ယူနိုက်တက်အသင်းရဲ့ တိုက်စစ်အင်အားက အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တယ်လို့ ဆိုလိုက်တဲ့ ရပ်ရှ်ဖိုဒ့်

ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်က အသင်းရဲ့ တိုက်စစ်အင်အားဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ အဆိုပါစကားကို မနေ့ညက မန်စီးတီးအသင်းနဲ့ (ဝ-၀) သရေကျခဲ့တဲ့ပွဲအပြီးမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

သူက “ ကျွန်တော်တို့အသင်းက ပရီးမီးယားလိဂ်က အကောင်းဆုံးနဲ့ အန္တရယ်အရှိဆုံးတိုက်စစ် (၄) သင်းထဲက တစ်သင်းဖြစ်တာ အသေအချာပါပဲ။ အခုမန်ချက်စတာယူနိုက်တက်အသင်းဟာ အမှတ်တွေကို ဖြည်းဖြည်းမှန်မှန် ရယူနေပြီး အမှတ်ပေးဇယားထိပ်က အသင်းတွေကို စိန်ခေါ်နေပါပြီ။ ပွဲအနည်းငယ်လောက်ကစားပြီးတဲ့အချိန်လောက်ဆိုရင် ကျွန်တော်တို့ဟာ အမှတ်တွေ တူသွားလောက်ပါတယ်။ ဒါပေမယ့် အရာအားလုံးက ကျွန်တော်တို့ လက်ထဲမှာပဲ ရှိပါတယ်” လို့ ပြောသွားခဲ့ပါတယ်။


