ဗဟိုနောက်ခံလူ မာတစ်ပ်ရဲ့ ဒဏ်ရာ မပြင်းထန်စေရန် မျှော်လင့်နေတဲ့ လီဗာပူးလ် နည်းပြ ယာဂင်ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က ဗဟိုနောက်ခံလူ မာတစ်ပ်ရဲ့ နောက်ကျောဒဏ်ရာ မပြင်းထန်စေရန် မျှော်လင့်နေပါတယ်။ မာတစ်ပ်ဟာ တနင်္ဂနွေနေ့ လီဗာပူးလ်အသင်းနဲ့ ဖူလ်ဟမ် (၁-၁) သရေကျခဲ့တဲ့ပွဲ ပထမပိုင်းမှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရသူ ဖြစ်ပါတယ်။

“ မာတစ်ပ်ဟာ နောက်ကျော အကြောညှပ်သွားတာ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ဘာမှမထူးခြားသေးပါဘူး။ သူလည်း ကုသမှု ခံယူနေပြီး စောင့်ကြည့်နေပါတယ်။ ဗုဒ္ဓဟူးနေ့မှာ သူပြန်ကစားနိုင်မယ့် အခွင့်အရေးရှိမယ်လို့ မျှော်လင့်ပါတယ်။ အခုအချိန်တော့ ဘာဖြစ်လာမလဲမသိသေးပါဘူး” လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က ပြောသွားခဲ့ပါတယ်။


