ဆိုးလ်ရှားကို ယူနိုက်တက်အသင်းဘက်က ရာသီကုန်အထိ အချိန်ပေးသင့်တယ်လို့ ဆိုလိုက်တဲ့ ရွိုင်ကိန်း

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက လက်ရှိနည်းပြ ဆိုးလ်ရှားကို ယူနိုက်တက်အသင်းအနေနဲ့ ရာသီကုန်အထိ အချိန်ပေးသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ စနေနေ့က မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ (ဝ-၀) သရေရလဒ်ရအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ရွိုင်ကိန်းက “ ကျွန်တော့်အထင် ယူနိုက်တက်ဘက်က ဆိုးလ်ရှားကို ရာသီကုန်အထိ အချိန်ပေးသင့်ပါတယ်။ နွေရာသီရောက်ရင် ဘာဖြစ်မလဲကြည့်ကြတာပေါ့။ သူဟာ ပြီးခဲ့တဲ့အပတ်က ရလဒ်တွေဆိုးခဲ့ပေမယ့် ဒီနေ့တော့ ပြန်ပြီးကောင်းလာပါတယ်။

ကျွန်တော်ကတော့ သူဟာ ဖလား တစ်လုံးလောက်လိုအပ်နေတယ်လို့ ထင်ပါတယ်။ ပရီးမီးယားလိဂ် အဆင့် (၄) အတွင်းလည်း ဝင်ဖို့ အရေးကြီးပါတယ်။ ယူနိုက်တက်အနေနဲ့ ဖလားတစ်လုံးကို မဖြစ်မနေရသင့်တယ်” လို့ ပြောသွားခဲ့ပါတယ်။



