ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ ယူနိုက်တက်ကြောင့် မန်ချက်စတာဒါဘီမှာ မန်စီးတီးအနေနဲ့ ရလဒ်မကောင်းမှာကို ဒီဘရူနီ စိုးရိမ်နေ


မန်စီးတီးကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဒီဘရူနီက ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာဒါဘီမှာ ယူနိုက်တက်ရဲ့ရုန်း အားကြောင့် အသင်းအနေနဲ့ ရလဒ်မကောင်းဖြစ်မှာကို စိုးရိမ်နေကြောင်း သတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ ဒီဘ ရူနီက ချန်ပီယံလိဂ်ပွဲစဉ်မှာ လစ်ပ်ဇစ်ကိုရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရလို့ ယူနိုက်တက်အနေနဲ့ ဒါဘီပွဲမှာ ရလဒ်ကောင်းရဖို့ ပြင် ဆင်လာမှာဖြစ်တာကြောင့် အသင်းအနေနဲ့ အဝေးကွင်းမှာ ရုန်းကန်ရနိုင်ကြောင်း ပြောခဲ့ပါတယ်။


ဘယ်ဂျီယံကွင်းလယ်လူက “ ဒါဘီပွဲစဉ်မှာ ကျွန်တော်တို့အသင်းအနေနဲ့ သတိထားပြီးတော့ကစားရပါမယ်။ ဒါဘီပွဲတွေရဲ့ အစဉ်အလာအတိုင်း အကြိတ်အနယ်ရှိတဲ့ပွဲကောင်းတစ်ပွဲ ဖြစ်လာမယ်ဆိုတာ သေချာပြီး သူတို့အသင်းရဲ့ အခြေအနေ ကြောင့် ခက်ခဲတဲ့ပွဲစဉ် တစ်ပွဲဖြစ်လာမှာပဲ ဖြစ်ပါတယ်။ အသင်းမှာ အဓိက,ကစားသမားအချို့ ဒဏ်ရာကြောင့် ပါဝင်နိုင်ဖို့ မရှိပေမယ့် အကောင်းဆုံးရလဒ်ရရှိအောင် လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။


ပြီးခဲ့တဲ့ရာသီက မန်ချက်စတာ နှစ်သင်းဟာ ပြိုင်ပွဲစုံမှာ လေးကြိမ်ယှဉ်ပြိုင်ခဲ့ရပြီး ယူနိုက်တက်က သုံးကြိမ်အထိအနိုင်ရခဲ့ပါ တယ်။ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်အနေနဲ့ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ကို အဓိကထားပြီး တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့ပေမယ့် ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ကာဗာနီနဲ့ ဗန်ဒီဘိတ်ခ်တို့လို ကစားသမားကောင်းတွေ ရောက်လာတာကြောင့် တိုက်စစ် ကို အားပြုပြီး အိမ်ကွင်းပွဲစဉ်မှာ အနိုင်ရအောင် ကြိုးစားလာနိုင်ကြောင်းလည်း ဒီဘရူနီက ပြောခဲ့ပါတယ်။

zawgyi version

ခ်န္ပီယံလိဂ္က ထြက္ခဲ့ရတဲ့ ယူႏိုက္တက္ေၾကာင့္ မန္ခ်က္စတာဒါဘီမွာ မန္စီးတီးအေနနဲ႔ ရလဒ္မေကာင္းမွာကို ဒီဘ႐ူနီ စိုးရိမ္ေန
မန္စီးတီးကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဒီဘ႐ူနီက ဒီေန႔ညမွာ ယွဥ္ၿပိဳင္ကစားမယ့္ မန္ခ်က္စတာဒါဘီမွာ ယူႏိုက္တက္ရဲ႕႐ုန္း အားေၾကာင့္ အသင္းအေနနဲ႔ ရလဒ္မေကာင္းျဖစ္မွာကို စိုးရိမ္ေနေၾကာင္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။ ဒီဘ ႐ူနီက ခ်န္ပီယံလိဂ္ပြဲစဥ္မွာ လစ္ပ္ဇစ္ကိုရႈံးၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရလို႔ ယူႏိုက္တက္အေနနဲ႔ ဒါဘီပြဲမွာ ရလဒ္ေကာင္းရဖို႔ ျပင္ ဆင္လာမွာျဖစ္တာေၾကာင့္ အသင္းအေနနဲ႔ အေဝးကြင္းမွာ ႐ုန္းကန္ရႏိုင္ေၾကာင္း ေျပာခဲ့ပါတယ္။
ဘယ္ဂ်ီယံကြင္းလယ္လူက “ ဒါဘီပြဲစဥ္မွာ ကြ်န္ေတာ္တို႔အသင္းအေနနဲ႔ သတိထားၿပီးေတာ့ကစားရပါမယ္။ ဒါဘီပြဲေတြရဲ႕ အစဥ္အလာအတိုင္း အႀကိတ္အနယ္ရွိတဲ့ပြဲေကာင္းတစ္ပြဲ ျဖစ္လာမယ္ဆိုတာ ေသခ်ာၿပီး သူတို႔အသင္းရဲ႕ အေျခအေန ေၾကာင့္ ခက္ခဲတဲ့ပြဲစဥ္ တစ္ပြဲျဖစ္လာမွာပဲ ျဖစ္ပါတယ္။ အသင္းမွာ အဓိက,ကစားသမားအခ်ိဳ႕ ဒဏ္ရာေၾကာင့္ ပါဝင္ႏိုင္ဖို႔ မရွိေပမယ့္ အေကာင္းဆံုးရလဒ္ရရွိေအာင္ လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရာသီက မန္ခ်က္စတာ ႏွစ္သင္းဟာ ၿပိဳင္ပြဲစံုမွာ ေလးႀကိမ္ယွဥ္ၿပိဳင္ခဲ့ရၿပီး ယူႏိုက္တက္က သံုးႀကိမ္အထိအႏိုင္ရခဲ့ပါ တယ္။ ၿပီးခဲ့တဲ့ရာသီမွာ ယူႏိုက္တက္အေနနဲ႔ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔ကို အဓိကထားၿပီး တန္ျပန္တိုက္စစ္နဲ႔ ကစားခဲ့ေပမယ့္ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ ကာဗာနီနဲ႔ ဗန္ဒီဘိတ္ခ္တို႔လို ကစားသမားေကာင္းေတြ ေရာက္လာတာေၾကာင့္ တိုက္စစ္ ကို အားျပဳၿပီး အိမ္ကြင္းပြဲစဥ္မွာ အႏိုင္ရေအာင္ ႀကိဳးစားလာႏိုင္ေၾကာင္းလည္း ဒီဘ႐ူနီက ေျပာခဲ့ပါတယ္။