အူဘာမီးယန်း ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ ဘန်လေအသင်းကို ရှုံးခဲ့ရတဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့က အမ်းမရိတ်ကွင်းမှာ ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ ပွဲမှာ အံ့အားသင့်ဖွယ် (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဂန်းနားတို့ရဲ့ အသင်းခေါင်းဆောင် အူဘာမီးယန်းဟာ (၇၃) မိနစ်မှာ အသင်းရဲ့ ဂိုးပေါက်ကို ပြန်လည်သွင်းမိခဲ့ပြီး သူ့ရဲ့ အဆိုးအရွားဆုံး စွမ်းဆောင်ရည်ကို ဆက်လက်ပြသနေဆဲ ဖြစ်ပါတယ်။

ဂိုးမပေးရခင် အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ဇာခါဟာ ဘန်လေကွင်းလယ်လူ အက်ရှ်လေဝက်စ်ဝုဒ် ရဲ့ လည်ပင်းကို ဆွဲညစ်ခဲ့လို့ တိုက်ရိုက်အနီကတ် အပြခံခဲ့ရပါတယ်။ မနေ့ညက နိုင်ပွဲကြောင့် ဘန်လေအသင်းဟာ (၁၁) ပွဲကစားပြီး (၉) မှတ်ရရှိကာ တန်းဆင်းဇုန်ကနေ လွတ်မြောက်ခဲ့ပြီး အဆင့် (၁၅) နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းနောက် (၄) မှတ်သာ ကွာဟနေပါတော့တယ်။

ပရီးမီးယားလိဂ်မှာ အိမ်ကွင်း (၄) ပွဲဆက် ရှုံးခဲ့လို့ အာဆင်နယ်အသင်းဟာ (၁၉၅၉ ) နောက်ပိုင်း အဆိုးအရွားဆုံးမှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပြီး နည်းပြအာတီတာအပေါ်ကိုလည်း ဖိအားတွေ အများအပြား သက်ရောက်နေပြီ ဖြစ်ပါတယ်။

အူဘာမီးယန္း ကိုယ့္ဂိုးကိုယ္သြင္းလို႔ ဘန္ေလအသင္းကို ရႈံးခဲ့ရတဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ တနဂၤေႏြေန႔က အမ္းမရိတ္ကြင္းမွာ ကစားခဲ့တဲ့ ဘန္ေလအသင္းနဲ႔ ပြဲမွာ အံ့အားသင့္ဖြယ္ (၁-၀) နဲ႔ ရႈံးနိမ့္ခဲ့ရပါတယ္။ ဂန္းနားတို႔ရဲ႕ အသင္းေခါင္းေဆာင္ အူဘာမီးယန္းဟာ (၇၃) မိနစ္မွာ အသင္းရဲ႕ ဂိုးေပါက္ကို ျပန္လည္သြင္းမိခဲ့ၿပီး သူ႔ရဲ႕ အဆိုးအရြားဆံုး စြမ္းေဆာင္ရည္ကို ဆက္လက္ျပသေနဆဲ ျဖစ္ပါတယ္။

ဂိုးမေပးရခင္ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူ ဇာခါဟာ ဘန္ေလကြင္းလယ္လူ အက္ရွ္ေလ၀က္စ္ဝုဒ္ ရဲ႕ လည္ပင္းကို ဆြဲညစ္ခဲ့လို႔ တိုက္႐ိုက္အနီကတ္ အျပခံခဲ့ရပါတယ္။ မေန႔ညက ႏိုင္ပြဲေၾကာင့္ ဘန္ေလအသင္းဟာ (၁၁) ပြဲကစားၿပီး (၉) မွတ္ရရွိကာ တန္းဆင္းဇုန္ကေန လြတ္ေျမာက္ခဲ့ၿပီး အဆင့္ (၁၅) ေနရာမွာ ရပ္တည္ေနတဲ့ အာဆင္နယ္အသင္းေနာက္ (၄) မွတ္သာ ကြာဟေနပါေတာ့တယ္။

ပရီးမီးယားလိဂ္မွာ အိမ္ကြင္း (၄) ပြဲဆက္ ရႈံးခဲ့လို႔ အာဆင္နယ္အသင္းဟာ (၁၉၅၉ ) ေနာက္ပိုင္း အဆိုးအရြားဆံုးမွတ္တမ္းကို ပိုင္ဆိုင္သြားခဲ့ၿပီး နည္းျပအာတီတာအေပၚကိုလည္း ဖိအားေတြ အမ်ားအျပား သက္ေရာက္ေနၿပီ ျဖစ္ပါတယ္။