ပေါ့ဘာရဲ့ လက်ရှိအခြေအနေအတွက် အသင်းကို ဒေါသထွက်နေပြီး ဖာနန်ဒက်စ်က ယူနိုက်တက်ရဲ့ ဒီဘရူနီလို့ ပြောခဲ့တဲ့ ကစားသမားဟောင်း လူးဝစ်ဆာဟာ


ယူနိုက်တက်အသင်းကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ လူးဝစ်ဆာဟာက ကွင်းလယ်လူပေါ့ဘာရဲ့ လက်ရှိအခြေအနေအ တွက် အသင်းရဲ့လုပ်ဆောင်မှုတွေကြောင့် ဒေါသဖြစ်နေပြီးနားမလည်နိုင်အောင်ဖြစ်ရတယ်လို့ ပြောခဲ့ပါတယ်။ ကမ္ဘာ့ အ ကောင်းဆုံးကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ပေါ့ဘာကို ရီးရဲလ်အသင်းကခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဂျူဗင်တပ်အသင်းက လည်း ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


ပေါ့ဘာအနေနဲ့ ဖာနန်ဒက်စ်ရောက်လာပြီးနောက် အသင်းရဲ့ကွင်းလယ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး နွေရာသီအပြောင်း အရွှေ့မှာ ဗန်ဒီဘိတ်ခ်ရောက်လာပြီးနောက်မှာတော့ အသင်းပရိသတ်တွေက ကွင်းလယ်မှာ ပေါ့ဘာကို အလိုမရှိတဲ့ အ ကြောင်းတွေဖော်ပြလာတာကြောင့် ကစားသမားကိုယ်တိုင်က ရီးရဲလ်ကို ပြောင်းရွှေ့ကစားချင်တယ်လို့ လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်။ ရီးရဲလ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပေါ့ဘာရဲ့ အပြောင်းအရွှေ့ ဖြစ်လာနိုင်ကြောင်းလည်း သုံးသပ်ဝေဖန်မှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။

ဆာဟာက “ ပေါ့ဘာရဲ့လက်ရှိအခြေအနေအတွက် အသင်းရဲ့လုပ်ဆောင်မှုကို ဒေါသထွက်မိပါတယ်။ အသင်းတာဝန်ရှိ သူတွေက ပေါ့ဘာရဲ့ အေးဂျင့်ရွိုင်အိုလာကို အပြစ်တင်နေကြတာ အဖြေမဟုတ်ပါဘူး။ ပေ့ါဘာလို ကစားသမားမျိုးကို လက်လွှတ်ခံမယ်ဆိုတာ တကယ်ကို မစဉ်းစားနိုင်အောင်ပါ” လို့ ပြောခဲ့သလို ဆက်ပြီးတော့လည်း အသင်းရဲ့ကွင်းလယ် မှာ ခြေစွမ်းပြနေတဲ့ဖာနန်ဒက်စ်က ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူအဖြစ် သတ်မှတ်ခံရတဲ့ ဒီဘရူနီရဲ့ စွမ်းဆောင်ရည် အတူတူဖြစ်ပြီး ယူနိုက်တက်ရဲ့ ဒီဘရူနီဖြစ်တယ်ဆိုပြီး ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။

zawgyi version

ေပါ့ဘာရဲ႕ လက္ရွိအေျခအေနအတြက္ အသင္းကို ေဒါသထြက္ေနၿပီး ဖာနန္ဒက္စ္က ယူႏိုက္တက္ရဲ႕ ဒီဘ႐ူနီလို႔ ေျပာခဲ့တဲ့ ကစားသမားေဟာင္း လူးဝစ္ဆာဟာ
ယူႏိုက္တက္အသင္းကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ လူးဝစ္ဆာဟာက ကြင္းလယ္လူေပါ့ဘာရဲ႕ လက္ရွိအေျခအေနအ တြက္ အသင္းရဲ႕လုပ္ေဆာင္မႈေတြေၾကာင့္ ေဒါသျဖစ္ေနၿပီးနားမလည္ႏိုင္ေအာင္ျဖစ္ရတယ္လို႔ ေျပာခဲ့ပါတယ္။ ကမ႓ာ့ အ ေကာင္းဆံုးကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ေပါ့ဘာကို ရီးရဲလ္အသင္းကေခၚယူဖို႔ စိတ္ဝင္စားေနသလို ဂ်ဴဗင္တပ္အသင္းက လည္း ေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
ေပါ့ဘာအေနနဲ႔ ဖာနန္ဒက္စ္ေရာက္လာၿပီးေနာက္ အသင္းရဲ႕ကြင္းလယ္မွာ ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရၿပီး ေႏြရာသီအေျပာင္း အေရႊ႕မွာ ဗန္ဒီဘိတ္ခ္ေရာက္လာၿပီးေနာက္မွာေတာ့ အသင္းပရိသတ္ေတြက ကြင္းလယ္မွာ ေပါ့ဘာကို အလိုမရွိတဲ့ အ ေၾကာင္းေတြေဖာ္ျပလာတာေၾကာင့္ ကစားသမားကိုယ္တိုင္က ရီးရဲလ္ကို ေျပာင္းေရႊ႕ကစားခ်င္တယ္လို႔ လူသိရွင္ၾကား ေျပာဆိုခဲ့ပါတယ္။ ရီးရဲလ္ကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတာေၾကာင့္ လာမယ့္ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ ေပါ့ဘာရဲ႕ အေျပာင္းအေရႊ႕ ျဖစ္လာႏိုင္ေၾကာင္းလည္း သံုးသပ္ေဝဖန္မႈေတြ ရွိေနတာပဲ ျဖစ္ပါတယ္။
ဆာဟာက “ ေပါ့ဘာရဲ႕လက္ရွိအေျခအေနအတြက္ အသင္းရဲ႕လုပ္ေဆာင္မႈကို ေဒါသထြက္မိပါတယ္။ အသင္းတာဝန္ရွိ သူေတြက ေပါ့ဘာရဲ႕ ေအးဂ်င့္ရြိဳင္အိုလာကို အျပစ္တင္ေနၾကတာ အေျဖမဟုတ္ပါဘူး။ ေပ့ါဘာလို ကစားသမားမ်ိဳးကို လက္လႊတ္ခံမယ္ဆိုတာ တကယ္ကို မစဥ္းစားႏိုင္ေအာင္ပါ” လို႔ ေျပာခဲ့သလို ဆက္ၿပီးေတာ့လည္း အသင္းရဲ႕ကြင္းလယ္ မွာ ေျခစြမ္းျပေနတဲ့ဖာနန္ဒက္စ္က ကမ႓ာ့အေကာင္းဆံုးကြင္းလယ္လူအျဖစ္ သတ္မွတ္ခံရတဲ့ ဒီဘ႐ူနီရဲ႕ စြမ္းေဆာင္ရည္ အတူတူျဖစ္ၿပီး ယူႏိုက္တက္ရဲ႕ ဒီဘ႐ူနီျဖစ္တယ္ဆိုၿပီး ခ်ီးက်ဴးမႈ ျပဳလုပ္ခဲ့ပါတယ္။