ချဲလ်ဆီးအသင်း ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်တယ်လို့ ဆိုလိုက်တဲ့ ဂိုးသမားဟောင်း

ချဲလ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိတယ်လို့ ဂိုးသမား ဟောင်းမာ့ခ်ဘော့စ်နစ်ချ်က ပြောသွားခဲ့ပါတယ်။ နည်းပြလမ်းပတ်ရဲ့ အသင်းဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဇယားထိပ်က လီဗာပူးလ် နဲ့ စပါးအသင်းတို့နဲ့ (၂) မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပြီး နောက်ဆုံး (၁၃) ပွဲ ရှုံးပွဲမရှိထားပါဘူး။

“ကျွန်တော်ကတော့ သူတို့ဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တယ်လို့ ထင်ပါတယ်။ သူတို့ဟာ ဂိုးသမားနေရာမှာ မန်ဒီကို ခေါ်ယူထားပြီး နောက်တန်းမှာ သီယာဂိုဆေးလ်ဗားလို ကစားသမားမျိုးကို ခေါ်ယူထားပါတယ်။ ဒါ့အပြင် တီမိုဝါနာ၊ ကိုင်ဟာဗက်ဇ် နဲ့ ပူလီဆစ်တို့လို ကစားသမားတွေလည်း ခေါ်ယူထားပြီး သူတို့ကလည်း တဖြည်းဖြည်း အထိုင်ကျလာပါပြီး ဒါက ရာသီအစကတည်းကဖြစ်ပြီး သူတို့ဟာ အမှတ်ပေးဖလားကို ရနိုင်တယ်လို့ ကျွန်တော်ထင်နေပါတယ်။

သူတို့အတွက်တော့ ခက်ခဲမှာဖြစ်ပါတယ်။ လမ်းပတ် နဲ့ သူ့ဝန်ထမ်းတွေကလည်း ဒါကို ကောင်းကောင်းသိမှာဖြစ်လို့ သေချာကိုင်တွယ်သွားမှာပါ” လို့ ချဲလ်ဆီးဂိုးသမားဟောင်း က စကိုင်းစပေါ့သတင်းဌာနကိုပြောသွားခဲ့တာ ဖြစ်ပါတယ်။

ခ်ဲလ္ဆီးအသင္း ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးႏိုင္တယ္လို႔ ဆိုလိုက္တဲ့ ဂိုးသမားေဟာင္း

ခ်ဲလ္ဆီးအသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးႏိုင္တဲ့ အခြင့္အေရးေတြ အမ်ားႀကီးရွိတယ္လို႔ ဂိုးသမား ေဟာင္းမာ့ခ္ေဘာ့စ္နစ္ခ်္က ေျပာသြားခဲ့ပါတယ္။ နည္းျပလမ္းပတ္ရဲ႕ အသင္းဟာ လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ဇယားထိပ္က လီဗာပူးလ္ နဲ႔ စပါးအသင္းတို႔နဲ႔ (၂) မွတ္အကြာမွာ ရပ္တည္ေနတာျဖစ္ၿပီး ေနာက္ဆံုး (၁၃) ပြဲ ရႈံးပြဲမရွိထားပါဘူး။

“ကၽြန္ေတာ္ကေတာ့ သူတို႔ဟာ အမွတ္ေပးဖလားကို စိန္ေခၚႏိုင္တယ္လို႔ ထင္ပါတယ္။ သူတို႔ဟာ ဂိုးသမားေနရာမွာ မန္ဒီကို ေခၚယူထားၿပီး ေနာက္တန္းမွာ သီယာဂိုေဆးလ္ဗားလို ကစားသမားမ်ိဳးကို ေခၚယူထားပါတယ္။ ဒါ့အျပင္ တီမိုဝါနာ၊ ကိုင္ဟာဗက္ဇ္ နဲ႔ ပူလီဆစ္တို႔လို ကစားသမားေတြလည္း ေခၚယူထားၿပီး သူတို႔ကလည္း တျဖည္းျဖည္း အထိုင္က်လာပါၿပီး  ဒါက ရာသီအစကတည္းကျဖစ္ၿပီး သူတို႔ဟာ အမွတ္ေပးဖလားကို ရႏိုင္တယ္လို႔ ကၽြန္ေတာ္ထင္ေနပါတယ္။

သူတို႔အတြက္ေတာ့ ခက္ခဲမွာျဖစ္ပါတယ္။ လမ္းပတ္ နဲ႔ သူ႔၀န္ထမ္းေတြကလည္း ဒါကို ေကာင္းေကာင္းသိမွာျဖစ္လို႔ ေသခ်ာကိုင္တြယ္သြားမွာပါ” လိို႔ ခ်ဲလ္ဆီးဂိုးသမားေဟာင္း က စကိုင္းစေပါ့သတင္းဌာနကိုေျပာသြားခဲ့တာ ျဖစ္ပါတယ္။