အိုဇေးလ်ကို အသင်းရဲ့ လူစာရင်းမှာ ပြန်လည်ထည့်သွင်းနိုင်တယ်လို့ အရိပ်အမွက်ပြောကြားခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာဟာ အိုဇေးလ်ကို ဇန်နဝါရီမှာ အသင်းရဲ့ လူစာရင်းထဲကို ပြန်လည်ခေါ်ယူနိုင်ဖွယ်ရှိတယ်ဆိုတဲ့ အရိပ်အမွက်ကို ပြောသွားခဲ့ပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ် လူစာရင်းတွေမှာ ထည့်သွင်းခြင်းမခံထားရသူ ဖြစ်ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ ပွဲမတိုင်မီ အာဆင်နယ်နည်းပြ အာတီတာက “ သူဟာ အသင်းရဲ့ လူစာရင်းမှာ လက်ရှိမှာတော့ မပါသေးပါဘူး။ ကျွန်တော်က အသင်းမှာ ရှိနေတဲ့ လက်ရှိလူတွေကို အာရုံစိုက်နေဆဲပါ။ ဒါပေမယ့် ဇန်နဝါရီမှာတော့ အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။ ကျွန်တေ်ာတို့ ပြန်လည်ဆုံးဖြတ်ရမယ့် အချိန်ရောက်လာမှာပါ” လို့ ပြောသွားခဲ့ပါတယ်။