အာတီတာကို သုံးပွဲသာ စောင့်ကြည့်တော့မှာ ဖြစ်ပြီး အလီဂရီနဲ့ အစားထိုးဖို့အတွက် ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေ


ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အမှတ်ပေးဇယား အဆင့်-၁၅ နေရာကိုရောက်နေတာကြောင့် အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ နည်းပြ အာတီတာကို ထုတ်ပယ်ပြီး ဂျူဗင်တပ်နည်းပြဟောင်း အလီဂရီကိုနည်းပြ အဖြစ်ခန့်အပ်ဖို့ လုပ်ဆောင်နေတယ်လို့ အီတလီကလာတဲ့သတင်းတွေအရ သိရပါတယ်။ အီတလီသတင်းစာတစ်စောင် ဖြစ်တဲ့ calciomercato ရဲ့ ဖော်ပြချက်အရတော့ အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ အာတီတာကို လာမယ့်ပွဲစဉ် ၃ ပွဲသာ စောင့်ကြည့်တော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။


သတင်းတွေရဲ့ဖော်ပြချက်အရတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲကစားပြီးချိန်မှာ နိုင်ပွဲ ၄ပွဲသာရခဲ့သလို တိုက်စစ်ကလည်း သွင်းဂိုး ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းကို အလီဂရီအနေနဲ့ ပြောင်းလဲမှုပြုလုပ်ဖို့အတွက် ပြင်ဆင်နေ တယ်လို့လည်း သိရပါတယ်။ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ အူဘာမီယန်၊ လာကာဇက်တီ၊ ဝီလီယံတို့အနေနဲ့ ပုံမှန် ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့အခြေအနေမှာ အာတီတာအနေနဲ့ အပြောင်းအလဲတစ်ရပ်ပြုလုပ်နိုင်ခြင်းမရှိတာကြောင့် ထုတ် ပယ်ခံရတော့မှာဖြစ်ပြီး လာမယ့်ပွဲစဉ် ၃ပွဲက သူရဲ့ အနာဂတ်အတွက် အဆုံးအဖြတ်ဖြစ်တယ်လို့လည်း သိရပါတယ်။


အာတီတာအနေနဲ့ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲဖြစ်တဲ့ ဘန်လေ၊ ဆောက်သမ်တန်၊ အဲဗာတန်အသင်းတို့နဲ့ ကစားရ မယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းရဖို့ လိုအပ်နေတာပဲဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေမကောင်း ဖြစ်နေပေမယ့် ယူရိုပါလိဂ်မှာတော့ အုပ်စုအဆင့်ပွဲစဉ် ၅ ပွဲကစားပြီးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲရထားတာကြောင့် ရှုံးထွက် -၃၂ သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

zawgyi version

အာတီတာကို သံုးပြဲသာ ေစာင့္ၾကည့္ေတာ့မွာ ျဖစ္ၿပီး အလီဂရီနဲ႔ အစားထိုးဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေန
ပရီးမီးယားလိဂ္မွာ ရလဒ္ဆိုးေတြနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ အမွတ္ေပးဇယား အဆင့္-၁၅ ေနရာကိုေရာက္ေနတာေၾကာင့္ အာဆင္နယ္အသင္းတာဝန္ရွိသူေတြဟာ နည္းျပ အာတီတာကို ထုတ္ပယ္ၿပီး ဂ်ဴဗင္တပ္နည္းျပေဟာင္း အလီဂရီကိုနည္းျပ အျဖစ္ခန္႔အပ္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ အီတလီကလာတဲ့သတင္းေတြအရ သိရပါတယ္။ အီတလီသတင္းစာတစ္ေစာင္ ျဖစ္တဲ့ calciomercato ရဲ႕ ေဖာ္ျပခ်က္အရေတာ့ အာဆင္နယ္အသင္းတာဝန္ရွိသူေတြဟာ အာတီတာကို လာမယ့္ပြဲစဥ္ ၃ ပြဲသာ ေစာင့္ၾကည့္ေတာ့မွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၁ ပြဲကစားၿပီးခ်ိန္မွာ ႏိုင္ပြဲ ၄ပြဲသာရခဲ့သလို တိုက္စစ္ကလည္း သြင္းဂိုး ၁၀ ဂိုးသာ သြင္းယူႏိုင္ခဲ့တဲ့ အာဆင္နယ္အသင္းကို အလီဂရီအေနနဲ႔ ေျပာင္းလဲမႈျပဳလုပ္ဖို႔အတြက္ ျပင္ဆင္ေန တယ္လို႔လည္း သိရပါတယ္။ နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ အူဘာမီယန္၊ လာကာဇက္တီ၊ ဝီလီယံတို႔အေနနဲ႔ ပံုမွန္ ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရတဲ့အေျခအေနမွာ အာတီတာအေနနဲ႔ အေျပာင္းအလဲတစ္ရပ္ျပဳလုပ္ႏိုင္ျခင္းမရွိတာေၾကာင့္ ထုတ္ ပယ္ခံရေတာ့မွာျဖစ္ၿပီး လာမယ့္ပြဲစဥ္ ၃ပြဲက သူရဲ႕ အနာဂတ္အတြက္ အဆံုးအျဖတ္ျဖစ္တယ္လို႔လည္း သိရပါတယ္။
အာတီတာအေနနဲ႔ လာမယ့္ပရီးမီးယားလိဂ္ပြဲစဥ္ ၃ ပြဲျဖစ္တဲ့ ဘန္ေလ၊ ေဆာက္သမ္တန္၊ အဲဗာတန္အသင္းတို႔နဲ႔ ကစားရ မယ့္ပြဲစဥ္ေတြမွာ ရလဒ္ေကာင္းရဖို႔ လိုအပ္ေနတာပဲျဖစ္ပါတယ္။ အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ ရလဒ္ေတြမေကာင္း ျဖစ္ေနေပမယ့္ ယူ႐ိုပါလိဂ္မွာေတာ့ အုပ္စုအဆင့္ပြဲစဥ္ ၅ ပြဲကစားၿပီးခ်ိန္မွာ ရာႏႈန္းျပည့္ႏိုင္ပြဲရထားတာေၾကာင့္ ရႈံးထြက္ -၃၂ သင္းအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီပဲ ျဖစ္ပါတယ္။