မစ်ဂျဲလ်လန် နဲ့ ပွဲမှာ လူငယ်ကစားသမားတွေ အများစု အသုံးပြုသွားရန် ရည်ရွယ်ထားတဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က မစ်ဂျဲလ်လန်နဲ့ ပွဲမှာ လူငယ်ကစားသမားအများစုကိုသာ အသုံးပြုသွားမယ်လို့ ပြောသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ အုပ်စု (D) အတွင်း ထိပ်ဆုံးနေရာမှာ သေချာနေတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ကစားမယ့်ပွဲမှာ လူငယ်ကစားသမားအများစုအသုံးပြုမလားလို့ မေးမြန်းခဲ့ရာ ကလော့ပ်က “ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ အခုထိတော့ မဆုံးဖြတ်ရသေးပါဘူး။

လူငယ်တွေအတွက်အခွင့်အရေးရမှာပါ။ အရေးအကြီးဆုံးက နောက်တစ်ဆင့်ကို တက်ရောက်ဖို့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့်ပွဲက တစ်ကယ်ကို ကောင်းပါတယ်။ နောက်ပွဲတွေက နောက်လာမယ့် (၃) ရက်စီမှာကစားရမှာဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ဖူလ်ဟမ်အသင်းနဲ့ အဲ့ဒီနောက် ဗုဒ္ဓဟူးနေ့မှာ စပါးအသင်း၊ စနေနေ့မှာ ခရစ္စတယ်ပဲလေ့စ်အသင်းတို့တွေနဲ့ ဖြစ်ပါတယ်။ ဒါက (၁၀) ရက်အတွင်း (၄) ပွဲဖြစ်သွားတယ်လို့ ဆိုလိုပါတယ်။ အဲ့ဒါက ကြီးမားပြီး ကျွန်တော်တို့ စဉ်းစားရမယ့် အရာ ဖြစ်ပါတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

မစ္ဂ်ဲလ္လန္ နဲ႔ ပြဲမွာ လူငယ္ကစားသမားေတြ အမ်ားစု အသံုးျပဳသြားရန္ ရည္ရြယ္ထားတဲ့ လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္

လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္က မစ္ဂ်ဲလ္လန္နဲ႔ ပြဲမွာ လူငယ္ကစားသမားအမ်ားစုကိုသာ အသံုးျပဳသြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ အုပ္စု (D) အတြင္း ထိပ္ဆံုးေနရာမွာ ေသခ်ာေနတာျဖစ္ပါတယ္။ ဗုဒၶဟူးေန႔ကစားမယ့္ပြဲမွာ လူငယ္ကစားသမားအမ်ားစုအသံုးျပဳမလားလို႔ ေမးျမန္းခဲ့ရာ ကေလာ့ပ္က “ ကၽြန္ေတာ္တို႔ ေစာင့္ၾကည့္ရပါမယ္။ အခုထိေတာ့ မဆံုးျဖတ္ရေသးပါဘူး။

လူငယ္ေတြအတြက္အခြင့္အေရးရမွာပါ။ အေရးအႀကီးဆံုးက ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔ျဖစ္ပါတယ္။ ဗုဒၶဟူးေန႔မွာ ကစားရမယ့္ပြဲက တစ္ကယ္ကို ေကာင္းပါတယ္။ ေနာက္ပြဲေတြက ေနာက္လာမယ့္ (၃) ရက္စီမွာကစားရမွာျဖစ္ပါတယ္။

တနဂၤေႏြေန႔မွာ ဖူလ္ဟမ္အသင္းနဲ႔ အဲ့ဒီေနာက္ ဗုဒၶဟူးေန႔မွာ စပါးအသင္း၊ စေနေန႔မွာ ခရစၥတယ္ပဲေလ့စ္အသင္းတို႔ေတြနဲ႔ ျဖစ္ပါတယ္။ ဒါက (၁၀) ရက္အတြင္း (၄) ပြဲျဖစ္သြားတယ္လို႔ ဆိုလိုပါတယ္။ အဲ့ဒါက ႀကီးမားၿပီး ကၽြန္ေတာ္တို႔ စဥ္းစားရမယ့္ အရာ ျဖစ္ပါတယ္” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။