လီဗာပူးလ်ကွင်းလယ်လူ ချိန်ဘာလိန် လေ့ကျင့်ရေးပြန်ဆင်းနေ

လီဗာပူးလ်အသင်းအတွက် ကွင်းလယ်ကစားသမား ချိန်ဘာလိန် လေ့ကျင့်ရေးပြန်ဆင်းနေတာက ယခုလို ဒဏ်ရာရ ကစားသမားတွေ များပြားနေတဲ့အချိန်မှာ အင်အားတစ်ရပ်ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ဗုဒ္ဓဟူးနေ့ကစားမယ့် မစ်ဂျဲလ်လန် နဲ့ ချန်ပီယံလိဂ်ပွဲကိုတော့ ပါဝင်ကစားမှာ မဟုတ်သေးပါဘူး။ သို့သော်လည်း ချိန်ဘာလိန်ဟာ ယခုတစ်ပတ် တနင်္ဂနွေနေ့ကစားမယ့် ဖူလ်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပြန်ကစားသွားဖွယ်ရှိနေပါတယ်။

ချိန်ဘာလိန်ဟာ ရာသီအကြိုတုန်းက ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်ပြိုင်ပွဲတုန်းက ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကာလရှည်အနားယူခဲ့ရသူဖြစ်ပါတယ်။ သူဟာ ယခုအခါ အသင်းဖော်တွေနဲ့ အတူ ပြန်လည်လေ့ကျင့်ရေးဆင်းနေပြီး ပရိသတ်တွေကလည်း သူ့ကို မကြာခင်မှာ ကွင်းထဲမှာ ပြန်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

လီဗာပူးလ္ကြင္းလယ္လူ ခ်ိန္ဘာလိန္ ေလ့က်င့္ေရးျပန္ဆင္းေန

လီဗာပူးလ္အသင္းအတြက္ ကြင္းလယ္ကစားသမား ခ်ိန္ဘာလိန္ ေလ့က်င့္ေရးျပန္ဆင္းေနတာက ယခုလို ဒဏ္ရာရ ကစားသမားေတြ မ်ားျပားေနတဲ့အခ်ိန္မွာ အင္အားတစ္ရပ္ျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ ဗုဒၶဟူးေန႔ကစားမယ့္ မစ္ဂ်ဲလ္လန္ နဲ႔ ခ်န္ပီယံလိဂ္ပြဲကိုေတာ့ ပါ၀င္ကစားမွာ မဟုတ္ေသးပါဘူး။ သို႔ေသာ္လည္း ခ်ိန္ဘာလိန္ဟာ ယခုတစ္ပတ္ တနဂၤေႏြေန႔ကစားမယ့္ ဖူလ္ဟမ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲမွာ ျပန္ကစားသြားဖြယ္ရွိေနပါတယ္။

ခ်ိန္ဘာလိန္ဟာ ရာသီအႀကိဳတုန္းက ကစားခဲ့တဲ့ ကြန္ျမဴနတီဒိုင္ၿပိဳင္ပြဲတုန္းက ဒူးဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ကာလရွည္အနားယူခဲ့ရသူျဖစ္ပါတယ္။ သူဟာ ယခုအခါ အသင္းေဖာ္ေတြနဲ႔ အတူ ျပန္လည္ေလ့က်င့္ေရးဆင္းေနၿပီး ပရိသတ္ေတြကလည္း သူ႔ကို မၾကာခင္မွာ ကြင္းထဲမွာ ျပန္ျမင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္။