အဂူရိုနေရာမှာ အစားထိုးရန် ဟာလန်းကို စိတ်ဝင်စားလာတဲ့ မန်စီးတီးအသင်း

မန်စီးတီးအသင်းဟာ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းကို နွေရာသီအပြောင်းအရွှေ့မှာ ကမ်းလှမ်းမှု တစ်ခုလုပ်ရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ The Times သတင်းဌာနက အဆိုအရ မန်စီးတီးအသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး အဂူရိုနေရာမှာ အစားထိုးရန် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။


ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၇၅ သန်းလောက ်ကုန်ကျဖွယ်ရှိပေမယ့် မန်စီးတီးအသင်းက သူ့ကို နောက်နွေရာသီမှာ အင်္ဂလန်ဆီ ခေါ်ယူရန်ဒီထက်ပိုပေးရန် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ ဟာလန်းရဲ့ အဖေဖြစ်သူ အဲလ်ဖ်အင်ဂီဟာလန်း နဲ့လည်း အကြိုသဘောတူညီမှုရရန်လုပ်ဆောင်တော့မယ်လို့လည်း သိရတာဖြစ်ပါတယ်။ ဟာလန်ဟာ ဒေါ့မွန်အသင်းထံကို ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ရောက်ရှိခဲ့ပြီး ပြိုင်ပွဲစုံ (၃၂) ပွဲကစားပြီးချိန်မှာ (၃၃) ဂိုးအထိ သွင်းယူပေးထားပါတယ်။



