ဘာအမှတ်မှမရတာထက် သရေတစ်မှတ်ရတာက ပိုကောင်းတယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက်နောက်ခံလူ လုခ်ရှော

ယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောက မနေ့ညက မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ (ဝ-၀) သရေကျခဲ့တဲ့အပေါ် ပျော်ရွှင်နေတာဖြစ်ပါတယ်။ လုခ်ရှောက သရေတစ်မှတ်ရခဲ့တာက မှန်ကန်တဲ့ရလဒ်လို့ ပြောသွားခဲ့တာပါ။

“ ပွဲက အရမ်းကို ကျပ်တည်းပြီး ခက်ခဲခဲ့တဲ့ပွဲပါ။ ကျွန်တော်တို့လည်း သူတို့ကို ခက်ခဲအောင် လုပ်နိုင်ခဲ့ပါတယ်။ သူတို့လည်း ပုံမှန်အတိုင်းရအောင် မစွမ်းဆောင်နိုင်ပါဘူး။

ကျွန်တော်တို့လည်း ခံစစ်ကို အကောင်းဆုံး ကစားနိုင်တယ်လို့ ထင်ပါတယ်။ နှစ်သင်းစလုံးက အခွင့်အရေးရခဲ့ပေမယ့် ကျွန်တော်တို့ တစ်ဖက်တစ်မှတ်စီ ခွဲယူနိုင်ခဲ့ကြပါတယ်။ တစ်မှတ်ရတာက ဘာအမှတ်မှ မရတာထက်စာရင် ပိုကောင်းပါတယ်။ မန်စီးတီးအသင်းက အရမ်းကောင်းတဲ့အသင်းတစ်သင်းဖြစ်ပြီး ကျွန်တော်တို့ တိုးတက်လာတယ်ဆိုတာကို ဒီညမှာ ပြသနိုင်ခဲ့ပါတယ်။

ဒီပွဲမတိုင်ခင် ဒါဘီပွဲတွေမှာ မန်စီးတီးအသင်းက ပိုပြီး လွှမ်းမိုးနိုင်ခဲ့ပေမယ့် ကျွန်တော်တို့လည်း ကျွန်တော်တို့ ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။အမြင့်ဆုံးစွမ်းဆောင်ရည်ရအောင် လုပ်ရမယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ရဲ့ ခေါင်းတွေကို ငိုက်ထားပြီး အလုပ်ကိုကြိုးစားသွားမယ်” လို့ လုခ်ရှောက ပြောသွားခဲ့တာဖြစ်ပါတယ်။

အမွတ္မရတာထက္ တစ္မွတ္ရတာက ပိုေကာင္းတယ္လို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္ေနာက္ခံလူ လုခ္ေရွာ

ယူႏိုက္တက္အသင္းရဲ႕ ဘယ္ေနာက္ခံလူ လုခ္ေရွာက မေန႔ညက မန္စီးတီးအသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ (၀-၀) သေရက်ခဲ့တဲ့အေပၚ ေပ်ာ္ရႊင္ေနတာျဖစ္ပါတယ္။ လုခ္ေရွာက သေရတစ္မွတ္ရခဲ့တာက မွန္ကန္တဲ့ရလဒ္လို႔ ေျပာသြားခဲ့တာပါ။

“ ပြဲက အရမ္းကို က်ပ္တည္းၿပီး ခက္ခဲခဲ့တဲ့ပြဲပါ။ ကၽြန္ေတာ္တို႔လည္း သူတို႔ကို ခက္ခဲေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။ သူတို႔လည္း ပံုမွန္အတိုင္းရေအာင္ မစြမ္းေဆာင္ႏိုင္ပါဘူး။

ကၽြန္ေတာ္တို႔လည္း ခံစစ္ကို အေကာင္းဆံုး ကစားႏိုင္တယ္လို႔ ထင္ပါတယ္။ ႏွစ္သင္းစလံုးက အခြင့္အေရးရခဲ့ေပမယ့္ ကၽြန္ေတာ္တို႔ တစ္ဖက္တစ္မွတ္စီ ခြဲယူႏိုင္ခဲ့ၾကပါတယ္။ တစ္မွတ္ရတာက ဘာအမွတ္မွ မရတာထက္စာရင္ ပိုေကာင္းပါတယ္။ မန္စီးတီးအသင္းက အရမ္းေကာင္းတဲ့အသင္းတစ္သင္းျဖစ္ၿပီး ကၽြန္ေတာ္တို႔ တိုးတက္လာတယ္ဆိုတာကို ဒီညမွာ ျပသႏိုင္ခဲ့ပါတယ္။

ဒီပြဲမတိုင္ခင္ ဒါဘီပြဲေတြမွာ မန္စီးတီးအသင္းက ပိုၿပီး လႊမ္းမိုးႏိုင္ခဲ့ေပမယ့္ ကၽြန္ေတာ္တို႔လည္း ကၽြန္ေတာ္တို႔ ေျခစြမ္းကို ျပသႏိုင္ခဲ့ပါတယ္။အျမင့္ဆံုးစြမ္းေဆာင္ရည္ရေအာင္ လုပ္ရမယ္ဆိုတာကို ကၽြန္ေတာ္တို႔ သိပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ေခါင္းေတြကို ငိုက္ထားၿပီး အလုပ္ကိုႀကိဳးစားသြားမယ္” လို႔ လုခ္ေရွာက ေျပာသြားခဲ့တာျဖစ္ပါတယ္။