ယူရိုပါလိဂ်မှာတော့ ယူနိုက်တက်က ရေပန်းအစားဆုံး ဖြစ်နေမှာပါ လို့ အသင်းဟောင်းကို ရန်စလိုက်တဲ့ မော်ရင်ဟို


လက်ရှိမှာ စပါးအသင်းကို ကိုင်တွယ်နေတဲ့ မော်ရင်ဟို ချန်ပီယံလိဂ်ကနေ ရှုံးနိမ့်ပြီး ယူရိုပါလိဂ်ကို ဆင်းကစားရမယ့် အ သင်းဟောင်းယူနိုက်တက်အနေနဲ့ ယူရိုပါလိဂ်မှာတော့ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေမှာပါလို့ ပြောပြီး ရန်စခခဲ့ပါ တယ်။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ လစ်ပ်ဇစ်အသင်းကို သုံးဂိုးနှစ်ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ကြောင့် ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် မတက်နိုင်ခဲ့ဘဲ ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ရတာပဲ ဖြစ်ပါတယ်။


၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ယူနိုက်တက်ကို မော်ရင်ဟို ကိုင်တွယ်ခဲ့တုန်းက အသင်းအနေနဲ့ ယူရိုပါလိဂ်ချန်ပီယံ ဆုကို ရရှိခဲ့သလို ချန်ပီယံလိဂ်လည်း ကစားခွင့်ရခဲ့ဖူးတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ မော်ရင်ဟိုက “ လက်ရှိယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက်ကတော့ ယူနိုက်တက်က ရေပန်းအစားဆုံးဖြစ်နေမှာပါ။ ဘာ ကြောင့်လဲ ဆိုရင် သူတို့က ချန်ပီယံလိဂ်က ဆင်းလာတဲ့အသင်းကြီး ဖြစ်နေလို့ပါပဲ” ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။


ဆက်လက်ပြီး မော်ရင်ဟိုက အသင်းမှာ လိုရစ်၊ အော်ရီယာ၊ ရီဂူလွန်တို့ ဒဏ်ရာပြဿနာကြောင့် မကစားနိုင်သေးဘူး ဆို ပေမယ့် ဒန်ဒွမ်ဘီလီအနေနဲ့ ပြန်ကစားနိုင်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ပထမအကျော့က အဝေးကွင်းမှာ ရှုံးခဲ့တဲ့ အန့်ဝပ်အသင်းကို ပြန်လည်အနိုင်ရဖို့အတွက် ကြိုးစားသွားမှာဖြစ်တယ်လို့ မော်ရင်ဟိုက ပြောခဲ့ပါတယ်။ စပါးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၅ ပွဲမှာ အန့်ဝပ် တစ်သင်းတည်းကိုပဲ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

zawgyi version

ယူ႐ိုပါလိဂ္မွာေတာ့ ယူႏိုက္တက္က ေရပန္းအစားဆံုး ျဖစ္ေနမွာပါ လို႔ အသင္းေဟာင္းကို ရန္စလိုက္တဲ့ ေမာ္ရင္ဟို
လက္ရွိမွာ စပါးအသင္းကို ကိုင္တြယ္ေနတဲ့ ေမာ္ရင္ဟို ခ်န္ပီယံလိဂ္ကေန ရႈံးနိမ့္ၿပီး ယူ႐ိုပါလိဂ္ကို ဆင္းကစားရမယ့္ အ သင္းေဟာင္းယူႏိုက္တက္အေနနဲ႔ ယူ႐ိုပါလိဂ္မွာေတာ့ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆံုး ျဖစ္ေနမွာပါလို႔ ေျပာၿပီး ရန္စခခဲ့ပါ တယ္။ ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ေနာက္ဆံုးပြဲစဥ္မွာ လစ္ပ္ဇစ္အသင္းကို သံုးဂိုးႏွစ္ဂိုးနဲ႔ အေရးနိမ့္ခဲ့တာ ေၾကာင့္ ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္ မတက္ႏိုင္ခဲ့ဘဲ ယူ႐ိုပါလိဂ္ကို ဆင္းကစားခဲ့ရတာပဲ ျဖစ္ပါတယ္။
၂၀၁၆ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိ ယူႏိုက္တက္ကို ေမာ္ရင္ဟို ကိုင္တြယ္ခဲ့တုန္းက အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ခ်န္ပီယံ ဆုကို ရရွိခဲ့သလို ခ်န္ပီယံလိဂ္လည္း ကစားခြင့္ရခဲ့ဖူးတာျဖစ္ပါတယ္။ ဗုဒၶဟူးေန႔က ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာေတာ့ ေမာ္ရင္ဟိုက “ လက္ရွိယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔အတြက္ကေတာ့ ယူႏိုက္တက္က ေရပန္းအစားဆံုးျဖစ္ေနမွာပါ။ ဘာ ေၾကာင့္လဲ ဆိုရင္ သူတို႔က ခ်န္ပီယံလိဂ္က ဆင္းလာတဲ့အသင္းႀကီး ျဖစ္ေနလို႔ပါပဲ” ဆိုၿပီး ေျပာခဲ့တာျဖစ္ပါတယ္။
ဆက္လက္ၿပီး ေမာ္ရင္ဟိုက အသင္းမွာ လိုရစ္၊ ေအာ္ရီယာ၊ ရီဂူလြန္တို႔ ဒဏ္ရာျပႆနာေၾကာင့္ မကစားႏိုင္ေသးဘူး ဆို ေပမယ့္ ဒန္ဒြမ္ဘီလီအေနနဲ႔ ျပန္ကစားႏိုင္ၿပီျဖစ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။ ပထမအေက်ာ့က အေဝးကြင္းမွာ ရႈံးခဲ့တဲ့ အန္႔၀ပ္အသင္းကို ျပန္လည္အႏိုင္ရဖို႔အတြက္ ႀကိဳးစားသြားမွာျဖစ္တယ္လို႔ ေမာ္ရင္ဟိုက ေျပာခဲ့ပါတယ္။ စပါးအသင္းဟာ ေနာက္ဆံုးကစားခဲ့တဲ့ ၿပိဳင္ပြဲစံု ၁၅ ပြဲမွာ အန္႔ဝပ္ တစ္သင္းတည္းကိုပဲ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။