လီဗာပူးလ် နဲ့ ပွဲမှာ ဂါရတ်ဘေးလ် ပြန်ပါလာနိုင်မယ်လို့ အတည်ပြုလိုက်တဲ့ စပါးနည်းပြ မော်ရင်ဟို

စပါးနည်းပြ မော်ရင်ဟိုက ဗုဒ္ဓဟူးနေ့ လီဗာပူးလ်အသင်းနဲ့ ကစားမယ့် အရေးပါတဲ့ ပွဲကို ဂါရတ်ဘေးလ် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာမယ်လို့ ယုံကြည်နေပါတယ်။ ဂါရတ်ဘေးလ်ဟာ တနင်္ဂနွေနေ့က စပါးအသင်း နဲ့ ခရစ္စတယ်ပဲလေ့စ် (၁-၁) သရေကျခဲ့တဲ့ပွဲကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။

သို့သော်လည်း မော်ရင်ဟိုက တောင်ပံတိုက်စစ်ကစားသမားဟာ အန်ဖီးလ်ကို သွားကစားရမယ့် ပွဲမှာ ပြန်လည် ပါဝင်လာမယ်လို့ ပြောသွားခဲ့ပါတယ်။

“ သူ ဖျားနေတာပါ။ ကိုဗစ် တော့မဟုတ်ပါဘူး။ အရမ်းမပြင်းထန်ပါဘူး။ တစ်ပတ်လောက် နားရင်ရပါတယ်။ ဗုဒ္ဓဟူးနေ့မှာ သူအဆင်ပြေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ မော်ရင်ဟိုက ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ စပါးအသင်းဆီ အငှားနဲ့ ရောက်ရှိလာကတည်းက ပရီးမီးယားလိဂ်မှာ တစ်ပွဲပဲ ပွဲထွက်ကစားခွင့်ရထားပါတယ်။

လီဗာပူးလ္ နဲ႔ ပြဲမွာ ဂါရတ္ေဘးလ္ ျပန္ပါလာႏိုင္မယ္လို႔ အတည္ျပဳလိုက္တဲ့ စပါးနည္းျပ ေမာ္ရင္ဟို

စပါးနည္းျပ ေမာ္ရင္ဟိုက ဗုဒၶဟူးေန႔ လီဗာပူးလ္အသင္းနဲ႔ ကစားမယ့္ အေရးပါတဲ့ ပြဲကို ဂါရတ္ေဘးလ္ ၾကံ့ခိုင္မႈ ျပန္လည္ျပည့္၀လာမယ္လို႔ ယံုၾကည္ေနပါတယ္။ ဂါရတ္ေဘးလ္ဟာ တနဂၤေႏြေန႔က စပါးအသင္း နဲ႔ ခရစၥတယ္ပဲေလ့စ္ (၁-၁) သေရက်ခဲ့တဲ့ပြဲကို လြဲေခ်ာ္ခဲ့သူ ျဖစ္ပါတယ္။

သို႔ေသာ္လည္း ေမာ္ရင္ဟိုက ေတာင္ပံတိုက္စစ္ကစားသမားဟာ အန္ဖီးလ္ကို သြားကစားရမယ့္ ပြဲမွာ ျပန္လည္ ပါ၀င္လာမယ္လို႔ ေျပာသြားခဲ့ပါတယ္။

“ သူ ဖ်ားေနတာပါ။ ကိုဗစ္ ေတာ့မဟုတ္ပါဘူး။ အရမ္းမျပင္းထန္ပါဘူး။ တစ္ပတ္ေလာက္ နားရင္ရပါတယ္။ ဗုဒၶဟူးေန႔မွာ သူအဆင္ေျပမယ္လို႔ ကၽြန္ေတာ္ယံုၾကည္ပါတယ္” လို႔ ေမာ္ရင္ဟိုက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။ ဂါရတ္ေဘးလ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းကေန စပါးအသင္းဆီ အငွားနဲ႔ ေရာက္ရွိလာကတည္းက ပရီးမီးယားလိဂ္မွာ တစ္ပြဲပဲ ပြဲထြက္ကစားခြင့္ရထားပါတယ္။