾကာင့္ ရုန္းကန္ေနရၿပီး ခ်ဲလ္ဆီးကလည္း ကစားသမားသစ္ေတြနဲ႔ အံ့ဝင္ဖို႔အတြက္ရုန္းကန္ေနရပါတယ္။ ယူႏိုက္တက္နဲ႔ မန္စီးတီးတို႔ကလည္း ပံုမွန္ေျခစြမ္းေပ်ာက္ဆံုးေနတဲ့အေနအထားေတြျဖစ္ေနၿပီး အဆိုးရြားဆံုးအသင္းကေတာ့ အာဆင္နယ္ ပဲျဖစ္ပါတယ္။ အျခားလိဂ္ၿပိဳင္ပြဲေတြက ေဆာင္းရာသီနားရက္အျဖစ္ အနားယူဖို႔ ရွိေနေပမယ့္ ပရီးမီးယားလိဂ္ကေတာ့ ထံုးစံ အတိုင္း ဒီဇင္ဘာပြဲက်ပ္္ကာလ ေရာက္လာၿပီဖို႔ ဒီကာလမွာ အသင္းၾကီးေတြအေနနဲ႔ ျပန္လာႏိုင္ပါ့မလားဆိုတာကို ေစာင့္ ၾကည့္ရမွာပဲ ျဖစ္ပါတယ္။