ဖိုဒန်က မန်စီးတီးအသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာပြီလို့ ဆိုလိုက်တဲ့ နည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကွင်းလယ်လူ ဖိုဒန်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်လာပြီလို့ ပြောသွားခဲ့ပါတယ်။ ကွင်းလယ်ဖန်တီးရှင်ကစားသမားဟာ ဒေးဗစ်ဆေးလ်ဗား ထွက်ခွာသွားပြီးနောက် အသင်းမှာ ပိုပြီးနေရာရလာသူဖြစ်ပါတယ်။

“ ဟုတ်ပါတယ်။ အဲ့ဒါက အရမ်းကောင်းပါတယ်။ အခုလက်ရှိမှာ သူ့ကစားနေရတာကို ကျွန်တော်မြင်ရသလောက် သူ့ရဲ့ ဂိုးသွင်းနိုင်စွမ်းရည်နဲ့ ဖိအားပေးကစားနိုင်တာတွေက ကျွန်တော်တို့ကို အများကြီးအကူအညီရစေပါတယ်။ သူ ၂၄၊ ၂၅ နှစ်အရွယ်လောက်ရောက်ရင် သူဟာ ဒီထက်ပိုပြီး စွမ်းဆောင်လာနိုင်မယ့် ကစားသမား ဖြစ်ပါတယ်။

အခုသူဟာ တောင်ပံနှစ်ဖက်စလုံးမှာလည်းကစားနိုင်ပြီး နောက်ချန်တိုက်စစ် နဲ့ အထောင်တိုက်စစ်မှူး နေရာမှာလည်း ကစားနိုင်စွမ်းရှိပါတယ်။ နည်းပြတစ်ယောက်အနေနဲ့ နေရာစုံမှာကစားနိုင်တဲ့ သူ့လိုကစားသမားမျိုးကို ပိုင်ဆိုင်ထားတာက အရမ်းကို အရေးပါပါတယ်” လို့ ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။

ဖိုဒန္က မန္စီးတီးအသင္းအတြက္ အေရးပါတဲ့ ကစားသမား ျဖစ္လာၿပီလို႔ ဆိုလိုက္တဲ့ နည္းျပ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာက ကြင္းလယ္လူ ဖိုဒန္ဟာ အသင္းအတြက္ အေရးပါတဲ့ ကစားသမားျဖစ္လာၿပီလို႔ ေျပာသြားခဲ့ပါတယ္။ ကြင္းလယ္ဖန္တီးရွင္ကစားသမားဟာ ေဒးဗစ္ေဆးလ္ဗား ထြက္ခြာသြားၿပီးေနာက္ အသင္းမွာ ပိုၿပီးေနရာရလာသူျဖစ္ပါတယ္။

“ ဟုတ္ပါတယ္။ အဲ့ဒါက အရမ္းေကာင္းပါတယ္။ အခုလက္ရွိမွာ သူ႔ကစားေနရတာကို ကၽြန္ေတာ္ျမင္ရသေလာက္ သူ႔ရဲ႕ ဂိုးသြင္းႏိုင္စြမ္းရည္နဲ႔ ဖိအားေပးကစားႏိုင္တာေတြက ကၽြန္ေတာ္တို႔ကို အမ်ားႀကီးအကူအညီရေစပါတယ္။

သူ ၂၄၊ ၂၅ ႏွစ္အရြယ္ေလာက္ေရာက္ရင္ သူဟာ ဒီထက္ပိုၿပီး စြမ္းေဆာင္လာႏိုင္မယ့္ ကစားသမား ျဖစ္ပါတယ္။ အခုသူဟာ ေတာင္ပံႏွစ္ဖက္စလံုးမွာလည္းကစားႏိုင္ၿပီး ေနာက္ခ်န္တိုက္စစ္ နဲ႔ အေထာင္တိုက္စစ္မွဴး ေနရာမွာလည္း ကစားႏိုင္စြမ္းရွိပါတယ္။ နည္းျပတစ္ေယာက္အေနနဲ႔ ေနရာစံုမွာကစားႏိုင္တဲ့ သူ႔လိုကစားသမားမ်ိဳးကို ပိုင္ဆိုင္ထားတာက အရမ္းကို အေရးပါပါတယ္” လို႔ ဂြါဒီယိုလာက ေျပာသြားခဲ့ပါတယ္။