ယူနိုက်တက်အသင်းခြေစွမ်းတည်ငြိမ်မှုရှိမှသာ အောင်မြင်မှု ရမယ်လို့ ဆိုလိုက်တဲ့ နောက်ခံလူဟောင်းဖာဒီနန်

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နောက်ခံလူဟောင်း ဖာဒီနန်က အသင်းအနေနဲ့ လာမယ့် လတွေမှာ ခြေစွမ်းတည်ငြိမ်ဖို့ကို ရှာဖွေဖို့ လိုအပ်နေတယ်လို့ ပြောသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ တစ်ပွဲခြေစွမ်းကောင်းပြီး နောက်တစ်ပွဲ ခြေစွမ်းမပြနိုင်ဖြစ်နေတာ ကြာပြီဖြစ်ပါတယ်။ မနေ့ညက ချန်ပီယံလိဂ်ပွဲမှာတော့ လိုက်ပ်ဇစ်အသင်းကို (၃-၂) နဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေပါ ထွက်ခွာလိုက်ရတဲ့အထိ ပေးဆပ်မှု ကြီးမားခဲ့ပါတယ်။

“ ကျွန်တော်ကတော့ ယူနိုက်တက်အသင်းအနေနဲ့ ကစားပုံတည်ငြိမ်ဖို့ အစီအစဉ်တစ်ခု လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါမှသာ ကစားသမားတွေက အသင်းကို ခြေစွမ်းတည်တည်ငြိမ်ငြိမ် နဲ့ကစားနိုင်မှာပါ။ အဲ့ဒီလိုမလုပ်ရင်တော့ အောင်မြင်မှု ရမှာ မဟုတ်ပါဘူး။ ဒီလိုမတူညီတဲ့ ရလဒ်တွေပဲ ရနေဦးမှာပါ” လို့ ဖာဒီနန်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ယူႏိုက္တက္အသင္းေျခစြမ္းတည္ၿငိမ္မႈရွိမွသာ ေအာင္ျမင္မႈ ရမယ္လို႔ ဆိုလိုက္တဲ့ ေနာက္ခံလူေဟာင္းဖာဒီနန္

ယူႏိုက္တက္အသင္းရဲ႕ ဂႏၲ၀င္ေနာက္ခံလူေဟာင္း ဖာဒီနန္က အသင္းအေနနဲ႔ လာမယ့္ လေတြမွာ ေျခစြမ္းတည္ၿငိမ္ဖို႔ကို ရွာေဖြဖို႔ လိုအပ္ေနတယ္လို႔ ေျပာသြားခဲ့ပါတယ္။ ယူႏိုက္တက္ဟာ တစ္ပြဲေျခစြမ္းေကာင္းၿပီး ေနာက္တစ္ပြဲ ေျခစြမ္းမျပႏိုင္ျဖစ္ေနတာ ၾကာၿပီျဖစ္ပါတယ္။ မေန႔ညက ခ်န္ပီယံလိဂ္ပြဲမွာေတာ့ လိုက္ပ္ဇစ္အသင္းကို (၃-၂) နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေနပါ ထြက္ခြာလိုက္ရတဲ့အထိ ေပးဆပ္မႈ ႀကီးမားခဲ့ပါတယ္။

“ ကၽြန္ေတာ္ကေတာ့ ယူႏိုက္တက္အသင္းအေနနဲ႔ ကစားပံုတည္ၿငိမ္ဖို႔ အစီအစဥ္တစ္ခု လိုအပ္တယ္လို႔ ထင္ပါတယ္။ ဒါမွသာ ကစားသမားေတြက အသင္းကို ေျခစြမး္တည္တည္ၿငိမ္ၿငိမ္ နဲ႔ကစားႏိုင္မွာပါ။ အဲ့ဒီလိုမလုပ္ရင္ေတာ့ ေအာင္ျမင္မႈ ရမွာ မဟုတ္ပါဘူး။ ဒီလိုမတူညီတဲ့ ရလဒ္ေတြပဲ ရေနဦးမွာပါ” လို႔ ဖာဒီနန္က ေျပာသြားခဲ့တာ ျဖစ္ပါတယ္။