မန်ချက်စတာဒါဘီပွဲက ပျင်းစရာကြီးလို့ ဝေဖန်လိုက်တဲ့ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားကြီး ရွိုင်ကိန်းက စနေနေ့က ဂိုးမရှိသရေကျခဲ့တဲ့ မန်စီးတီး နဲ့ ယူနိုက်တက် ပွဲအပေါ်ထားရှိတဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကို ဝေဖန်သွားခဲ့ပါတယ်။ ပြိုင်ဆိုင်မှု နည်းပါးခဲ့တဲ့ ပွဲချိန်အတွင်း အဝါကတ် (၂) ကတ် ပဲအပြခံခဲ့ရပြီး ပွဲအပြီးမှာ ဂျွန်စတုန်း နဲ့ မက်ဂွဲရားတို့က ပျော်ပျော်ရွှင်ရွှင် အားရကျေနပ်ဖွယ် တစ်ဦးကို တစ်ဦး ပွေ့ဖက်နေခဲ့ကြတာ ဖြစ်ပါတယ်။

စကိုင်းစပေါ့ရဲ့ ဘောလုံးဝေဖန်သူအဖြစ် လုပ်ကိုင်နေတဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဟာ ပွဲချိန်အတွင်း ပွဲကြည့်စဉ်မှာ ရှိနေခဲ့ပါတယ်။

“ ကျွန်တော်တို့ ဒီနေ့ပွဲကို အများကြီးဝေဖန်နိုင်ပါတယ်။ တစ်ကယ်ကို ငြီးငွေ့ဖွယ်ကောင်းပါတယ်။ ပွဲချိန်အတွင်း အဝါကတ် (၂) ပဲ ထိခဲ့ပြီး ပွဲအပြီးမှာလည်း တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ဖက်နေကြပြီး ပျော်ရွှင်နေကြပါတယ်။

ဒါက ဒါဘီပွဲတစ်ပွဲပါ။ ကျွန်တော်ခေါင်းကိုကျွန်တော်ကုတ်နေမိပါတယ်။ ကျွန်တော်တစ်ကယ်ကို စိတ်ရှုတ်နေတာပါ။ ပွဲကို အနိုင်ရဖို့ နည်းလမ်းကို သူတို့ မရှာဖွေကြပါဘူး။ နှစ်သင်းစလုံးက အရည်အသွေးပျောက်ဆုံးနေပြီး တစ်ကယ်ကို ပျင်းစရာကောင်းလို့ ကျွန်တော် စိတ်ပျက်မိပါတယ်။

ဒီအသင်းတွေဟာ ပြီးခဲ့တဲ့ နှစ်တွေက ပွဲတွေကို အနိုင်ရဖို့ ကြိုးစားခဲ့တဲ့ အသင်းတွေဖြစ်ပါတယ်။ ပင်နယ်တီဧရိယာအတွင်းမှာလည်း (၇)ယောက် (၈) ယောက် နေတာကို ကျွန်တော်မပြောပါပေမယ့် သရေကျဖို့ကို ဦးတည်ပြီး ကစားလို့မရပါဘူး”” လို့ ရွိုင်ကိန်းက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မန္ခ်က္စတာဒါဘီပြဲက ပ်င္းစရာႀကီးလို႔ ေ၀ဖန္လိုက္တဲ့ ယူႏိုက္တက္ ဂႏၲ၀င္ ရြိဳင္ကိန္း

ယူႏိုက္တက္အသင္းရဲ႕ ဂႏၲ၀င္ကစားသမားႀကီး ရြိဳင္ကိန္းက စေနေန႔က ဂိုးမရွိသေရက်ခဲ့တဲ့ မန္စီးတီး နဲ႔ ယူႏိုက္တက္ ပြဲအေပၚထားရွိတဲ့ ကစားသမားေတြရဲ႕ စိတ္ဓာတ္ပိုင္းကို ေ၀ဖန္သြားခဲ့ပါတယ္။ ၿပိဳင္ဆိုင္မႈ နည္းပါးခဲ့တဲ့ ပြဲခ်ိန္အတြင္း အဝါကတ္ (၂) ကတ္ ပဲအျပခံခဲ့ရၿပီး ပြဲအၿပီးမွာ ဂၽြန္စတုန္း နဲ႔ မက္ဂြဲရားတို႔က ေပ်ာ္ေပ်ာ္ရႊင္ရႊင္ အားရေက်နပ္ဖြယ္ တစ္ဦးကို တစ္ဦး ေပြ႕ဖက္ေနခဲ့ၾကတာ ျဖစ္ပါတယ္။

စကိုင္းစေပါ့ရဲ႕ ေဘာလံုးေ၀ဖန္သူအျဖစ္ လုပ္ကိုင္ေနတဲ့ ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းဟာ ပြဲခ်ိန္အတြင္း ပြဲၾကည့္စဥ္မွာ ရွိေနခဲ့ပါတယ္။

“ ကၽြန္ေတာ္တို႔ ဒီေန႔ပြဲကို အမ်ားႀကီးေ၀ဖန္ႏိုင္ပါတယ္။ တစ္ကယ္ကို ၿငီးေငြ႕ဖြယ္ေကာင္းပါတယ္။ ပြဲခ်ိန္အတြင္း အဝါကတ္ (၂) ပဲ ထိခဲ့ၿပီး ပြဲအၿပီးမွာလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ဖက္ေနၾကၿပီး ေပ်ာ္ရႊင္ေနၾကပါတယ္။

ဒါက ဒါဘီပြဲတစ္ပြဲပါ။ ကၽြန္ေတာ္ေခါင္းကိုကၽြန္ေတာ္ကုတ္ေနမိပါတယ္။ ကၽြန္ေတာ္တစ္ကယ္ကို စိတ္ရႈတ္ေနတာပါ။ ပြဲကို အႏိုင္ရဖို႔ နည္းလမ္းကို သူတို႔ မရွာေဖြၾကပါဘူး။ ႏွစ္သင္းစလံုးက အရည္အေသြးေပ်ာက္ဆံုးေနၿပီး တစ္ကယ္ကို ပ်င္းစရာေကာင္းလို႔ ကၽြန္ေတာ္ စိတ္ပ်က္မိပါတယ္။

ဒီအသင္းေတြဟာ ၿပီးခဲ့တဲ့ ႏွစ္ေတြက ပြဲေတြကို အႏိုင္ရဖို႔ ႀကိဳးစားခဲ့တဲ့ အသင္းေတြျဖစ္ပါတယ္။ ပင္နယ္တီဧရိယာအတြင္းမွာလည္း (၇)ေယာက္ (၈) ေယာက္ ေနတာကို ကၽြန္ေတာ္မေျပာပါေပမယ့္ သေရက်ဖို႔ကို ဦးတည္ၿပီး ကစားလို႔မရပါဘူး”” လို႔ ရြိဳင္ကိန္းက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။