ယူနိုက်တက် နဲ့ သရေကျခဲ့လို့ ပျော်ရွှင်နေတဲ့ မန်စီးတီး နည်းပြ ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ဂွါဒီယိုလာ ယူနိုက်တက် နဲ့ ဒါဘီပွဲ (ဝ-၀)သရေကျခဲ့လို့ ပျော်ရွှင်နေပါတယ်။ ဂွါဒီယိုလာက မန်စီးတီးအသင်းဟာ ယူနိုက်တက်အသင်းနဲ့ ပွဲမှာ တိုက်စစ်ပိုင်း ရုန်းကန်ခဲ့ရပြီး ဂိုးမရှိသရေကျခဲ့ပေမယ့် စွမ်းဆောင်ရည်ကောင်းခဲ့ပြီး သရေတစ်မှတ် ရယူနိုင်ခဲ့တဲ့အသင်းအတွက် ကျေနပ်နေတာ ဖြစ်ပါတယ်။
“ တစ်မှတ်ရတာ အရမ်းကောင်းပါတယ်။ ကျွန်တော်က အနိုင်ရချင်ပေမယ့် ဒီရလဒ်က အဆင်ပြေပါတယ်။ ကျွန်တော်တို့က အဝေးကွင်းမှာ ကစားရတာကို မေ့ထားလို့ မရပါဘူး။ သူတို့ ရှေ့တန်းက အရမ်းမြန်ပါတယ်။ ဒါက ယူနိုက်တက်အသင်းပါ။ ပွဲချိန်တော်တေ်ာများများ ကျွန်တော်တို့ ကောင်းခဲ့ပါတယ်။
ကျွန်တော်တို့ဟာ ဂိုးသွင်းခွင့်တွေ မဖန်တီးနိုင်ခဲ့ပေမယ့် အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ဂိုးသွင်းဖို့ ရုန်းကန်နေရလို့ စုစည်းဖို့ လိုခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကနေ ဂိုးပေးလို့ မရပါဘူး။ ကျွန်တော်ကတော့ အရမ်းဂုဏ်ယူမိပါတယ်။ သူတို့က အရမ်းမြန်ပြီး အရမ်းကောင်း ပါတယ်။
အိုးထရက်ဖိုဒ့်မှာသူတို့က အရမ်းကောင်းပါတယ်။ မန်စီးတီးအသင်းအတွက် အားလုံးက အများကြီးမျှော်လင့်ထားကြတာကို ကျွန်တော်သိပါတယ်။ ဒါကို ကျွန်တော်တို့ လက်ခံရပါမယ်” လို့ ဂွါဒီယိုလာ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။